ဒီကေန႔မနက္ (၈)နာရီခန္႔မွာ ခ်စ္ရတဲ့ မိသားစုနဲ႔ သူငယ္ခ်င္းေတြကို အၿပီးတိုင္ခြဲခြာသြားၿပီျဖစ္တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေက်ာ္စိုး…

ဒီကေန႔မနက္ (၈)နာရီခန္႔မွာ ခ်စ္ရတဲ့ မိသားစုနဲ႔ သူငယ္ခ်င္းေတြကို အၿပီးတိုင္ခြဲခြာသြားၿပီျဖစ္တဲ့ ဇာတ္ပို႔သ႐ုပ္ေဆာင္ ေက်ာ္စိုး…ဇာတ္ပို႔ သ႐ုပ္ေဆာင္ ကိုေက်ာ္စိုးဟာ ဒီကေန႔ ေအာက္တိုဘာလ ၂၂ ရက္ေန႔ မနက္ ၈ နာရီအခ်ိန္ခန္႔က ဆုံးပါသြားခဲ့ၿပီလို႔ သိရပါတယ္။ ကြယ္လြန္ခဲ့တဲ့သတင္းက အႀကိမ္ေပါင္းမ်ားစြာ ခဏခဏ ထြက္ခဲ့ေပမယ့္ အခုတစ္ေခါက္မွာေတာ့ တကယ္ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္းကို နီးစပ္ရာ မိသားစုဝင္ေတြ အႏုပညာ႐ွင္ေတြက အတည္ျပဳေပးလိုက္ၾကပါၿပီ။

ဒီသတင္းကို သူငယ္ခ်င္းျဖစ္သူ သ႐ုပ္ေဆာင္ ဘိုဘိုက စတင္အတည္ျပဳေပးခဲ့တာျဖစ္ၿပီး “သ႐ုပ္ေဆာင္ ကိုေက်ာ္စိုး ဒီေန႔မနက္ ၈ နာရီကဆုံးသြားပါၿပီ။ သူ႕ညီမေလးက သူငယ္ခ်င္းေတြသိေအာင္ တင္ခိုင္းလို႔ပါ။ သူငယ္ခ်င္းတို႔ေရ ဒီတခါေတာ့ ကိုေက်ာ္စိုး ငါတို႔ကို ႏႈတ္မဆက္ဘဲ တကယ္ထြက္သြားပါၿပီ။ ေတြ႕တဲ့သူတိုင္း ေပ်ာ္ေအာင္ထားတဲ့ ကိုေက်ာ္စိုး ေကာင္းရာဘုံဘဝ ေရာက္႐ွိပါေစလို႔” လို႔ သူ႕ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာေရးတင္ေပးထားပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဇာတ္ပို႔သ႐ုပ္ေဆာင္ ကိုေက်ာ္စိုးဟာ ဇြန္လတုန္းကလည္း တစ္ခါေဆး႐ုံတင္ခဲ့ရဖူးပါတယ္။ နဂိုတည္းက က်န္းမာေရးခ်ဴခ်ာတဲ့သူျဖစ္တာေၾကာင့္ အခုလို အလုပ္အကိုင္ေတြအဆင္မေျပတဲ့အခ်ိန္မွာ စိတ္ဓာတ္က်ၿပီး က်န္းမာေရးအေျခအေနက ပိုၿပီးဆိုး႐ြားခဲ့တာပါ။

အခုအခ်ိန္မွာေတာ့ သူ႕ရဲ႕ အႏုပညာလုပ္ငန္းေတြကို တကယ္စြန္႔ခြာသြားခဲ့ၿပီပဲျဖစ္ပါတယ္။ ေစာဦးစြာေႂကြလြင့္သြားခဲ့ရတဲ့ အႏုပညာ႐ွင္တစ္ေယာက္အတြက္ ပရိသတ္မ်ားကလည္း ႏွေျမာဝမ္းနည္းမိေၾကာင္း စာေလးေတြ အသီးသီးေရးတင္ေပးထားၾကပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

ဒီကနေ့မနက် (၈)နာရီခန့်မှာ ချစ်ရတဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို အပြီးတိုင်ခွဲခွာသွားပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်စိုး…ဇာတ်ပို့ သရုပ်ဆောင် ကိုကျော်စိုးဟာ ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဆုံးပါသွားခဲ့ပြီလို့ သိရပါတယ်။ ကွယ်လွန်ခဲ့တဲ့သတင်းက အကြိမ်ပေါင်းများစွာ ခဏခဏ ထွက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ တကယ်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းကို နီးစပ်ရာ မိသားစုဝင်တွေ အနုပညာရှင်တွေက အတည်ပြုပေးလိုက်ကြပါပြီ။

ဒီသတင်းကို သူငယ်ချင်းဖြစ်သူ သရုပ်ဆောင် ဘိုဘိုက စတင်အတည်ပြုပေးခဲ့တာဖြစ်ပြီး “သရုပ်ဆောင် ကိုကျော်စိုး ဒီနေ့မနက် ၈ နာရီကဆုံးသွားပါပြီ။ သူ့ညီမလေးက သူငယ်ချင်းတွေသိအောင် တင်ခိုင်းလို့ပါ။ သူငယ်ချင်းတို့ရေ ဒီတခါတော့ ကိုကျော်စိုး ငါတို့ကို နှုတ်မဆက်ဘဲ တကယ်ထွက်သွားပါပြီ။ တွေ့တဲ့သူတိုင်း ပျော်အောင်ထားတဲ့ ကိုကျော်စိုး ကောင်းရာဘုံဘဝ ရောက်ရှိပါစေလို့” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာရေးတင်ပေးထားပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ကိုကျော်စိုးဟာ ဇွန်လတုန်းကလည်း တစ်ခါဆေးရုံတင်ခဲ့ရဖူးပါတယ်။ နဂိုတည်းက ကျန်းမာရေးချူချာတဲ့သူဖြစ်တာကြောင့် အခုလို အလုပ်အကိုင်တွေအဆင်မပြေတဲ့အချိန်မှာ စိတ်ဓာတ်ကျပြီး ကျန်းမာရေးအခြေအနေက ပိုပြီးဆိုးရွားခဲ့တာပါ။

အခုအချိန်မှာတော့ သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို တကယ်စွန့်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ စောဦးစွာကြွေလွင့်သွားခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်အတွက် ပရိသတ်များကလည်း နှမြောဝမ်းနည်းမိကြောင်း စာလေးတွေ အသီးသီးရေးတင်ပေးထားကြပါတယ်။

Add a Comment

Your email address will not be published.