႐ု႐ွား သံ႐ုံးမွပင္ လုံျခဳံေရးေၾကျငာ က္ ထုတ္ျပန္ လာ ရၿပီ

႐ု႐ွား သံ႐ုံးမွပင္ လုံျခဳံေရးေၾကျငာခ်က္ ထုတ္ျပန္လာရၿပီမႏၲေလး ႐ွိ ကုန္းလမ္း ပို႔ေဆာင္ေရး ႐ုံးအနီး ေပါက္ကြဲမႈ ႀကီး ႏွစ္ႀကိမ္ ျဖစ္ပြားခဲ့သျဖင့္ လူ ကိုးဦးခန္႔ ဒဏ္ရာ ရ႐ွိ သြားခဲ့မႈ ႏွင့္ အတူ စစ္ေကာင္စီအား တိုက္ခိုက္မႈမ်ား အ႐ွိန္အဟုန္ ျမင့္တက္လာေနၿပီ ျဖစ္သည္ဟု ေအပီ သတင္း ကို ကမ႓ာအႏွံ႔ သတင္း မီဒီယာမ်ား တြင္ ေဖၚျပလာခဲ့ၾကသည္။

ေရတာ႐ွည္ PDF အဖြဲ႕ မွ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေရး ထူေထာင္ေတာ့မည္ဟု သတိေပးခ်က္ ထြက္ေပၚလာၿပီးေနာက္ စစ္ေကာင္စီခန္႔ အုပ္ခ်ဳပ္‌ေရးမႉး အေယာက္ ၄၀ ခန္႔မွာ က်န္းမာေရး အေၾကာင္းျပ၍ ရာထူးမွ ႏႈတ္ထြက္သြားခဲ့ ေၾကာင္း ျမန္မာ ေနာင္း မွ ေဖၚျပလာခဲ့သည္။

စစ္အာဏာ႐ွင္ ဆန္႔က်င္ေရး လူထု တိုက္ပြဲႀကီးက တေျဖးေျဖး ႏွင့္ ႐ုပ္လုံးေပၚလာေနၿပီ ျဖစ္သည္။ ဒလန္မ်ားကို သုတ္သင္မႈ ႏွင့္ အတူ မိမိတို႔ အခ်င္းခ်င္း တယ္လီဖုန္း ျဖင့္ လွ်ိဳ႕ဝွက္ ဆက္သြယ္မႈ မ်ား ျပဳလုပ္ပါကလည္း ျဖစ္ႏိုင္လွ်င္ တခါသုံး ဖုံး ကို သုံးရန္ ႏွင့္ သုံးမိနစ္ ထက္ ပိုမေျပာၾကရန္ သတိေပးလာခဲ့ၾကသည္။ ၾကားျဖတ္ နားေထာင္ကာ တည္ေနရာ ကို စုံစမ္းမႈသည္ သုံးမိနစ္ေအာက္သာ ႐ွိလွ်င္ နည္းပညာ ကြၽမ္းက်င္ပါသည္ ဆိုေသာ အေမရိကန္ တို႔ပင္ လက္မိႈင္ခ်ေနရ၍ လည္း ျဖစ္သည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

႐ု႐ွား သံ႐ုံးမွ ေၾကညာခ်က္ ထုတ္ျပန္ရာတြင္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရဟု အမည္ေပးထားေသာ အဖြဲ႕မွ စက္တင္ဘာ ၇ ရက္တြင္ “ျပည္သူ တြန္းလွန္ ခုခံ စစ္” ဆင္ႏႊဲေတာ့မည္ဟု ေၾကညာလာခဲ့သည့္ အခ်ိန္မွစ၍ တိုက္ခိုက္မႈမ်ား အ႐ွိန္အဟုန္ ျမင့္တက္လာေန၍ ခက္ခဲဆုံး အေျခအေနမ်ား ရင္ဆိုင္ေနရသည္ကို ထင္ဟပ္ လွ်က္ ႐ွိေနသည္။

သို႔ေသာ္ လက္႐ွိ စစ္အုပ္ခ်ဳပ္ေရး အဖြဲ႕အေနႏွင့္ မိမိတို႔ သံ႐ုံး ပုံမွန္လည္ပတ္ႏိုင္ေရး အတြက္ ဆက္လက္ ၍ လုံျခဳံေရး တာဝန္မ်ား ယူထားလွ်က္ ႐ွိေနေၾကာင္း ပထမဆုံး အႀကိမ္ အျဖစ္ လူသိ႐ွင္ၾကား ပါးနပ္စြာ သတိေပး လာခဲ့သည္။

