NUG ရန်ပုံငွေပွဲတွင် အာဇာနည် မင်းမော်ကွန်း အပါအဝင် အနုပညာရှင်များ စွာ ပါဝင်ဖျော်ဖြေ မည့် ရက်ကို ကြေငြာ

စစ်အာဏာရှင်စနစ်ကို အသိ ပညာ၊ အတတ်ပညာ၊ အနုပညာ၊ စစ်ပညာတွေနဲ့ အဘက် ဘက်မှ တော်လှန်ရင်းနွေဦးတော်လှန်ရေးမှာ ပါဝင်နေသော အနုပညာရှင်တွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ပညာရေးရန်ပုံငွေဖျော်ဖြေပွဲကိုကျင်းပသွားဖို့ ရှိတာပါ။ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ပြီး မြန်မာ့ပညာရေးပြန်လည်ဦး မော့လာရေးကို ရည်ရွယ် ပြုလုပ်တဲ့ ဒီဖျော်ဖြေပွဲကိုတော့ “ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ” လို့ အမည်ပေးထားပြီးတော့ လာမယ့် နိုဝင်ဘာ ၁၃ ရက်နေ့၊

မြန်မာ စံတော်ချိန်ည ၈ နာရီမှာ ကျင်းပပြု လုပ်သွားမယ် လို့ ဆိုပါတယ်နော်။တော်လှန်ရေးမှာ ပါဝင်ဆင်နွှဲနေကြတဲ့ နိုင်ငံကျော် ဂီတ၊ ရုပ်ရှင်၊ ကာတွန်း၊ စာပေ၊ ပန်:ချီ အနုပညာရှင်တွေကတော်လှန်ရေးတေးသီချင်းတွေ၊ ကဗျာတွေ၊ ကာတွန်း၊ ပန်းချီ၊ မှတ် တမ်းရုပ်ရှင်နဲ့တခြားသော

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အနုပညာဖျော်ဖြေမှုအစီအစဉ်များစွာနဲ့ ဖျော်ဖြေတင်ဆက်သွားမှာပါ။ဒီဖျော်ဖြေပွဲမှာတော့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့အတူအဆိုတော် ချမ်းချမ်း၊ R. ဇာနည်၊ သရုပ်ဆောင် မင်းမော်ကွန်း၊ ဒေါင်း၊ မြနှင်းရည်လွင်မြတ်နိုးအေးတို့နဲ့တခြားအနုပညာရှင်တွေလည်း အများကြီး ပါဝင်သွားကြမှာ ဖြစ်ပါတယ်နော်။ဒီဖျော်ဖြေပွဲကနေ ရရှိလာတဲ့ လက်မှတ်ရောင်းရငွေတွေ၊ အလှူငွေတွေကိုတော့ခက်ခဲတဲ့ ဒေသပညာရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး၊

CDM ထောက်ပံ့ရေး၊ဖက်ဒရယ် ပညာရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်ရေးတွေမှာ အကျိုးရှိစွာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်နော်။ဒါကြောင့် ပညာရေးနဲ့ စစ်အာဏာရှင်တော်လှန်ရေး ရန်ပုံငွေ Live Show ကိုမိဘပြည် သူတွေအနေနဲ့ ပါဝင်လှူဒါန်းကြဖို့လည်း NUG က တိုက်တွန်းနှိုးဆော်ထားတာပါ။ပွဲကျင်းပမယ့်နေရာ၊ ပုံစံတွေကိုတော့ ဝယ်ယူတဲ့ လက်မှတ်မှာ ဖော်ပြသွားမှာဖြစ်ပြီးလက်မှတ်ရောင်းချမယ့် အစီအစဉ်အသေးစိတ်ကို ထပ်မံကြေညာသွားမယ်လို့ ဆိုပါတယ်နော်။

Credit

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Add a Comment

Your email address will not be published.