အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက် လာ တဲ့ ပြည်သူတစ်ဦးရဲ့အင်္ကျီပေါ်မှာ အမှတ် တ ရလက်မှတ်ရေးထိုး ပေးလိုက်တဲ့ ပိုင်တံခွန်

ပရိသတ်တွေကို ချစ်တတ်လိုက်တာ … လက်မှတ်ရတဲ့ အကိုတော့ ဘယ်လောက်တောင်ပျော်နေမလဲမသိဘူး….

သရုပ်ဆောင် မင်းသားချောပိုင်တံခွန် ကတော့ အနေအထိုင်အေးဆေးပြီး အရွယ်နဲ့မလိုက်အောင် တည်ငြိမ်သူတစ်ယောက် ဖြစ်တာကြောင့် မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာက ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ရရှိထားတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီး စတင်ထဲက အားကြိုးမာန်တတ်နဲ့လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်းရှေ့ကနေ ကာကွယ်စောင့်ရှောက်ပေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အခုလက်ရှိမှာတော့ ပိုင်တံခွန်က နွေဦးတော်လှန်ရေးမှာ စိတ်ရောကိုယ်ပါနှစ်ပြီး ပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာလည်းဖြစ်ပါတယ်။ အခုဆိုရင် ဖမ်းဆီးချုပ်နှောင်ခံထားရတာ (၆)လ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နေ့က ပုဒ်မ (၅၀၅ က)နဲ့ အမှုဖွင့်ခံရတဲ့ အနုပညာရှင်တချို့ကို အမှုပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အတွက်လည်း လူတော်တော်များများက ဝမ်းသာပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ သိုပေမယ့်ပြန်လွတ်တဲ့အချိန်မှာ ထောင်ထဲကနာမည်ကြီးအနုပညာရှင်တွေမပါဝင်ခဲ့ဘဲ ဖမ်းဝရမ်းထုတ်ထားတဲ့ အနုပညာရှင်အချို့သာ အမှု ပိတ်သိမ်းပေးခဲ့ဖြစ်ပါတယ်။ ပရိသတ်တွေကလည်းပိုင်တံခွန်အမြန်ဆုံးပြန်လွတ်ဖို့မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အခုလည်း ပိုင်တံခွန်က အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ပြည်သူတစ်ဦးရဲ့အင်္ကျီပေါ်မှာ အမှတ်တရ အနေနဲ့သူ့ရဲ့ လက်မှတ်ကို ရေးထိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပုံလေးကိုမြင်ပြီး တကယ်ကို လေးစားမိပါတယ်။ ဖမ်းဆီးချုပ်ခံထားတဲ့နေရာကနေ ရေးထိုးပေးလိုက်တဲ့ ပိုင်တံခွန်ရဲ့ လက်မှတ်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit :Paing Takhon’s Facebook

Add a Comment

Your email address will not be published.