မင္းေအာင္လိႈင္ ႏွင့္ စစ္ေကာင္စီ ကိုယ္စားလွယ္ တဦး တေလမွ် အာဆီယံ ထိပ္သီး အစည္းအေဝး တြင္ ျမန္မာ အား ကိုယ္စားျပဳ တက္ေရာက္ခြင့္ ျငင္းဆိုခဲ့ၿပီးေနာက္ ျပည္ပ႐ွိ အဖြဲ႕အစည္းမ်ားက အမ်ိဳးသား ညီၫြတ္ ေရး အစိုးရကို အာဆီယံ မွ အသိအမွတ္ ျပဳရန္ ေတာင္းဆို မႈ မ်ား ဆူညံစြာ ထြက္‌ေပၚလာသည္။

ထိုအထဲတြင္ အတက္ႂကြဆုံး ေျပာဆိုလာသည့္ အဖြဲ႕ က အာဆီယံ ႏိုင္ငံမ်ား၏ ပါလီမန္ အမတ္မ်ား အဖြဲ႕ႀကီးပင္ ျဖစ္သည္။ အဆိုပါ အဖြဲ႕ႀကီး၏ ဥကၠဌ ျဖစ္သူ ခ်ားလ္ စင္တီယာဂို မွ “ျမန္မာ ျပည္သူမ်ားသည္ ေန႔စဥ္ႏွင့္ အမွ် လူသတ္ အစိုးရ ကို လက္မခံႏိုင္ေၾကာင္း ကမ႓ာသိ ရဲရဲဝံ့ဝံ့ ထုတ္ေဖၚျပသလွ်က္ ႐ွိေနၿပီ ျဖစ္၍ ၎တို႔အား ကိုယ္စားျပဳသည့္ NUG ႏွင့္ ဆက္သြယ္ ေဆာင္႐ြက္ရန္ တိုက္တြန္းသည္ ဟု CRPH ကိုယ္စားလွယ္မ်ား ႏွင့္ ပူးတြဲ ျပဳလုပ္ခဲ့ေသာ သတင္းစာ ႐ွင္းလင္းပြဲ တြင္ ေျပာဆိုခဲ့သည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အာဆီယံ အေနျဖင့္ ယခုအခါ မင္းေအာင္လိႈင္ကို ဖယ္ထုတ္လိုက္ၿပီ ျဖစ္၍ ျမန္မာ အေရး အား အမွန္တကယ္ ေျဖ႐ွင္း ရန္ တခုတည္းေသာ နည္းလမ္း ျဖစ္သည့္ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ ႏွင့္ ထိေတြ႕ ေဆြးေႏြး မွသာ ျဖစ္ေတာ့မည္ဟူေသာ အယူအဆမ်ား ထြက္ေပၚလာေနၿပီ ျဖစ္သည္။ ထိုအေရးကို လြန္စြာ စိုးရိမ္ပူပန္လာေန ေသာ စစ္ေကာင္စီသည္ အာဆီယံ ႏွင့္ ဆက္လက္ ပူးေပါင္းသြားပါမည္ဟု ေအာက္က်ခံ ဒူးေထာက္ ေျပာဆို လာရသည့္ အဆင့္ ျဖစ္လာခဲ့သည္မွာ အထင္အ႐ွားပင္။

အာဆီယံ အေနျဖင့္ စစ္ေကာင္စီက ဘာမွ လုပ္မေပးလွ်င္ လုပ္ႏိုင္ေသာလူႏွင့္ ေျပာဆိုမည္ဟု ျပတ္ျပတ္ သားသား ရာဇသံေပးဖို႔သာ ႐ွိေပေတာ့သည္။ အာဆီယံ ေခါင္းေဆာင္မ်ား ယခုလို တစုတေဝးတည္း ေတြ႕ဆုံ စည္းေဝးေနၾကခ်ိန္ တြင္ ၎တို႔ အားလုံး တေလးတစား ႏွင့္ ေနရာေပး ဆက္ဆံခဲ့ၾကရေသာ လုပ္ေဖၚကိုင္ဖက္ တဦး ျဖစ္သည့္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဆိုသည့္ ကမ႓ာသိ ေခါင္းေဆာင္တဦးမွာ စစ္အာဏာသိမ္း အဖြဲ႕၏ လွ်ိဳ႕ဝွက္ တရား႐ုံးတခုတြင္ သူမ အေပၚ မတရားစြပ္စြဲလာမႈမ်ားကို ေခ်ပေနရခ်ိန္ ျဖစ္သည္ကိုလည္း ေမ့ေပ်ာက္ႏိုင္ၾကမည္ေတာ့ မဟုတ္ေပ။

