ေရေႏြး ပူျဖင့္ေလာင္းခဲ့ သည့္ စမ္းေခ်ာင္း က အမ်ိဳးသမီးငါးဦး ျပန္လြတ္ၿပီ

ဆႏၵျပမႈမ်ားကို ၿဖိဳခြင္းခဲ့သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေရေႏြးပူျဖင့္ တိုက္ေပၚမွ ေလာင္းခ်ခဲ့သည့္ အမ်ိဳးသမီး ၅ဦးမွာ ယေန႔ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေ႐ွ႕ေန ဦးသက္ေနာင္ရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။

ၿပီးခဲ့သည့္မတ္လပိုင္းအတြင္းက စမ္းေခ်ာင္းၿမိဳ႕နယ္အတြင္းမွာ ဆႏၵျပမႈမ်ားအား ၿဖိဳခြင္း ခဲ့စဥ္က အမ်ိဳးသမီး ၅ဦးသည္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို တိုက္ေပၚမွေန၍ ေရေႏြးပူျဖင့္ ေလာင္းခ်ခဲ့သည့္အတြက္ ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

“စမ္းေခ်ာင္းက ေရေႏြးသူရဲေကာင္းမေလးေတြ ထြက္လာပါၿပီ”လို႔ ၎တို႔ရဲ႕အမႈကို လိုက္ပ ါေဆာင္႐ြက္ေပးသည့္ တရားလႊတ္ေတာ္ေ႐ွ႕ေန ဦးသက္ေနာင္က ၎ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ထိုသို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို တိုက္ေပၚမွ ေရေႏြးပူျဖင့္ေလာင္းခဲ့သည့္ စမ္းေခ်ာင္းမွ အမ်ိဳးသမီး ၅ဦးမွာ မအိအိေအာင္၊ မခင္ႏွင္းဦး၊ မယုယုဝင္း၊ မေဒလီေအာင္နဲ႔ မစႏၵာမိုးတို႔ျဖစ္ကာ ၎တို႔သည္ အင္းစိန္ေထာင္ရဲ႕ အမ်ိဳးသမီးအခ်ဳပ္ေဆာင္ ၃မွာ ေနထိုင္ခဲ့ၾကရတာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၈ရက္ေန႔ကစၿပီး ဆႏၵျပရာမွာ ပါဝင္ခဲ့ၿပီး ဖမ္းဆီးထိန္းသိမ္း ခံထားရသည့္ တိုင္းနဲ႔ျပည္နယ္အသီးသီး႐ွိ အက်ဥ္းေထာင္မ်ားမွ အက်ဥ္းသူ/ အက်ဥ္းသားနဲ႔ တရားရင္ဆိုင္ေနရသူ ၅၀၀၀ေက်ာ္ကို လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ အမႈပိတ္သိမ္းကာ ျပန္လႊတ္ေပးလ်က္႐ွိတာျဖစ္ပါတယ္။

unicode

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဆန္ဒပြမှုများကို ဖြိုခွင်းခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရေနွေးပူဖြင့် တိုက်ပေါ်မှ လောင်းချခဲ့သည့် အမျိုးသမီး ၅ဦးမှာ ယနေ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ပြီးခဲ့သည့်မတ်လပိုင်းအတွင်းက စမ်းချောင်းမြို့နယ်အတွင်းမှာ ဆန္ဒပြမှုများအား ဖြိုခွင်း ခဲ့စဉ်က အမျိုးသမီး ၅ဦးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှနေ၍ ရေနွေးပူဖြင့် လောင်းချခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

“စမ်းချောင်းက ရေနွေးသူရဲကောင်းမလေးတွေ ထွက်လာပါပြီ”လို့ ၎င်းတို့ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်နောင်က ၎င်းရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ပေါ်မှ ရေနွေးပူဖြင့်လောင်းခဲ့သည့် စမ်းချောင်းမှ အမျိုးသမီး ၅ဦးမှာ မအိအိအောင်၊ မခင်နှင်းဦး၊ မယုယုဝင်း၊ မဒေလီအောင်နဲ့ မစန္ဒာမိုးတို့ဖြစ်ကာ ၎င်းတို့သည် အင်းစိန်ထောင်ရဲ့ အမျိုးသမီးအချုပ်ဆောင် ၃မှာ နေထိုင်ခဲ့ကြရတာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ရက်နေ့ကစပြီး ဆန္ဒပြရာမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် တိုင်းနဲ့ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်များမှ အကျဉ်းသူ/ အကျဉ်းသားနဲ့ တရားရင်ဆိုင်နေရသူ ၅၀၀၀ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးလျက်ရှိတာဖြစ်ပါတယ်။

Add a Comment

Your email address will not be published.