ယေန႔လူေျပာမ်ားေနတဲ့ ေျမာက္ဒဂုံက ၅၀၀ က်ပ္ တန္ ဇလုံထမင္းဆိုင္

ယခုေခတ္မွာဆိုရင္ ကုန္ေစ်းႏႈန္းျမင့္မားမႈေၾကာင့္ ထမင္းတစ္နပ္ ၅၀ဝ နဲ႔ေရာင္းခ်ဖို႔ဆိုတာ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေပမဲ့ ဆိုင္ပိုင္ရွင္တစ္ဦးကေတာ့ ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂုံ ေ႐ႊရတနာ႐ုပ္ရွင္႐ုံအနီးမွာ ၅၀၀ က်ပ္ရွိ႐ုံနဲ႔ စားလို႔ရမဲ့ ဇလုံထမင္းကို ေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။

ဇလုံထမင္းဆိုင္ပိုင္ရွင္ဟာ ယခင္က ကားဝပ္ေရွာ့တစ္ခုရဲ႕ အလုပ္သမားတစ္ဦးျဖစ္ခဲ့ၿပီး သူအလုပ္လုပ္စဥ္တစ္ေလွ်ာက္လုံးမွာ ေနလည္စာစားခ်ိန္ဆို အလုပ္ရွင္ကေပးခဲ့တဲ့ ေငြပမာဏျဖင့္ ေစ်းခ်ိဳၿပီးသက္သာတဲ့ ထမင္းဆိုင္မွာ ဗိုက္ဝေအာင္စားလို႔ရတဲ့ ထမင္းဆိုင္ကို သြားေရာက္

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စားခဲ့ရတယ္လို႔ ဆိုပါတယ္။ သူဟာ ယခုလက္ရွိမွာေတာ့ ကားအပိုပစၥည္းျဖန္႔ျဖဴးတဲ့ လုပ္ငန္းရွင္တစ္ဦး ျဖစ္လာခဲ့ပါၿပီ။ ဇလုံထမင္းဆိုင္ ဖြင့္ရျခင္းရဲ႕ရည္႐ြယ္ခ်က္ကေတာ့ ယခုလက္ရွိမွာ ၾကပ္တည္းခက္ခဲေနၾကတဲ့ အလုပ္သမား၊ လက္လုပ္လက္စားမ်ားကို ကိုယ္ခ်င္းစာမိတာ

ေၾကာင့္ သူတို႔ကို တစ္ဖက္တစ္လမ္းက ကူညီဖို႔အတြက္ ၅၀၀ က်ပ္တန္ ဇလုံထမင္းကို ေရာင္းခ်ခဲ့တာပါလို႔ ဆိုပါတယ္။ ၅၀၀ က်ပ္တန္ ဇလုံထမင္းဆိုင္ဟာ လက္လုပ္လက္စား ကယ္ရီသမားမ်ားနဲ႔ အနီးအနားမွာရွိတဲ့ အေရွ႕ဒဂုံ ေ႐ႊေပါကၠံက စားသုံးသူမ်ားနဲ႔ စည္ကားလ်က္

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ရွိပါတယ္။ အခ်ိဳ႕အဆင္ေျပသူမ်ားက ၅၀၀ က်ပ္တန္ ဇလုံထမင္းကို လာေရာက္စားေသာက္ၾကၿပီး က်သင့္ေငြ ၅၀၀ က်ပ္အျပင္ ေနာက္ထပ္ ၅၀၀ က်ပ္ ၁၀၀၀ က်ပ္အစရွိသျဖင့္ ခက္ခဲေနသူမ်ားအတြက္ လႉဒါန္းေပးသြားၾကပါတယ္။ တခ်ိဳ႕ဆိုလွ်င္ ၅၀၀ က်ပ္ေတာင္ ခက္ခဲေန

ၾကတဲ့အတြက္ ထိုအလႉမ်ားထဲကေန ေကြၽးေမြးျခင္းအစီအစဥ္ကိုလည္း ျပဳလုပ္ေပးေနတယ္လို႔လည္း ဆိုပါတယ္၊၊ ဇလုံထမင္းဆိုင္ကို အားေပးခ်င္တာပဲျဖစ္ျဖစ္ လႉဒါန္းခ်င္တာပဲျဖစ္ျဖစ္ ဇလုံထမင္းဆိုင္ရဲ႕ လိပ္စာအတိအက်ကေတာ့ ေျမာက္ဒဂုံ မဝတ မွတ္တိုင္နဲ႔ စြမ္းအင္မွတ္တိုင္