ဘိုင္ဒင္ အစိုးရအား အမ်ိဳးသား ညီၫြတ္ေရး အစိုးရကို အသိအမွတ္ ျပဳၿပီး ထိန္းခ်ဳပ္ထားေသာ ျမန္မာပိုင္ ေဒၚလာ တစ္ ဘီလီယံ ကို ကိုဗစ္ ကာကြယ္ေဆး ဝယ္ယူႏိုင္ဖို႔ ထုတ္ေပးရန္ နယူးဝိခ္ မဂၢဇင္း တြင္ ေရးသား ထားခဲ့သည္။ သို႔မွသာ ေဒသတြင္း တ႐ုတ္၏ ဗိုလ္က် လႊမ္းမိုးမႈကို တုန္႔ျပန္ႏိုင္ၿပီး အေမရိကန္၏ အ႐ွိန္အဝါကို ျဖန္႔က်က္ လာႏိုင္မည္ဟု ဆိုသည္။

ဘိုင္ဒင္သည္ သူ သမၼတ ျဖစ္ၿပီး ဆယ္ရက္ အတြင္း မွာပင္ ျမန္မာ စစ္ေခါင္းေဆာင္မ်ားက ဒီမိုကေရစီ နည္းလမ္း ျဖင့္ ေ႐ြးခ်ယ္တင္ေျမႇာက္ထားေသာ အစိုးရကို ျဖဳတ္ခ်ကာ အာဏာသိမ္းလိုက္ျခင္းျဖင့္ နား႐ြက္ တံေတြးဆြတ္ ခံခဲ့ရၿပီး ျဖစ္သည္။ ယင္း ျပႆနာ သည္ ေဒသတြင္း တ႐ုတ္၏ လႊမ္းမိုးေနမႈ တန္ျပန္ေရး၊ ေျမာက္ကိုရီယား ႏ်ဴ လက္ နက္ မ်ား ထုတ္လုပ္ေနျခင္း ႏွင့္ အတူ အေမရိကန္ ႏိုင္ငံျခားေရး မူဝါဒ အတြက္ အေရးပါေသာ စိန္ေခၚမႈႀကီး ျဖစ္လာခဲ့ရသည္။ အဆိုပါ ျပႆနာ သုံးရပ္တြင္ ျမန္မာ အေရးသည္ ကိုင္တြယ္ရ အလြယ္ကူဆုံး ျဖစ္သည္ဟု ေလ့လာသူမ်ားက ေထာက္ျပေနၾကသည္။

ယခုအခါ အာဆီယံ ႏိုင္ငံမ်ား အပါအဝင္ ႏိုင္ငံ ၁၈ ႏိုင္ငံ ပါဝင္သည့္ အေ႐ွ႕အာ႐ွ ထိပ္သီး အစည္းအေဝး ကို ဆက္လက္က်င္းပလွ်က္ ႐ွိေနသည္။ ထိုအစည္းအေဝး တြင္ အေမရိကန္ သည္ ျမန္မာ ျပႆနာကို ေျဖ႐ွင္းရန္ အေျဖတခုခု အခိုင္အမာ ထြက္လာေရးအတြက္ ေျပာဆို တိုင္ပင္မည္ဟု ယူဆရေပသည္။ဘိုင္ဒင္သည္ ပင္လယ္ျပင္ လြတ္လပ္စြာ သြားလာခြင့္၊ ဒီမိုကေရစီ ႏွင့္ လူ႕အခြင့္အေရးမ်ား အတြက္ အာဆီယံ ႏိုင္ငံမ်ားဖက္က ရပ္တည္သြားမည္ ျဖစ္ၿပီး ေဒသတြင္း လုံျခဳံေရးအား ျပင္းထန္စြာ ၿခိမ္းေျခာက္လာေနသည့္ စစ္ေခါင္းေဆာင္မ်ား၏ လုပ္ရပ္ကို ေျဖ႐ွင္းရမည္ဟု အခိုင္အမာ ကတိကဝတ္ျပဳ ေျပာၾကားသြားခဲ့သည္။

၄ ႏွစ္ အတြင္း ပထမဆုံးအႀကိမ္ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ အေမရိကန္သမၼတ ပါဝင္
တ႐ုတ္သမၼတ ႐ွီက်င့္ဖ်င္သည္ ယခုအခါ ႏိုင္ငံ ျပင္ပသို႔ မထြက္သည္မွာ ရက္ေပါင္း ၆၃၀ ႐ွိေနၿပီး မၾကာမီ ကာလမ်ား အတြင္း အြန္လိုင္း အစည္းအေဝးမ်ားသို႔ပင္ တက္ေရာက္ျခင္း မ႐ွိေတာ့ဘဲ လက္ေထာက္မ်ားကိုသာ ေစလႊတ္လွ်က္ ႐ွိေနသည္ကလည္း သမၼတ ဘိုင္ဒင္ အဖို႔ ၎ႏွင့္ ႏွစ္ကိုယ္ခ်င္း ေတြ႕ဆုံႏိုင္ရန္ အခက္အခဲမ်ား ျဖစ္ေနသည္ဟု သိရသည္။

