အောင်ဆန်းကွင်းကို မြေအောက်ဥမင်လမ်းထည့်သွင်း အဆင့်မြှင့်ရန် စစ်ခေါင်းဆောင်ပြေကြား



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


unicode

အောင်ဆန်းအားကစားကွင်းကို မြေအောက်လမ်းကူး လူသွားဥမင်တွေနဲ့ ခုံးကျော်တံတားတွေ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီပွဲတွေ ကျင်းပနိုင်ရေးအတွက် ပြန်လည်အဆင့်မြှင့်တင်တည်ဆောက်ဖို့ အာဏာသိမ်း သောင်းကျန်းသူစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ဝင်းနဲ့ ကျိုက္ကဆံအားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးစဉ်မှာ ခုလိုပြောကြားလိုက်တာဖြစ်သည်။

အောင်ဆန်းအားကစားဝင်အား ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ရာမှာ နိုင်ငံတကာအဆင့်မီပွဲတွေ ကျင်းပနိုင်ရေး ထည့်သွင်း စဉ်းစား ဆောင်ရွက်ကြဖို့၊ ယာဉ်တွေ ရပ်နားရန်အတွက်နေရာတွေ၊ ပရိတ်သတ် ဝင်ထွက်သွားလာမှု အဆင်ပြေ စေရေးအတွက် ခုံးကျော်တံတားတွေနဲ့ မြေအောက်လမ်းကူး လူသွားဥမင်တွေ၊ ဘတ်စ်ကား မှတ်တိုင်တွေ ထည့်သွင်း တည်ဆောက်ဖို့ စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

Add a Comment

Your email address will not be published.