အင်တာဗျူးမှာ မအလရဲ့မိန်းမကို မမကြူဟုခေါ်ခဲ့ သူ အဖြူရောင်အနုပညာရှင်ဟု ဆိုသူ ဒေါ်နွဲ့နွဲ့စန်း၏ ကြော်ငြာရုပ်ပုံဖယ်ရှားခံရ

စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဌာနက ပြုလုပ်ပေးသည့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို တက်ရောက်ခဲ့သည့် သက်ကြီးသရုပ်ဆောင် ဒေါ်နွဲ့နွဲ့စန်းပါဝင်ထားသည့် ကြော်ငြာရုပ်ပုံ ဖယ်ရှားခံလိုက်ရကြောင်း သိရသည်။ အဆိုပါကြော်ငြာမှာ Strategy First

ကျောင်း၏ Waso Learn Mobile Application ကြော်ငြာဖြစ်ပြီး ယမန်နေ့က စစ်ကောင်စီလက်အောက်ခံ သတင်းစာတွင် ဖြေကြားထားသည့် ဒေါ်နွဲ့နွဲ့စန်း၏အင်တာဗျူးအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် တခြားသော အနုပညာရှင်များနှင့်အတူ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ရိုက်ကူးထားသည့်ဓာတ်ပုံထဲမှ ၎င်း၏ပုံအား ဖယ်ရှားခံလိုက်ရခြင်း ဖြစ်သည်။ ဧရာဝတီက Waso Learn Mobile Application ကို ဆက်သွယ်မေးမြန်းခဲ့ရာ “ကျနော်တို့ ပြောခွင့်မရှိပါဘူး။ အသေးစိတ်ကို Page ကနေပဲ ကြေညာပေးပါမယ်” ဟု ပြောသည်။

ဒေါ်နွဲ့နွဲ့စန်းက ၎င်းမှာ အဖြူရောင်အနုပညာရှင် တစ်ဦးဖြစ်ကြောင်း၊ အနုပညာရှင်သည် အနုပညာရှင်နေရာတွင် နေရမည်ဖြစ်ကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဇနီးဖြစ်သူအား မမကြူဟုခေါ်ဝေါ်ကာ ကျေးဇူးတင်စကား

ပြောခဲ့ခြင်းများစသည်ဖြင့် အင်တာဗျူးတွင် ပြောဆိုထားသည်။ အဆိုပါ ပြောစကားများအပေါ် ပြည်သူလူထုနှင့် အနုပညာအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုခဲ့ကြသလို မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲသို့ တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များလည်း ဝေဖန်ခံခဲ့ရသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒေါ်နွဲ့နွဲ့စန်းကဲ့သို့ပင် စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် ပြည်သူများနှင့်အတူ ရပ်တည်မှုမရှိသော ဖြူဖြူထွေး၊ စိုင်းစိုင်းခမ်းလှိုင်၊ နေခြည်ဦး စသည့် နာမည်ကြီး သရုပ်ဆောင်များကိုလည်း သပိတ်မှောက်ရန် တို.က်.တွ.န်းမှုများကြောင့် ကုမ္ပဏီများက

၎င်းတို့၏ ကုန်ပစ္စည်းကြော်ငြာများတွင် ထည့်သွင်းကြော်ငြာတော့မည် မဟုတ်ကြောင်း၊ ပြည်သူများ မကြိုက်နှစ်သက်သည့် အနုပညာရှင်များနှင့် လက်တွဲအလုပ်လုပ်သွားမည် မဟုတ်ကြောင်း စသည်ဖြင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ကြရသည်။

Add a Comment

Your email address will not be published.