၄ ႏွစ္ အတြင္း ပထမဆုံးအႀကိမ္ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲမွာ အေမရိကန္သမၼတ ပါဝင္
တ႐ုတ္သမၼတ ႐ွီက်င့္ဖ်င္သည္ ယခုအခါ ႏိုင္ငံ ျပင္ပသို႔ မထြက္သည္မွာ ရက္ေပါင္း ၆၃၀ ႐ွိေနၿပီး မၾကာမီ ကာလမ်ား အတြင္း အြန္လိုင္း အစည္းအေဝးမ်ားသို႔ပင္ တက္ေရာက္ျခင္း မ႐ွိေတာ့ဘဲ လက္ေထာက္မ်ားကိုသာ ေစလႊတ္လွ်က္ ႐ွိေနသည္ကလည္း သမၼတ ဘိုင္ဒင္ အဖို႔ ၎ႏွင့္ ႏွစ္ကိုယ္ခ်င္း ေတြ႕ဆုံႏိုင္ရန္ အခက္အခဲမ်ား ျဖစ္ေနသည္ဟု သိရသည္။

လက္႐ွိ အာဆီယံ ၏ ေျပာင္းလဲလာေသာ မူဝါဒ မ်ား အေပၚ တ႐ုတ္၊ ႐ု႐ွား တို႔ ႏွင့္ အတူ ၿငိမ္သက္ေနေသာ ေနာက္ တႏိုင္ငံမွာ ဂ်ပန္ ပင္ ျဖစ္သည္ဟု တိုက်ိဳ သတင္းစာမ်ားက ဝိုင္းဝန္ ေဝဖန္လာေနၾကသည္။ ဂ်ပန္သည္ နီးကပ္လာေနၿပီ ျဖစ္ေသာ ေ႐ြးေကာက္ပြဲကို အာ႐ုံထားေနပုံ ရသည္။အာဆီယံသည္ မင္းေအာင္လိႈင္ အား ထုတ္ပယ္လိုက္မႈ ႏွင့္ တင္းတိမ္ မေနသင့္ဘဲ လူသားခ်င္း စာနာေထာက္ ထားေသာ အကူအညီမ်ား ေပးႏိုင္ေရး၊ ျပစ္မွတ္ထား စီးပြားေရး ဒဏ္ခတ္မႈမ်ား ျပဳလုပ္ေရး၊ လက္နက္ေရာင္း ခ်မႈ ပိတ္ပင္ေရး ႏွင့္ စစ္ေခါင္းေဆာင္မ်ား၏ ၎တို႔ လုပ္ရပ္မ်ား အတြက္ တာဝန္ခံမႈ ႐ွိလာ‌ေရး မ်ား အတြက္ ႏိုင္ငံတကာ ႏွင့္ ဆက္သြယ္ေဆာင္႐ြက္ရန္လည္း Just Security အဖြဲ႕ႀကီးက ေထာက္ျပလာသည္။

စစ္အာဏာသိမ္း အဖြဲ႕အား စီးပြားေရး အရ ေနာက္ထပ္ ထိုးႏွက္မႈ တခု ထပ္မံ ထြက္ေပၚလာခဲ့ျပန္သည္။ အိႏၵိယ ႐ွိ အာဒါနီ ဆိပ္ကမ္း ေဆာက္လုပ္ေရး ကုမၸဏီႀကီးမွ ရန္ကုန္ တြင္ ကြန္တိန္နာ ဆိပ္ကမ္းႀကီး တခု ေဆာက္လုပ္ ေရး အစီအစဥ္မ်ားကို အၿပီးအပိုင္ စြန္႔လႊတ္ေၾကာင္း ေၾကညာခ်က္ ထြက္ေပၚလာျခင္းပင္ ျဖစ္သည္။အေမရိကန္ အစိုးရ ၏ ျပည္ပ ပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ေရး ႐ုံး အား စီးပြားေရး ပိတ္ဆို႔ ဒဏ္ခတ္မႈမ်ား ႏွင့္ ကင္းလြတ္ေၾကာင္း လိုင္စင္ ေလွ်ာက္ထားခဲ့ၿပီး ေနာက္ အတည္ျပဳခ်က္ မရ၍ လာမည့္ ႏွစ္ ဇြန္လ တြင္ အၿပီးသတ္ ရပ္ဆိုင္းရန္ အခု လို ဆုံးျဖတ္လိုက္ျခင္း ျဖစ္ပုံရသည္။ ထို႔အတြက္ စစ္ေခါင္းေဆာင္မ်ား ေမွ်ာ္လင့္ေနေသာ ေဒၚလာ သန္းေပါင္း မ်ားစြာ ရမည့္ ေျမငွားခ မ်ား လတ္တေလာတြင္ ဆုံး႐ႈံးသြားခဲ့ရေလသည္။

