ချင်းပြည်နယ် ထန်တလန်မြို့ အတွက် ရင်ထဲမှာပြောမပြတတ်အောင် ခံစားနေရတဲ့ ခင်ဝင့်ဝါ

ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါ ကတော့ မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် လောက ကို ခြေစုံ ပစ် ဝင်ရောက်လာတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ပရိသတ်များရဲ့ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက် ရရှိထားတဲ့ ခင်ဝင့်ဝါတစ်ယောက်ကတော့ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။

သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ပုရိသတွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိ သတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်…..။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခေးလေး ကတော့ ပြည်သူ့တွေဘက်က ရပ်တည်ပြီးတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ခဲ့တဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။အမှန်တရားအတွက် ပြည်သူတွေနဲ့အတူတူ တိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံထားရတာကြောင့် တိမ်းရှောင်နေရပါတယ်။ခင်ဝင့်ဝါ ကတစ်မြို့လုံးနီးပါး မီးလောင်ခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ အတွက် ရင်ထဲမှာပြောမပြတတ်အောင် ခံစားနေရပါတယ်။

ရက်စက်လိုက်ကြတာ…..အေးချမ်းလွန်းတဲ့မြို့လေး အမြန်ဆုံးမီးငြိမ်းပါစေ ချင်းပြည်နယ် အတွက် ပြောမပြတတ်အောင်ခံစားရပါတယ် မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ

Pray for Thantlang , Chin State ” လို့ ခင်ဝင့်ဝါ ဟာသူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ချင်းပြည်နယ် ထန်တလန်မြိ့အတွက် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကိုရေးသားထားတဲ့ သတင်းလေးကိုပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်များရဲ့ ပစ်ခတ် မီးရှို့ ဖျက်ဆီးမှုကြောင့် လူနေအိမ် ၁၆၃ လုံးနှင့်ခရစ်ယန် ဘုရားရှိခိုးကျောင်း ၂ ခု မီးလောင်ပြာကျသွားကြောင်း ထန်တလန် CDF အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

CDF-ထန်တလန် ကောက်ယူထားသော စာရင်းအရ ထန်တလန်မြို့၊ရပ်ကွက် ၅ခုတွင် လူနေအိမ် ၁၆၃ လုံး မီးလောင်သွားကြောင်း၊ ဇုန်မွှန် ရပ်ကွက်တွင် နေအိမ် ၅၆ လုံး၊ လုံတီာလ်ရပ်ကွက်တွင် ၃ လုံး၊ Biakinn ရပ်ကွက်တွင် ၂၉လုံး၊ Market ရပ်ကွက် ၅၂ လုံး၊ TABC ရပ်ကွက်တွင် ၂၂ လုံး၊ စုစုပေါင်း အိမ် ၁၆၃ လုံးလောင်ကျွမ်းခဲ့ပါတယ်။ပရိသတ်ကြီးရေ မင်းသမီး ခင်ဝင့်ဝါ နဲ့ အတူတစ်နိုင်ငံလုံးမှာနေထိုင်တဲ့ မြန်မာပြည်သူပြည်သားများအားလုံးလည်း ချင်းပြည်နယ် ထန်တလန်မြို့အတွက် ရင်နှင့်အမျှခံစားနေရပါတယ်။

ဒါကြောင်း ချင်းပြည်နယ် ထန်တလန်မြို့မှ သွေးချင်းညီအစ်ကိုမောင်နှမတွေအတွက်ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားပေးခဲ့ပါအုန်းနော်။မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အမြန်ဆုံးကင်းလွတ်ပြီးတော့ မြန်မာနိုင်ငံသားများအားလုံး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိနိုင်ပါစေလို့ Cele Only မှဆုတောင်းပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published.