မြန်မာစကားကို မပီကလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့ ဆုတောင်းပေးနေတဲ့ တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ရဲ့ ဗီဒီယိုဖိုင်

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Lee Seo Ho ဟာဆိုရင် တိုင်းတစ်ပါးမှာရှိနေပေမယ့် မြန်မာလူမျိုးတွေနဲ့ တစ်သားတည်းရပ်တည်ပေးနေတဲ့ တောင်ကိုရီးယားလူမျိုး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

Lee Seo Ho ဟာ မြန်မာပြည်အတွက် ရန်ပုံငွေအလှူခံပွဲတွေမှာ ပါဝင်ပေးခဲ့ရုံမက မြန်မာလူမျိုးတွေကို စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့ အမျိုးမျိုး ကြိုးစားပေးနေတဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာလည်း သူက မြန်မာစကားကို လေ့လာထားတာကြောင့် မြန်မာလိုလေး မပီပလာ ပီကလာလေးပြောရင်း ဘေးကင်းလုံခြုံဖို့အတွက် ဆုတောင်းပေးထားတာဖြစ်ပါတယ်။ ဗီဒီယိုလေးကို အောက်မှာဝင်ကြည့်သွားနိုင်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီဗီဒီယိုလေးက Lee Seo Ho အချိန်မအားတဲ့ကြားကနေ မြန်မာပြည်သူတွေအတွက် ရအောင် ရိုက်ကူးပေးထားတဲ့ ဗီဒီယိုလေးဖြစ်ပြီး လက်သုံးချောင်ထောင်ကာ သေသေချာချာ ဓာတ်ပုံလေးတွေပါ ရိုက်တင်ချင်ပေမယ့် အချိန်မအားတာကြောင့် မရိုက်ဖြစ်ဘဲ အခုလို ဗီဒီယိုလေးပဲ တင်ဖြစ်တာလို့ သိရပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Lee Seo Ho’s Facebook

Add a Comment

Your email address will not be published.