အဆိုပါ ေဒၚလာ သန္း ၂၇၀ တန္ ႏိုင္ငံတကာ အဆင့္မီ ကြန္တိန္နာ ဆိပ္ကမ္း တည္ေဆာက္ေရး အတြက္ စစ္တပ္၏ အာဏာသိမ္းျခင္း ခံလိုက္ရေသာ ျပည္သူ႕အစိုးရ လက္ထက္တြင္ အတည္ျပဳေပးခဲ့ၿပီး ျဖစ္သည္။မင္းေအာင္လိႈင္သည္ အစည္းအေဝးတြင္ “ဘာေတြ ျဖစ္လာႏိုင္မလဲ သေဘာျဖင့္ So What” ဟု ဆိုကာ ေမးျမန္း ေပဦးမည္။ ထိုအခါ သူ႕ထက္ အဂၤလိပ္စာ အသင့္အတင့္ နားလည္ပုံ႐ွိမည့္ စစ္ေကာင္စီ ဝင္မ်ား အဖို႔ So What အဓိပၸါယ္မွာ အေရးမပါ၊ ဂ႐ုမစိုက္ ဟု သိထားသျဖင့္ မည္သို႔မွ် ျပန္လည္ ေျပာဆိုရဲၾကမည္ မထင္ေပ။

unicode

ရုရှား သံရုံးမှပင် လုံခြုံရေးကြေငြာချက် ထုတ်ပြန်လာရပြီမန္တလေး ရှိ ကုန်းလမ်း ပို့ဆောင်ရေး ရုံးအနီး ပေါက်ကွဲမှု ကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့သဖြင့် လူ ကိုးဦးခန့် ဒဏ်ရာ ရရှိ သွားခဲ့မှု နှင့် အတူ စစ်ကောင်စီအား တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်လာနေပြီ ဖြစ်သည်ဟု အေပီ သတင်း ကို ကမ္ဘာအနှံ့ သတင်း မီဒီယာများ တွင် ဖေါ်ပြလာခဲ့ကြသည်။

ရေတာရှည် PDF အဖွဲ့ မှ ကိုယ်ပိုင် အုပ်ချုပ်ရေး ထူထောင်တော့မည်ဟု သတိပေးချက် ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူး အယောက် ၄၀ ခန့်မှာ ကျန်းမာရေး အကြောင်းပြ၍ ရာထူးမှ နှုတ်ထွက်သွားခဲ့ ကြောင်း မြန်မာ နောင်း မှ ဖေါ်ပြလာခဲ့သည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု တိုက်ပွဲကြီးက တဖြေးဖြေး နှင့် ရုပ်လုံးပေါ်လာနေပြီ ဖြစ်သည်။ ဒလန်များကို သုတ်သင်မှု နှင့် အတူ မိမိတို့ အချင်းချင်း တယ်လီဖုန်း ဖြင့် လျှို့ဝှက် ဆက်သွယ်မှု များ ပြုလုပ်ပါကလည်း ဖြစ်နိုင်လျှင် တခါသုံး ဖုံး ကို သုံးရန် နှင့် သုံးမိနစ် ထက် ပိုမပြောကြရန် သတိပေးလာခဲ့ကြသည်။ ကြားဖြတ် နားထောင်ကာ တည်နေရာ ကို စုံစမ်းမှုသည် သုံးမိနစ်အောက်သာ ရှိလျှင် နည်းပညာ ကျွမ်းကျင်ပါသည် ဆိုသော အမေရိကန် တို့ပင် လက်မှိုင်ချနေရ၍ လည်း ဖြစ်သည်။

