နောက်တစ်ပွဲနိုင်ပြီးရင် ချန်ပီယံခါးပတ် ကို ပြန်လုမယ် လို့ ပြောလိုက်တဲ့ မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်း

အောင်လကတော့ ‌အင်တာဗျူးတစ်ခုမှာ သူဟာ မာတင်ငုယင်နဲ့ ပွဲပြီးတာနဲ့ အမေရိကန်မှာ training camp ပြန်တးဝင်မှာဖြစ်ပြီး နှစ်လလောက်အတွင်း ပွဲတစ်ပွဲထိုးသတ်မှာ ဖြစ်ကြောင်း ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ရိုင်နီယာကို ဝယ်တာဝိတ်ချန်ပီယံ အဘာဆော့ဗ်က တက်စိန်ခေါ်ထားတဲ့ပွဲကို ကျင်းပဖွယ်ရှိတာကြောင့် အောင်လအနေနဲ့ ဘယ်သူ့ဆီက မစ်ဒယ်ဝိတ်ခါးပတ်ကို လုယူရမယ်ဆိုတာ မသိသေးပါဘူး။

ဒါပေမယ့် အဘာဆော့ဗ်ဆီမှာသာ မစ်ဒယ်ဝိတ်ခါးပတ်ရောက်သွားရင်လည်း အဘာဆော့ဗ်ကို စိန်ခေါ်ထိုးသတ်မှာ ဖြစ်ကြောင်းပြောထားပါတယ်။ရိုင်နီယာက အနိုင်ရခဲ့ရင်လည်း ရိုင်နီယာနဲ့ တတိယအကြိမ်ထိုးသတ်မှာ ဖြစ်ကြောင်း ဆိုထားပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒါပေမယ့် အောင်လက ဒီတစ်ကြိမ်မှာတော့ ရိုင်နီယာနဲ့အရင်ပွဲတုန်းကလိုမျိုး မဟုတ်တော့ဘဲ ပွဲကိုချဉ်းကပ်ပုံပြောင်းလဲပြီး ကစားဖို့ရှိကြောင်း ပြောထားပါတယ်။

ရိုင်နီယာရဲ့ takedown တွေကို ကာကွယ်ဖို့ ကြိုးစားတာထက်ရိုင်နီယာကစားချင်တဲ့ မြေပြင်ပေါ်ကို သူလိုက်ကစားနိုင်အောင် ပြင်ဆင်နေကြောင်းပြောထားပါတယ်။ကျွန်တော့်အမြင်အရလည်း ဒီလိုလိုက်ကစားတာကလည်း အလုပ်ဖြစ်နိုင်ပါတယ်။

ရိုင်နီယာဟာ အရင်ဒုတိယပွဲမှာ ငါးချီလုံးမြေပြင်ပေါ်ကစားနိုင်ပေမယ့် ရုန်းအားနဲ့ သက်လုံကအောင်လလောက်မကောင်းတာသိသာပါတယ်။ပထမအချီနဲ့နောက်ဆုံးအချီတွေမှာဆိုရင် အောင်လက top position ရတံ့အနေအထားတောင်ရှိပါတယ်။

အောင်လအနေနဲ့ အလှဲခံရရင် ပြန်ရုန်းထဖို့ ကြိုးစားတာမျိုးထက် မြေပြင်မှာသာ ရိုင်နီယာကို ဖိအားပေးနိုင်ခဲ့ရင် အချီကြာလာတာနဲ့အမျှ အောင်လအသာစီးရလာနိုင်ပါတယ်။ပရိသတ်တွေရော အောင်လနဲ့ရိုင်နီယာရဲ့ တတိယပွဲအပေါ် ဘယ်လိုမြင်လဲဗျ

နောက်တစ်ပွဲနိုင်ပြီးရင် ချန်ပီယံခါးပတ်ကို ပြန်လုမယ်လို့ ပြောလိုက်တဲ့ မြန်မာဂုဏ်ဆောင် အောင်လအန်ဆန်းအောင်လကတော့ ‌အင်တာဗျူးတစ်ခုမှာ သူဟာ မာတင်ငုယင်နဲ့ ပွဲပြီးတာနဲ့ အမေရိကန်မှာ training camp ပြန်တးဝင်မှာဖြစ်ပြီး နှစ်လလောက်အတွင်း ပွဲတစ်ပွဲထိုးသတ်မှာ ဖြစ်ကြောင်း ပြင်ဆင်ထားပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ ရိုင်နီယာကို ဝယ်တာဝိတ်ချန်ပီယံ အဘာဆော့ဗ်က တက်စိန်ခေါ်ထားတဲ့ပွဲကို ကျင်းပဖွယ်ရှိတာကြောင့် အောင်လအနေနဲ့ ဘယ်သူ့ဆီက မစ်ဒယ်ဝိတ်ခါးပတ်ကို လုယူရမယ်ဆိုတာ မသိသေးပါဘူး။

ဒါပေမယ့် အဘာဆော့ဗ်ဆီမှာသာ မစ်ဒယ်ဝိတ်ခါးပတ်ရောက်သွားရင်လည်း အဘာဆော့ဗ်ကို စိန်ခေါ်ထိုးသတ်မှာ ဖြစ်ကြောင်းပြောထားပါတယ်။ရိုင်နီယာက အနိုင်ရခဲ့ရင်လည်း ရိုင်နီယာနဲ့ တတိယအကြိမ်ထိုးသတ်မှာ ဖြစ်ကြောင်း ဆိုထားပါတယ်။

ဒါပေမယ့် အောင်လက ဒီတစ်ကြိမ်မှာတော့ ရိုင်နီယာနဲ့အရင်ပွဲတုန်းကလိုမျိုး မဟုတ်တော့ဘဲ ပွဲကိုချဉ်းကပ်ပုံပြောင်းလဲပြီး ကစားဖို့ရှိကြောင်း ပြောထားပါတယ်။

ရိုင်နီယာရဲ့ takedown တွေကို ကာကွယ်ဖို့ ကြိုးစားတာထက်ရိုင်နီယာကစားချင်တဲ့ မြေပြင်ပေါ်ကို သူလိုက်ကစားနိုင်အောင် ပြင်ဆင်နေကြောင်းပြောထားပါတယ်။ကျွန်တော့်အမြင်အရလည်း ဒီလိုလိုက်ကစားတာကလည်း အလုပ်ဖြစ်နိုင်ပါတယ်။

ရိုင်နီယာဟာ အရင်ဒုတိယပွဲမှာ ငါးချီလုံးမြေပြင်ပေါ်ကစားနိုင်ပေမယ့် ရုန်းအားနဲ့ သက်လုံကအောင်လလောက်မကောင်းတာသိသာပါတယ်။ပထမအချီနဲ့နောက်ဆုံးအချီတွေမှာဆိုရင် အောင်လက top position ရတံ့အနေအထားတောင်ရှိပါတယ်။

အောင်လအနေနဲ့ အလှဲခံရရင် ပြန်ရုန်းထဖို့ ကြိုးစားတာမျိုးထက် မြေပြင်မှာသာ ရိုင်နီယာကို ဖိအားပေးနိုင်ခဲ့ရင် အချီကြာလာတာနဲ့အမျှ အောင်လအသာစီးရလာနိုင်ပါတယ်။ပရိသတ်တွေရော အောင်လနဲ့ရိုင်နီယာရဲ့ တတိယပွဲအပေါ် ဘယ်လိုမြင်လဲဗျ/crd

Add a Comment

Your email address will not be published.