ဝက္ရဲ႕ ေက်ာက္ကပ္ ကို လူတြင္ အစားထိုးႏိုင္ေၾကာင္း ေအာင္ ျမင္စြာ စမ္းသပ္ႏိုင္ခဲ့

ပထမဆုံးအႀကိမ္ ဝက္ရဲ႕ေက်ာက္ကပ္ကို လူရဲ႕ ကိုယ္ခံအားစနစ္က ျငင္းဆန္ျခင္းမျပဳဘဲ ေအာင္ျမင္စြာ အစားထိုးစမ္းသပ္ႏိုင္ခဲ့ပါတယ္။

ယခုကဲ့သို႔ ေအာင္ျမင္ျခင္းသည္အလားအလာႀကီးေသာ တိုးတက္မႈတစ္ခုျဖစ္ၿပီး အစားထိုးရန္ လူသားအဂၤါမ်ား ဆုံး႐ႈံးမႈ မ်ားျပားျခင္းျပသာနာကို ကူညီေပးႏိုင္မွာပဲျဖစ္ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ယခုစမ္းသပ္မႈကို နယူးေယာက္ၿမိဳ႕႐ွိ NYU Langone Health တြင္ ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ မ်ိဳး႐ိုးဗီဇေျပာင္းလဲထားမႈေၾကာင့္လူ႕ခႏၶာကိုယ္တြင္ အစားထိုးရာမွာ လက္မခံႏိုင္တဲ့ တစ္႐ွဴးမ်ားမပါဝင္တဲ့ဝက္တစ္ေကာင္ရဲ႕ေက်ာက္ကပ္ကို စမ္း သပ္မႈတြင္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

အစားထိုးရာတြင္ လက္ခံတဲ့ လူနာဟာ ဦးေႏွာက္ေသေနေသာ လူနာျဖစ္ၿပီး ေက်ာက္ကပ္လည္းေကာင္းစြာအလုပ္မလုပ္ေတာ့တဲ့ လူနာတစ္ေယာက္ျဖစ္ပါတယ္။ ယခုစမ္းသပ္မႈအတြက္ သူမရဲ႕ မိသားစုရဲ႕ လက္ခံခ်က္နဲ႔အတူ ျပဳလုပ္ခဲ့တာပါ။

လူနာရဲ႕ ေသြးေၾကာမ်ားနဲ႔ဝက္ေက်ာက္ကပ္ကို ခ်ိတ္ဆက္လ်က္ သုံးရက္ၾကာေအာင္ ခႏၶာကိုယ္အျပင္ဘက္မွာ ထိန္း သိမ္းမႈ သုံးရက္ၾကာျပဳလုပ္ခဲ့တယ္လို႔ စမ္းသပ္မႈတြင္ ပါဝင္သူမ်ားက ဆိုပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စမ္းသပ္မႈကို ဦးေဆာင္သူအစားထိုးခြဲစိတ္ဆရာဝန္ျဖစ္သူ ေဒါက္တာေရာဘက္ ကေတာ့ အစားထိုးခြဲစိတ္မႈရဲ႕ ရလဒ္အရ ေက်ာက္ကပ္ဟာပုံမွန္အတိုင္းအလုပ္လုပ္ေနေၾကာင္းဆိုပါတယ္။

“NYU ရဲ႕ စမ္းသပ္ခ်က္ေအာင္ျမင္ျခင္းသည္ ေက်ာက္ကပ္လုပ္ေဆာင္ခ်က္လုံးဝမ႐ွိေတာ့တဲ့ လူနာေတြအတြက္ စမ္းသပ္ႏိုင္ဖို႔ လမ္းေၾကာင္းအသစ္တစ္ခုျဖစ္ၿပီး ေနာက္ႏွစ္ႏွစ္ ဒါမွမဟုတ္ သုံးႏွစ္အတြင္း လုပ္ေဆာင္ႏိုင္မယ္” လို႔ ေဒါက္တာ ေရာဘက္က ဆိုပါတယ္။