ရုရှား သံရုံးမှ ကြေညာချက် ထုတ်ပြန်ရာတွင် အမျိုးသား ညီညွတ်ရေး အစိုးရဟု အမည်ပေးထားသော အဖွဲ့မှ စက်တင်ဘာ ၇ ရက်တွင် “ပြည်သူ တွန်းလှန် ခုခံ စစ်” ဆင်နွှဲတော့မည်ဟု ကြေညာလာခဲ့သည့် အချိန်မှစ၍ တိုက်ခိုက်မှုများ အရှိန်အဟုန် မြင့်တက်လာနေ၍ ခက်ခဲဆုံး အခြေအနေများ ရင်ဆိုင်နေရသည်ကို ထင်ဟပ် လျှက် ရှိနေသည်။

သို့သော် လက်ရှိ စစ်အုပ်ချုပ်ရေး အဖွဲ့အနေနှင့် မိမိတို့ သံရုံး ပုံမှန်လည်ပတ်နိုင်ရေး အတွက် ဆက်လက် ၍ လုံခြုံရေး တာဝန်များ ယူထားလျှက် ရှိနေကြောင်း ပထမဆုံး အကြိမ် အဖြစ် လူသိရှင်ကြား ပါးနပ်စွာ သတိပေး လာခဲ့သည်။

မင်းအောင်လှိုင် နှင့် စစ်ကောင်စီ ကိုယ်စားလှယ် တဦး တလေမျှ အာဆီယံ ထိပ်သီး အစည်းအဝေး တွင် မြန်မာ အား ကိုယ်စားပြု တက်ရောက်ခွင့် ငြင်းဆိုခဲ့ပြီးနောက် ပြည်ပရှိ အဖွဲ့အစည်းများက အမျိုးသား ညီညွတ် ရေး အစိုးရကို အာဆီယံ မှ အသိအမှတ် ပြုရန် တောင်းဆို မှု များ ဆူညံစွာ ထွက်‌ပေါ်လာသည်။

ထိုအထဲတွင် အတက်ကြွဆုံး ပြောဆိုလာသည့် အဖွဲ့ က အာဆီယံ နိုင်ငံများ၏ ပါလီမန် အမတ်များ အဖွဲ့ကြီးပင် ဖြစ်သည်။ အဆိုပါ အဖွဲ့ကြီး၏ ဥက္ကဌ ဖြစ်သူ ချားလ် စင်တီယာဂို မှ “မြန်မာ ပြည်သူများသည် နေ့စဉ်နှင့် အမျှ လူသတ် အစိုးရ ကို လက်မခံနိုင်ကြောင်း ကမ္ဘာသိ ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြသလျှက် ရှိနေပြီ ဖြစ်၍ ၎င်းတို့အား ကိုယ်စားပြုသည့် NUG နှင့် ဆက်သွယ် ဆောင်ရွက်ရန် တိုက်တွန်းသည် ဟု CRPH ကိုယ်စားလှယ်များ နှင့် ပူးတွဲ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆိုခဲ့သည်။

အာဆီယံ အနေဖြင့် ယခုအခါ မင်းအောင်လှိုင်ကို ဖယ်ထုတ်လိုက်ပြီ ဖြစ်၍ မြန်မာ အရေး အား အမှန်တကယ် ဖြေရှင်း ရန် တခုတည်းသော နည်းလမ်း ဖြစ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ထိတွေ့ ဆွေးနွေး မှသာ ဖြစ်တော့မည်ဟူသော အယူအဆများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။ ထိုအရေးကို လွန်စွာ စိုးရိမ်ပူပန်လာနေ သော စစ်ကောင်စီသည် အာဆီယံ နှင့် ဆက်လက် ပူးပေါင်းသွားပါမည်ဟု အောက်ကျခံ ဒူးထောက် ပြောဆို လာရသည့် အဆင့် ဖြစ်လာခဲ့သည်မှာ အထင်အရှားပင်။

အာဆီယံ အနေဖြင့် စစ်ကောင်စီက ဘာမှ လုပ်မပေးလျှင် လုပ်နိုင်သောလူနှင့် ပြောဆိုမည်ဟု ပြတ်ပြတ် သားသား ရာဇသံပေးဖို့သာ ရှိပေတော့သည်။ အာဆီယံ ခေါင်းဆောင်များ ယခုလို တစုတဝေးတည်း တွေ့ဆုံ စည်းဝေးနေကြချိန် တွင် ၎င်းတို့ အားလုံး တလေးတစား နှင့် နေရာပေး ဆက်ဆံခဲ့ကြရသော လုပ်ဖေါ်ကိုင်ဖက် တဦး ဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် ကမ္ဘာသိ ခေါင်းဆောင်တဦးမှာ စစ်အာဏာသိမ်း အဖွဲ့၏ လျှို့ဝှက် တရားရုံးတခုတွင် သူမ အပေါ် မတရားစွပ်စွဲလာမှုများကို ချေပနေရချိန် ဖြစ်သည်ကိုလည်း မေ့ပျောက်နိုင်ကြမည်တော့ မဟုတ်ပေ။