ၾကားက စုေပါင္း႐ုံးလမ္းထဲမွာ တည္ရွိၿပီး ေ႐ႊရတနာ႐ုပ္ရွင္႐ုံနဲ႔ Top zKTV တို႔နဲ႔လည္းနီးပါတယ္။ ဇလုံထမင္းဆိုင္ ဒီထက္မက ပိုမိုေအာင္ျမင္ပါေစ။

unicode

ယခုခေတ်မှာဆိုရင် ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် ထမင်းတစ်နပ် ၅၀ဝ နဲ့ရောင်းချဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ဆိုင်ပိုင်ရှင်တစ်ဦးကတော့ ရန်ကုန်မြို့ မြောက်ဒဂုံ ရွှေရတနာရုပ်ရှင်ရုံအနီးမှာ ၅၀၀ ကျပ်ရှိရုံနဲ့ စားလို့ရမဲ့ ဇလုံထမင်းကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။

ဇလုံထမင်းဆိုင်ပိုင်ရှင်ဟာ ယခင်က ကားဝပ်ရှော့တစ်ခုရဲ့ အလုပ်သမားတစ်ဦးဖြစ်ခဲ့ပြီး သူအလုပ်လုပ်စဉ်တစ်လျှောက်လုံးမှာ နေလည်စာစားချိန်ဆို အလုပ်ရှင်ကပေးခဲ့တဲ့ ငွေပမာဏဖြင့် ဈေးချိုပြီးသက်သာတဲ့ ထမင်းဆိုင်မှာ ဗိုက်ဝအောင်စားလို့ရတဲ့ ထမင်းဆိုင်ကို သွားရောက်

စားခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ ယခုလက်ရှိမှာတော့ ကားအပိုပစ္စည်းဖြန့်ဖြူးတဲ့ လုပ်ငန်းရှင်တစ်ဦး ဖြစ်လာခဲ့ပါပြီ။ ဇလုံထမင်းဆိုင် ဖွင့်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ ယခုလက်ရှိမှာ ကြပ်တည်းခက်ခဲနေကြတဲ့ အလုပ်သမား၊ လက်လုပ်လက်စားများကို ကိုယ်ချင်းစာမိတာ

ကြောင့် သူတို့ကို တစ်ဖက်တစ်လမ်းက ကူညီဖို့အတွက် ၅၀၀ ကျပ်တန် ဇလုံထမင်းကို ရောင်းချခဲ့တာပါလို့ ဆိုပါတယ်။ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင်ဟာ လက်လုပ်လက်စား ကယ်ရီသမားများနဲ့ အနီးအနားမှာရှိတဲ့ အရှေ့ဒဂုံ ရွှေပေါက္ကံက စားသုံးသူများနဲ့ စည်ကားလျက်

ရှိပါတယ်။ အချို့အဆင်ပြေသူများက ၅၀၀ ကျပ်တန် ဇလုံထမင်းကို လာရောက်စားသောက်ကြပြီး ကျသင့်ငွေ ၅၀၀ ကျပ်အပြင် နောက်ထပ် ၅၀၀ ကျပ် ၁၀၀၀ ကျပ်အစရှိသဖြင့် ခက်ခဲနေသူများအတွက် လှူဒါန်းပေးသွားကြပါတယ်။ တချို့ဆိုလျှင် ၅၀၀ ကျပ်တောင် ခက်ခဲနေ

ကြတဲ့အတွက် ထိုအလှူများထဲကနေ ကျွေးမွေးခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်၊၊ ဇလုံထမင်းဆိုင်ကို အားပေးချင်တာပဲဖြစ်ဖြစ် လှူဒါန်းချင်တာပဲဖြစ်ဖြစ် ဇလုံထမင်းဆိုင်ရဲ့ လိပ်စာအတိအကျကတော့ မြောက်ဒဂုံ မဝတ မှတ်တိုင်နဲ့ စွမ်းအင်မှတ်တိုင်

ကြားက စုပေါင်းရုံးလမ်းထဲမှာ တည်ရှိပြီး ရွှေရတနာရုပ်ရှင်ရုံနဲ့ Top zKTV တို့နဲ့လည်းနီးပါတယ်။ ဇလုံထမင်းဆိုင် ဒီထက်မက ပိုမိုအောင်မြင်ပါစေ။

Add a Comment

Your email address will not be published.