တောထဲရောက်နေ တဲ့ ကျောင်းသားခေါင်းဆောင် မင်းဟန်ထက်ပြောပြ တဲ့ တော်လှန်ရေးအကြောင်း

တော်လှန်ရေးဆိုတာမှာ လူ‌ဟောင်း၊ စနစ်‌ဟောင်းကို လူသစ်၊ စနစ်သစ်နဲ့ အစားထိုးဖို့ပါပဲ၊ ဒီနေရာမှာ ပဋိပက္ခပြုရခြင်းဟာလည်း တော်လှန်ရေးရဲ့ ရွေးချယ်စရာ အစိတ်အပိုင်းတစ်ခုဖြစ်လာပါတယ်။ ဒါကြောင့်ပဲ လက်နက်ကိုင်တော်လှန်ရေးဆီကို စနစ်နဲ့ တွန်းပို့မှုကြောင့် ရောက်ခဲ့ကြတယ်

လက်နက်ကိုင်တော်လှန်ရေးဟာ နိုင်ငံရေးဦးဆောင်မှုရှိဖို့၊ နိုင်ငံရေးသဘောတရားရေးရာနဲ့ စစ်ရေးပေါင်းစပ်နိုင်ဖို့က အရေးကြီးတယ်လို့မြင်ပါတယ်။ နိုင်ငံရေးသဘောတရားရေးရာ၊ နိုင်ငံရေးဦးဆောင်မှု နဲ့ နိုင်ငံရေးရပ်တည်ချက်မခိုင်မာတဲ့ လက်နက်ကိုင်စုဖွဲ့မှုဟာ အန္တရာယ်များပါတယ်။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ နိုင်ငံရေးဦးဆောင်မှုပြုဖို့နဲ့ နိုင်ငံရေးသဘောတရားရေးရာ စဉ်ဆက်မပြတ်လေ့လာ ဖြည့်စည်းဖို့ လိုပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နိုင်ငံရေးဦးဆောင်မှုမရှိဘဲ တော်လှန်ရေးအလွန်ကာလကိုရောက်လာခဲ့ရင် သိပ်ကြီးမားကျယ်ပြန့်တဲ့ ပြဿနာတွေတက်နိုင်တယ်၊ နိုင်ငံရေးဦးဆောင်မှုမရှိတဲ့ လက်နက်ကိုင်စုဖွဲ့မှုများကနေ စစ်ဘောင်ကျယ်လာမှာပါပဲ၊ စစ်ဘောင်ကျယ်လာတဲ့အခါ နိုင်ငံရေးဘောင်ကျဉ်းသွားမှာပဲ၊ စစ်ဘောင်ကျယ်လာရခြင်းရဲ့ ဆိုးကျိုးတွေကို ကျနော်တို့ လက်ရှိခံစားနေရရုံနဲ့တင် မြင်နိုင်ပါတယ်

နိုင်ငံရေးဦးဆောင်မှုရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး စုဖွဲ့မှုများကို မျှော်ရည်ပါတယ်ခင်ဗျာ…

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Add a Comment

Your email address will not be published.