ကလေးမလိုချင် လို့ သံစပရင်ချောင်း ကိုယ်တိုင်ထည့်ရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာခဲ့တဲ့ အမျိုးသမီး ရဲ့ အဖြစ်
ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့
ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့
unicode
တရုတ်နိုင်ငံက ကလေး ၃ ယောက်မိခင် အမျိုးသမီးတစ်ဦးဟာ ကလေးထပ်မလိုချင်တော့တဲ့အတွက် သံစပရင်(စပလိန်)ချောင်း တစ်ချောင်းကို သူမရဲ့ အမျိုးသမီးအင်္ဂါထဲ လွန်ခဲ့တဲ့ ၆ လခန့်က ကိုယ်တိုင်ထည့်ခဲ့တာပါ။
စပရင်ချောင်းဟာ သန္ဓေတားတဲ့ ပစ္စည်းကရိယာတစ်ခုလိုမျိုး ကလေးမရနိုင်အောင် တားပေးနိုင်တယ်လို့ သူ့အထင်နဲ့သူ လုပ်ခဲ့တာပါတဲ့။ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးဟာ သူမထင်သလို ဖြစ်မလာပဲ
နောက်ထပ် ကိုယ်ဝန်ရလာခဲ့ပြန်တာပါ။Intrauterine device (IUD) ဆိုတဲ့ ကရိယာလေးဟာ T ပုံသဏ္ဍန်ရှိပြီးတော့ ပလပ်စတစ်၊ ကြေးနီတို့နဲ့ ပြုလုပ်ထားတာပ့။ အဲဒီအရာလေးကို အမျိုးသမီးရဲ့ သားအိမ်ထဲကို ထည့်ထားတဲ့အခါ
ကြေးနီကြောင့် ကိုယ်ဝန်မရနိုင်အောင် တားဆီးပေးတာပါ။အမျိုးသမီးက ၂ လက္မလောက်ရှည်တဲ့ သံစပရင်ချောင်း တစ်ချောင်းကို အလုပ်ရုံမှာ ကောက်ရပြီးနောက် သူမရဲ့ မိန်းမအင်္ဂါထဲထည့်ထားရင် IUD device လိုပဲ အလုပ်လုပ်လိမ့်မယ်လို့
ထင်မှတ်မှားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့နေရင် သူမရဲ့ ကိုယ်ဝန် ၅ လ လောက်ရှိတော့မှ ကိုယ်ဝန်ရှိနေတာ သိသွားပြီး မင်ကျုံးဆေးရုံကို ရောက်လာခဲ့ပါတယ်နော်။ အဲဒီနောက်မှာ ဆရာဝန်ကို ကိုယ်ဝန်ဖျက်ချပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ကျွန်တော်တို့ သူ့ကို စစ်ဆေးကြည့်တဲ့အခါ အမျိုးသမီးအင်္ဂါနဲ့ သားအိမ်ခေါင်းကြားထဲမှာ အကွင်းအကွင်းလေးတွေ သွားတွေ့တယ်” လို့ ဆရာဝန်ဖြစ်သူက ဆိုပါတယ်။“သေချာစစ်ဆေးကြည့်တော့မှ စပရင်ဖြစ်နေတာကိုသိရတယ်၊
အမျိုးသမီးအင်္ဂါရဲ့ တစ်ရှုးအသားစတွေနဲ့တောင် အမြစ်တွယ်နေပြီ” လို့ ပြောပါတယ်နော်။ဆရာဝန်တွေဟာ စပရင်ကို တစ်ခါထဲ ပြန်ဆွဲထုတ်လို့မရတာကြောင့် ပလာယာသုံးပြီး အပိုင်းအပိုင်းသေးသေးလေးတွေဖြစ်အောင် ဖြတ်ပြီးမှ မိနစ် ၄၀ ကြာအောင်
ဖယ်ရှားခဲ့ရတာပါ။ အမျိုးသမီးဟာ သံစပရင်ကြောင့် ရောဂါပိုးဝင်တာတွေ တစ်ရှုးပျက်ဆီးတာတွေ မရှိခဲ့ဘူးလို့ သိရပါတယ်နော်။ဒါပေမယ့် အမျိုးသမီးရဲ့ ကိုယ်ဝန်ကို ဆရာဝန်တွေ ဖျက်ချပေးလိုက်လား၊ မဖျက်ချခိုင်းခဲ့ဘူးလားဆိုတာကိုတော့ ရှင်းလင်းစွာ မသိရှိရသေးပါဘူးတဲ့။Credit
Add a Comment
Your email address will not be published.