ပရိတ်တွေ အချစ်ပိုသွားစေမယ့် ပုံလေးတွေ တင်ပေးလိုက်တဲ့ စိုးပြည်သဇင်


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


Source:Soe Pyae Thazin;

unicode

အကယ်ဒမီ သရုပ်ဆောင်မင်းသမီးလေး စိုးပြည့်သဇင်ကတော့ အနေအထိုင် ယဉ်ကျေးသိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးတစ်ယောက် ဖြစ်ပါတယ်။ ” မိုးညအိပ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိခဲ့တဲ့ စိုးပြည့်က လတ်တလောမှာတော့ အနုပညာအလုပ်တွေထက် ပိုးထည်ဆိုင်လေးကို ဦးစားပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးတာ နည်းနေတဲ့ စိုးပြည့်ကိုတော့ ပရိသတ်တွေကို သတိတရရှိနေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စိုးပြည့်က မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားသစ်ကြီးနဲ့ သူမကို မြင်တွေ့ရတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလိုက်ပါတယ်။ စိုးပြည့်က ဒါရိုက်တာ စတီးရိုက်ကူးမယ့် ” စာအုပ်ကြီးရဲ့ စီရင်ချက် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းသမီးတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ မြန်မာဝတ်စုံလေးတွေကို နှစ်သက်မြတ်နိုးစွာ ဝတ်ဆင်တတ်တဲ့ စိုးပြည့်က အခုလည်း မြန်မာဆန်ဆန် တစ်မျိုးလေးလှလို့ နေပါတယ်။

ကာဝန်လေးနဲ့ ချစ်စရာကောင်းနေတဲ့ စိုးပြည့်လေးကိုတော့ ပုံတွေကို မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး စိုးပြည့်သဇင်ရဲ့ မြန်မာဆန်တဲ့ အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Soe Pyae Thazin;

Add a Comment

Your email address will not be published.