ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ့် ကိစ္စအပေါ် စိတ်မကောင်းစွာ ပြောပြလာတဲ့ ဒါရိုက်တာ သည်ခေတ်နေရဲ့ စကားတစ်ခွန်း

မတရားမှုကို လက်မခံတဲ့ တော်လှန်ရေး အရေးတော်ပုံကြီးအတွက် ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း သူတို့ရဲ့ အောင်မြင်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုတွေကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်နေကြတာ တွေ့ရပါတယ်။ အခက်အခဲတွေ အမျိုးမျိုးကြားက မိသားစုလိုက်

လွတ်မြောက်နယ်မြေကို ရောက်ရှိနေတဲ့သူတွေရှိသလို နှောင်ကြိုးတွေကို နောက်ဆံတင်းစွာထားခဲ့ပြီး အများအကျိုးအတွက် ကြိုးစားနေကြတဲ့ အနုပညာရှင်တွေလည်း ရှိနေကြပါတယ်။ ချီးကျူးစရာ ကောင်းလောက်အောင် ကျရာတာဝန်ကိုထမ်းကာ လွတ်မြောက်နယ်မြေကို

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ရောက်ရှိနေကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေလည်း အပါအဝင်ပါပဲ။ ဇာတ်ကားကောင်းတွေ တော်တော်များများ ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ ဖေဖော်ဝါရီလ အစပိုင်းကတည်းက တော်လှန်ရေး အရေးတော်ပုံကြီးမှာ အားကြိုး

မာန်တက် ပါဝင်နေသူပါ။ အမှန်တရားဘက်ကနေ ရပ်တည်ပြီး အာဏာရှင်ကို ရဲဝင့်စွာ ဆန့်ကျင်ခဲ့တာကြောင့် ၅၀၅ (က) ဖြင့် အမှုဖွင့်အရေးယူခံထားရတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာ သည်ခေတ်နေကလည်း အပါအဝင်ပါပဲ ဖြစ်ပါတယ်။ ရှောင်တိမ်းနေရပေမယ့်လည်း

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး အမှန်တရားတွေကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် အမြဲမျှဝေပေးလေ့ရှိပါတယ်။ အခုလည်း ရုပ်ရှင်ရုံတတွေကို ကိုဗစ်စည်းကမ်းချက်နဲ့အညီ ပြန်ဖွင့်နိုင်အောင် စီစဉ်နေတယ်လို့ စစ်ကောင်စီခန့်အပ်ဝန်ကြီးက

ထုတ်ပြန်ပြောကြားထားပါတယ်။ ဒါကြောင့် ရုပ်ရှင်ရုံတွေ ပြန်ဖွင့်တော့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သည်ခေတ်နေက ရုပ်ရှင်နဲ့အဝေးကြီးရောက်သွားသူတွေအတွက် အဝေးကနေ လွမ်းနေရုံပဲဆိုပြီး စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ လေးစားစွာဖြင့် ခရက်ဒစ်.

Add a Comment

Your email address will not be published.