စစ်ကောင်စီက NUG ကို မဆက်သွယ်ဖို့ အာဆီယံအထူးသံကိုပေးတဲ့ လျှို့ဝှက်စာေ.ပ.ါ.က်ကြား

အာဆီယံ အထူးသံတမန်အနေနဲ့ စစ်တပ်က အ.ြ.က.မ်.းဖ.က်အဖွဲ့အစည်းလို့ ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ပြောဆို ဆက်ဆံမှုမလုပ်ဖို့ စစ်ကောင်စီဘက်က သတိပေးခဲ့တယ်ဆိုပြီး အာဆီယံအထူးသံဘက်က ပြောလာပါတယ်။

အာဆီယံအထူးသံတမန် အီရာဝန်ယူစွပ်အနေနဲ့ NUG၊ CRPH တို့ကို အသိအမှတ်မပြုဖို့၊ မဆက်သွယ်ဖို့၊ စေ့စပ်ဆွေးနွေးတာလည်း လုံးဝမလုပ်ဖို့ အ.ြ.က.မ်.းဖ.က်စစ်ကောင်စီက စာပို့သတိပေးကြောင်း ဘရူနိုင်းသံရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းရေးသားထားပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီအစီရင်ခံစာကို ဂျပန် NHK သတင်းဌာနက ရရှိခဲ့တာပါ။ ဘရူးနိုင်းနိုင်ငံခြားရေးဝန်ကြီး -၂ လည်းဖြစ် မြန်မာ့အရေး အာဆီယံ အထူးသံတမန်လည်းဖြစ်တဲ့ အီရာဝမ်ယူဆွဖ်က သူ့အစီရင်ခံစာထဲမှာ အခုလို ရေးသားထားတာဆိုပြီး ဂျပန်သတင်းဌာန NHK က သတင်းမှာ

ဖော်ပြလာတာ ဖြစ်ပါတယ်။ အထူးသံတမန်ဟာ အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးကို မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေတာဖြစ်ပါတယ်။ အစီရင်ခံစာထဲမှာတော့ အထူးသံဟာ ထိန်းသိမ်း

ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် တို့အပါအဝင် အခရာကျတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့လိုတဲ့အကြောင်းကို အလေး ပေးပြောထားပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ဟာ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

တရားရင်ဆိုင်နေရသူတွေ ဖြစ်တာကြောင့် တွေ့ဆုံခွင့်ပေးဖို့ ငြင်းဆိုတယ်လို့လည်း အထူးသံရဲ့ အစီရင်ခံစာမှာပါတယ် လို့ဆိုပါတယ်။ ဘုံသဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုကို ထောက်ပြကာ အာဆီယံက လာမယ့်သီတင်းပတ်မှာ

ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆုံးဖြတ်ထားအပြီးမှာ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာ ထွက်လာတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ကို ရှုတ်ချထားပါတယ်။ ယမန်နေ့က ထုတ်ပြန်ချက်မှာတော့

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို ဆက်ပြီး ပူးပေါင်းမယ့်အကြောင်းအပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ပြီးဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။ အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင် အာဆီယံ ဘုံသဘော

တူညီချက် ၅ ရပ်မှာ အထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်ရေးပါဝင်ပြီး လာရောက်ရေး အကောင်အထည်ဖော်ရာမှာတော့ အာဆီယံသံတမန်ဘက်က တွေ့ဆုံလိုသူတွေ တောင်းဆိုမှုနဲ့ပတ်သက်ပြီး မပြေမလည်ဖြစ်ခဲ့တာပါ။ လေးစားစွာဖြင့် ခရက်ဒစ်.

Add a Comment

Your email address will not be published.