ဘိုင်ဒင် အစိုးရအား အမျိုးသား ညီညွတ်ရေး အစိုးရကို အသိအမှတ် ပြုပြီး ထိန်းချုပ်ထားသော မြန်မာပိုင် ဒေါ်လာ တစ် ဘီလီယံ ကို ကိုဗစ် ကာကွယ်ဆေး ဝယ်ယူနိုင်ဖို့ ထုတ်ပေးရန် နယူးဝိခ် မဂ္ဂဇင်း တွင် ရေးသား ထားခဲ့သည်။ သို့မှသာ ဒေသတွင်း တရုတ်၏ ဗိုလ်ကျ လွှမ်းမိုးမှုကို တုန့်ပြန်နိုင်ပြီး အမေရိကန်၏ အရှိန်အဝါကို ဖြန့်ကျက် လာနိုင်မည်ဟု ဆိုသည်။

ဘိုင်ဒင်သည် သူ သမ္မတ ဖြစ်ပြီး ဆယ်ရက် အတွင်း မှာပင် မြန်မာ စစ်ခေါင်းဆောင်များက ဒီမိုကရေစီ နည်းလမ်း ဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်ခြင်းဖြင့် နားရွက် တံတွေးဆွတ် ခံခဲ့ရပြီး ဖြစ်သည်။ ယင်း ပြဿနာ သည် ဒေသတွင်း တရုတ်၏ လွှမ်းမိုးနေမှု တန်ပြန်ရေး၊ မြောက်ကိုရီယား နျူ လက် နက် များ ထုတ်လုပ်နေခြင်း နှင့် အတူ အမေရိကန် နိုင်ငံခြားရေး မူဝါဒ အတွက် အရေးပါသော စိန်ခေါ်မှုကြီး ဖြစ်လာခဲ့ရသည်။ အဆိုပါ ပြဿနာ သုံးရပ်တွင် မြန်မာ အရေးသည် ကိုင်တွယ်ရ အလွယ်ကူဆုံး ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြနေကြသည်။

ယခုအခါ အာဆီယံ နိုင်ငံများ အပါအဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင်သည့် အရှေ့အာရှ ထိပ်သီး အစည်းအဝေး ကို ဆက်လက်ကျင်းပလျှက် ရှိနေသည်။ ထိုအစည်းအဝေး တွင် အမေရိကန် သည် မြန်မာ ပြဿနာကို ဖြေရှင်းရန် အဖြေတခုခု အခိုင်အမာ ထွက်လာရေးအတွက် ပြောဆို တိုင်ပင်မည်ဟု ယူဆရပေသည်။ဘိုင်ဒင်သည် ပင်လယ်ပြင် လွတ်လပ်စွာ သွားလာခွင့်၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ အတွက် အာဆီယံ နိုင်ငံများဖက်က ရပ်တည်သွားမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေးအား ပြင်းထန်စွာ ခြိမ်းခြောက်လာနေသည့် စစ်ခေါင်းဆောင်များ၏ လုပ်ရပ်ကို ဖြေရှင်းရမည်ဟု အခိုင်အမာ ကတိကဝတ်ပြု ပြောကြားသွားခဲ့သည်။

၄ နှစ် အတွင်း ပထမဆုံးအကြိမ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ပါဝင်
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုအခါ နိုင်ငံ ပြင်ပသို့ မထွက်သည်မှာ ရက်ပေါင်း ၆၃၀ ရှိနေပြီး မကြာမီ ကာလများ အတွင်း အွန်လိုင်း အစည်းအဝေးများသို့ပင် တက်ရောက်ခြင်း မရှိတော့ဘဲ လက်ထောက်များကိုသာ စေလွှတ်လျှက် ရှိနေသည်ကလည်း သမ္မတ ဘိုင်ဒင် အဖို့ ၎င်းနှင့် နှစ်ကိုယ်ချင်း တွေ့ဆုံနိုင်ရန် အခက်အခဲများ ဖြစ်နေသည်ဟု သိရသည်။

၄ နှစ် အတွင်း ပထမဆုံးအကြိမ် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ပါဝင်
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုအခါ နိုင်ငံ ပြင်ပသို့ မထွက်သည်မှာ ရက်ပေါင်း ၆၃၀ ရှိနေပြီး မကြာမီ ကာလများ အတွင်း အွန်လိုင်း အစည်းအဝေးများသို့ပင် တက်ရောက်ခြင်း မရှိတော့ဘဲ လက်ထောက်များကိုသာ စေလွှတ်လျှက် ရှိနေသည်ကလည်း သမ္မတ ဘိုင်ဒင် အဖို့ ၎င်းနှင့် နှစ်ကိုယ်ချင်း တွေ့ဆုံနိုင်ရန် အခက်အခဲများ ဖြစ်နေသည်ဟု သိရသည်။

