နေရင်းထိုင်ရင်း အမဲရောင် အနုပညာရှင်ဖြစ်သွား တာ မို့ မကျေမနပ်ဖြစ်နေ တဲ့ ဟာသသရုပ်ဆောင် ဦးငှက်ပျော်ကြော်…

သူကတော့ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ငှက်ပျောကြော်က သရုပ်ဆောင် တော်သလို ဟာသဉာဏ်လည်းရွှင်ပြီး သူ့ရဲ့ပြက်လုံးတွေနဲ့ ပရိသတ်တွေကို တင်ဆက်ပေးတတ်တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရုပ်ရှင်အစည်းအရုံးကကိုအမဲရောင် အနုပညာရှင်စာရင်းထဲ ထည့်ခဲ့တာကြောင့် သူရဲ့စိတ်ခံစားချက်အချို့ကို ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ အနုပညာရှင်တွေများစွာကတော့ အမှန်တရားဘက်ကနေ ရပ်တည်နေပြီး ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။နွေဦးတော်လှန်ရေးအတွင်း ပါဝင်ခဲ့တာကြောင့် နာမည်ကြီး အနုပညာရှင်တချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သရုပ်ဆောင် ပြေတီဦး၊ အူဝဲရဲတိုက်၊ ပိုင်တံခွန်၊ ပိုပိုတို့ဟာလည်း ဖမ်းဆီးခံခဲ့ရပြီး ပြည်သူတွေကတော့ အဆိုပါ ထိန်းသိမ်းခံခဲ့ရတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ အချို့ အနုပညာရှင်တွေကတော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပါတယ်။

မကြာမှီ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက်၊ အချို့အနုပညာရှင်တွေကတော့ အားပေးထောက်ခံခဲ့ကြပေမယ့် အခြားအနုပညာရှင်တွေကတော့ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ ငြင်းဆိုခဲ့တဲ့အနုပညာရှင်တွေထဲမှာ ငှက်ပျောကြော် တစ်ဉီးလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ပျောကြော်ကို အမဲရောင် အနုပညာရှင် စာရင်းထဲထည့်ခဲ့ကြပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကြမယ် နေရင်ထိုင်ရင်း အမဲရောင်အနုပညာရှင်ဖြစ်ရလေတယ်ကွာ သားသားကြိုက်ကြိုက်လို့ ငှက်ပျောကြော်က သူ့ရဲ့ဖေ့ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။ ကဲပရိသတ်ကြီးရေ အမဲရောင် အနုပညာရှင်ဖြစ်သွားတဲ့ ဟာသသရုပ်ဆောင် ငှက်ပျောကြော်ကို ဆက်အားပေးကြမယ်ဆိုရင် ကောမန့်မှာစာလေးတွေ ချန်ထားခဲ့အုန်းနော်။

Add a Comment

Your email address will not be published.