ဘေးကင်းရာမှာ (၇)လလောက်ပုန်းခိုခဲ့ရတဲ့ သူမကို အစ်ကိုဖြစ်သူမှ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အူတက်ရယ်မောခဲ့ရတဲ့ ခေးဆက်သွင်




unicode

MRTV-4ဇာတ်လမ်းတွဲလေးတွေကနေ ပရိသတ်အားပေးမှုတွေရလာပြီး အောင်မြင်ခဲ့တဲ့ မင်းသမီးချောလေးကတော့ ခေးဆက်သွင်ပဲဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ယောက်ျားလေးပရိသတ်အားပေးမှုတွေအများဆုံးရထားတာဖြစ်ပါတယ်။ဒါကြောင့်ခုလက်ရှိမှာ မြန်မာနိုင်ငံရဲ့အအောင်မြင်သူတွေထဲကတစ်ယောက်အ​ဖြစ်ရပ်တည်နေနိုင်တာပါ။

သူမဟာ ဖေဖော်ဝါရီ(၁)ရက်နေ့အာဏာသိမ်းလိုက်ကတည်းက ပြည်သူနဲ့တူတူရပ်တည်ပြီးညဆန့်ကျင်ဆန္ဒပြနေခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံရပြီး ထွက်ပြေးနေခဲ့ရတာပါ။ပြေးခဲ့တဲ့အချိန်ကလည်း လအတော်ကြာဆိုတော့ပရိသတ်တွေကစိတ်ပူနေခဲ့ရတာပါ။ခုမှာတော့ သူချစ်တဲ့သူတွေ သူ့ပရိသတ်တွေအတွက် ဝမ်းသာစရာသတင်းလေးနဲ့ရောက်ရှိလို့လာခဲ့ပါပြီ။

သူမဟာ ထွက်ပြေးပုန်းရှောင်နေခဲ့ရာမှ မကြာမီရက်ပိုင်းအတွင်း ဖမ်းဝရမ်းထုတ်ခံရာမှ လွတ်မြောက်ခဲ့ပါတယ်။ဒါကြောင့်သူမရဲ့အိမ်မှာ သူမချစ်ရတဲ့သူတွေနဲ့တူတူပြန်နေနိုင်တော့မှာဖြစ်ပါတယ်။ပရိသတ်တွေကလည်း အဆိုပါသတင်းကြောင့် ပျော်ရွှင်နေရတာပါ။ဒါကြောင့် သူမရဲ့အနုပညာလေးတွေကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေကလည်း မကြာခင်မှာ အရင်လိုအားပေးနိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။

Add a Comment

Your email address will not be published. Required fields are marked *