လက်ရှိ အာဆီယံ ၏ ပြောင်းလဲလာသော မူဝါဒ များ အပေါ် တရုတ်၊ ရုရှား တို့ နှင့် အတူ ငြိမ်သက်နေသော နောက် တနိုင်ငံမှာ ဂျပန် ပင် ဖြစ်သည်ဟု တိုကျို သတင်းစာများက ဝိုင်းဝန် ဝေဖန်လာနေကြသည်။ ဂျပန်သည် နီးကပ်လာနေပြီ ဖြစ်သော ရွေးကောက်ပွဲကို အာရုံထားနေပုံ ရသည်။အာဆီယံသည် မင်းအောင်လှိုင် အား ထုတ်ပယ်လိုက်မှု နှင့် တင်းတိမ် မနေသင့်ဘဲ လူသားချင်း စာနာထောက် ထားသော အကူအညီများ ပေးနိုင်ရေး၊ ပြစ်မှတ်ထား စီးပွားရေး ဒဏ်ခတ်မှုများ ပြုလုပ်ရေး၊ လက်နက်ရောင်း ချမှု ပိတ်ပင်ရေး နှင့် စစ်ခေါင်းဆောင်များ၏ ၎င်းတို့ လုပ်ရပ်များ အတွက် တာဝန်ခံမှု ရှိလာ‌ရေး များ အတွက် နိုင်ငံတကာ နှင့် ဆက်သွယ်ဆောင်ရွက်ရန်လည်း Just Security အဖွဲ့ကြီးက ထောက်ပြလာသည်။

စစ်အာဏာသိမ်း အဖွဲ့အား စီးပွားရေး အရ နောက်ထပ် ထိုးနှက်မှု တခု ထပ်မံ ထွက်ပေါ်လာခဲ့ပြန်သည်။ အိန္ဒိယ ရှိ အာဒါနီ ဆိပ်ကမ်း ဆောက်လုပ်ရေး ကုမ္ပဏီကြီးမှ ရန်ကုန် တွင် ကွန်တိန်နာ ဆိပ်ကမ်းကြီး တခု ဆောက်လုပ် ရေး အစီအစဉ်များကို အပြီးအပိုင် စွန့်လွှတ်ကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။အမေရိကန် အစိုးရ ၏ ပြည်ပ ပိုင်ဆိုင်မှု ထိန်းချုပ်ရေး ရုံး အား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ နှင့် ကင်းလွတ်ကြောင်း လိုင်စင် လျှောက်ထားခဲ့ပြီး နောက် အတည်ပြုချက် မရ၍ လာမည့် နှစ် ဇွန်လ တွင် အပြီးသတ် ရပ်ဆိုင်းရန် အခု လို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပုံရသည်။ ထို့အတွက် စစ်ခေါင်းဆောင်များ မျှော်လင့်နေသော ဒေါ်လာ သန်းပေါင်း များစွာ ရမည့် မြေငှားခ များ လတ်တလောတွင် ဆုံးရှုံးသွားခဲ့ရလေသည်။

အဆိုပါ ဒေါ်လာ သန်း ၂၇၀ တန် နိုင်ငံတကာ အဆင့်မီ ကွန်တိန်နာ ဆိပ်ကမ်း တည်ဆောက်ရေး အတွက် စစ်တပ်၏ အာဏာသိမ်းခြင်း ခံလိုက်ရသော ပြည်သူ့အစိုးရ လက်ထက်တွင် အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။မင်းအောင်လှိုင်သည် အစည်းအဝေးတွင် “ဘာတွေ ဖြစ်လာနိုင်မလဲ သဘောဖြင့် So What” ဟု ဆိုကာ မေးမြန်း ပေဦးမည်။ ထိုအခါ သူ့ထက် အင်္ဂလိပ်စာ အသင့်အတင့် နားလည်ပုံရှိမည့် စစ်ကောင်စီ ဝင်များ အဖို့ So What အဓိပ္ပါယ်မှာ အရေးမပါ၊ ဂရုမစိုက် ဟု သိထားသဖြင့် မည်သို့မျှ ပြန်လည် ပြောဆိုရဲကြမည် မထင်ပေ။

Add a Comment

Your email address will not be published.