ချစ်တဲ့ ပရိသတ်တွေကို သီတင်းကျွတ်ကာလအချိန်အခါမှာ ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ နော်ဖောအယ်ထား

ပရိသတ်ကြီးရေ….မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာလောကထဲကိုမော်ဒယ်တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး အနုပညာအလုပ်တွေမလုပ်ခင်အချိန်တည်းက MUFLရဲ့ queenလေးတစ်ယောက်အနေနဲ့ ပရိသတ်တွေအားပေးမှုရရှိထားတာပါ။ နော်ဖောဟာ ကြော်ငြာတွေ၊music videoတွေအပြင် ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နော်ဖောအယ်ထားဟာ အနုပညာလောကမှာ အချိန်တိုအတွင်း နေရာတစ်ခုကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပြီး ပျောက်ဆုံးနေသောအမှန်တရားဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာလည်း သုဒြာအဖြစ်ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ နော်ဖောဟာ အနုပညာလှုပ်ရှားမှုကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာလည်းဖြစ်ပြီး မကြာသေးမီကလည်း ကမ္ဘာ့နိုင်ငံအနှံ့အပြားအသီးသီးမှ အနုပညာရှင်တွေနဲ့အတူ ရင်ပေါင်တန်းပြီး အလှဆုံးစာရင်းထဲမှာ ဆန်ခါတင်ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နော်ဖောဟာ မကြာခဏဆိုသလိုလည်း သူမရဲ့ ချစ်စရာပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ “ဝါလကင်းလွတ်သီတင်းကျွတ်ကာလအချိန်အခါမှာ
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတွေနဲ့ တလုံးတဝတည်း ပြီးပြည့်စုံကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…✨” ဆိုတဲ့ captionလေးနဲ့အတူ ပုံလေးတွေတင်ပေးလာခဲ့ပါတယ်။ ကဲ……ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source& photo credit-Naw Phaw Eh Htar’s Facebook page

Add a Comment

Your email address will not be published.