အစားထိုးေပးႏိုင္မယ့္ လူ႕ေက်ာက္ကပ္မရ႐ွိမခ်င္းျပင္းထန္လူနာမ်ားအတြက္ေခတၱအစားထိုးၿပီး အသက္ဆက္ႏိုင္မယ့္ ေရတိုေျဖ႐ွင္းနည္း တစ္ခုျဖစ္ဖို႔ ေမွ်ာ္လင့္လ်က္႐ွိေနၾကတာပဲျဖစ္ပါတယ္။

Credit

unicode

ပထမဆုံးအကြိမ် ဝက်ရဲ့ကျောက်ကပ်ကို လူရဲ့ ကိုယ်ခံအားစနစ်က ငြင်းဆန်ခြင်းမပြုဘဲ အောင်မြင်စွာ အစားထိုးစမ်းသပ်နိုင်ခဲ့ပါတယ်။

ယခုကဲ့သို့ အောင်မြင်ခြင်းသည်အလားအလာကြီးသော တိုးတက်မှုတစ်ခုဖြစ်ပြီး အစားထိုးရန် လူသားအင်္ဂါများ ဆုံးရှုံးမှု များပြားခြင်းပြသာနာကို ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။

ယခုစမ်းသပ်မှုကို နယူးယောက်မြို့ရှိ NYU Langone Health တွင် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မျိုးရိုးဗီဇပြောင်းလဲထားမှုကြောင့်လူ့ခန္ဓာကိုယ်တွင် အစားထိုးရာမှာ လက်မခံနိုင်တဲ့ တစ်ရှူးများမပါဝင်တဲ့ဝက်တစ်ကောင်ရဲ့ကျောက်ကပ်ကို စမ်း သပ်မှုတွင် အသုံးပြုခဲ့တာဖြစ်ပါတယ်။

အစားထိုးရာတွင် လက်ခံတဲ့ လူနာဟာ ဦးနှောက်သေနေသော လူနာဖြစ်ပြီး ကျောက်ကပ်လည်းကောင်းစွာအလုပ်မလုပ်တော့တဲ့ လူနာတစ်ယောက်ဖြစ်ပါတယ်။ ယခုစမ်းသပ်မှုအတွက် သူမရဲ့ မိသားစုရဲ့ လက်ခံချက်နဲ့အတူ ပြုလုပ်ခဲ့တာပါ။

လူနာရဲ့ သွေးကြောများနဲ့ဝက်ကျောက်ကပ်ကို ချိတ်ဆက်လျက် သုံးရက်ကြာအောင် ခန္ဓာကိုယ်အပြင်ဘက်မှာ ထိန်း သိမ်းမှု သုံးရက်ကြာပြုလုပ်ခဲ့တယ်လို့ စမ်းသပ်မှုတွင် ပါဝင်သူများက ဆိုပါတယ်။

စမ်းသပ်မှုကို ဦးဆောင်သူအစားထိုးခွဲစိတ်ဆရာဝန်ဖြစ်သူ ဒေါက်တာရောဘက် ကတော့ အစားထိုးခွဲစိတ်မှုရဲ့ ရလဒ်အရ ကျောက်ကပ်ဟာပုံမှန်အတိုင်းအလုပ်လုပ်နေကြောင်းဆိုပါတယ်။

“NYU ရဲ့ စမ်းသပ်ချက်အောင်မြင်ခြင်းသည် ကျောက်ကပ်လုပ်ဆောင်ချက်လုံးဝမရှိတော့တဲ့ လူနာတွေအတွက် စမ်းသပ်နိုင်ဖို့ လမ်းကြောင်းအသစ်တစ်ခုဖြစ်ပြီး နောက်နှစ်နှစ် ဒါမှမဟုတ် သုံးနှစ်အတွင်း လုပ်ဆောင်နိုင်မယ်” လို့ ဒေါက်တာ ရောဘက်က ဆိုပါတယ်။

အစားထိုးပေးနိုင်မယ့် လူ့ကျောက်ကပ်မရရှိမချင်းပြင်းထန်လူနာများအတွက်ခေတ္တအစားထိုးပြီး အသက်ဆက်နိုင်မယ့် ရေတိုဖြေရှင်းနည်း တစ်ခုဖြစ်ဖို့ မျှော်လင့်လျက်ရှိနေကြတာပဲဖြစ်ပါတယ်။

Credit

Add a Comment

Your email address will not be published.