အလှူလုပ်တာလေး တင်ပေးခဲ့ပေမယ့် ကင်မရာတွေ အိမ်မှာ ပဲ ထားခဲ့ပါ ဟု ဝေဖန်ခံနေရတဲ့ ဖြူဖြူထွေး

သရုပ်ဆောင် ဖြူဖြူထွေးကတော့ ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ ကြော်ငြာတွေကိုရိုက်ကူးပြီး ပရိသတ်အချစ်တွေကို ရယူထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ မိသားစုလိုက် ရိုးသားဖြူစင်ခြင်းတွေနဲ့အတူ အလှူအတန်းတွေလည်း ရက်ရောတယ်ဆိုပြီးတော့ ပရိသတ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

များကလည်း ချစ်ပေးခဲ့ကြပြန်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်နေတဲ့ အချိန်ကာလအတွင်းမှာတော့ ဖြူဖြူထွေးတစ်ယောက် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြန်ပါတယ်။ အနုပညာရှင် တော်တော်များများလည်း တရားသောဘက်နှင့် မတရားသောဘက်ကို လူသားချင်းသိတတ်စွာဖြင့်

သိတတ်ခဲ့ကြပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ခဲ့ကြပေမဲ့ အဲထဲမှာ ဖြူဖြူထွေးကတော့ တိတ်ဆိတ်နေခဲ့ပြန်ပါတယ်။ မကြာမှီရက်တစ်ရက်မှာတော့ ဖြူဖြူထွေးတစ်ယောက် ပြည်သူတွေအတွက် အအေးဗူးတွေ ထွက်ပြီးကမ်းလှမ်းခဲ့ပေမယ့် ပရိသတ်တွေကတော့ သူမအပေါ်မှာ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ချစ်တဲ့အချစ်တွေအစား ဝေဖန်မှုတွေသာ တိုးနေခဲ့ပြန်ပါတယ်။ ဝေဖန်မှုတွေခံနေရင်းနဲ့ပဲ ရန်ကုန်မှာ ဆက်လက်နေထိုင်ရင်း မကြာခင်မှာတော့ သူမတို့နေထိုင်တဲ့ နယ်ကိုပဲ ပြန်တော့မယ်ဆိုပြီး ပြန်သွားပြီးနောက်ပိုင်းမှာတော့ အားလုံးကိုလွမ်းနေတယ် ဆိုတဲ့အကြောင်းတွေကလည်း

တင်လာခဲ့ပြီးနောက် အလှူအတန်းဆို ရက်ရောတတ်တဲ့ ဖြူဖြူထွေးတစ်ယောက်ကတော့ သူမတတ်နိုင်သလောက် လှူဒါန်းမှုလေးတွေတော့ အမြဲပြုလုပ်လျက်ရှိပါတယ်။ ဒီနေ့လေးမှာတော့ ဖြူဖြူထွေးက ”ဒီနှစ် သီတင်းကျွတ်လေးကတော့ မိသားစုရှိရာ မွေးရပ်မြေလေးဆီသို့

အပြန်လမ်းက အမျိုးများနဲ့တွေ့စဉ်က ဘာလေးလှူရလှူရ 🙏🙏🙏” ဆိုပြီး ဗီဒီယိုလေး တင်ပေးလာတာ ဖြစ်ပါတယ်နော်။ သူမတင်လာတဲ့ ဗီဒီယိုအောက်မှာတော့ အရင်လိုပဲ လှူတဲ့နေရာမှာ ကင်မရာတွေကို အိမ်မှာပဲ ထားခဲ့သူဆိုတဲ့သူနဲ့ ဝေဖန်မှုတွေ မြှင့်တက်နေခဲ့ပါတယ်နော်။

Add a Comment

Your email address will not be published.