တန္ေဆာင္မုန္းလျပည့္ေန ႔တြင္ မယ္ဇလီဖူး သုပ္စားျခင္းျဖင့္ ေဆးေပါင္းခသည့္အေၾကာင္း

တန္ေဆာင္မုန္းလအခါတြင္ ေဆးပင္အေပါင္းကို ေစါင့္ေသာနတ္တို့သည္ မယ္ဇလီပင္ေစါင့္နတ္မင္းအားတစ္ညီတစ္ညြတ္တည္း လာေရာက္ခစားၾကသည္။မယ္ဇလီဖူးကို စားသုံးခဲ့ေသာ္ ၊(၉၆)ပါးေသာ ေရာဂါမ်ားကင္းရွင္း ၍ ဘုန္းႀကီးအသက္ရွည္နိုင္သည္ ဟု ၊“သါရေကာမုဒိ” ေဆးက်မ္း ကျပဆိုပါသည္။

ထို့ေၾကာင့္ ၊ ျမန္မာ့ေရွးရိုးအစဥ္အလာအရ တန္ေဆာင ္မုန္း လျပည့္ အခါသမယတြင္ ၊မယ္ဇလီဖူး ကိုအဆာစုံစြာသုပ္၍မိသားစု၀င္မ်ားအားလုံးစားသုံးကာ ၊ ပတ္၀န္းက်င္ အိမ္နီးခ်င္းမ်ားအားလည္း ၊ မယ္ဇလီဖူးသုပ္အ ထုပ္ငယ္မ်ားကို ေဆးဝါးအျဖ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စ္ေပးေဝလ်က္ ဒါနျပဳေလ့ရွိၾကပါသည္။နကၡတ္၊ ၾကယ္တာရာ စုံညီစြာေပၚထြန္းေသာေၾကာင့္ ၊ေဆးအာနိသင္မ်ား နိုးႂကြထက္ျမက္ေစ၍ “ေဆးေပါင္းခသည့္ည” -ဟုလည္း ၊ယုံၾကည္ၾကသည္။

ဤညအခါ၌ ၊ခူး ဆြတ္ တူးေဖၚရရွိေသာ ေဆးပင္ ၊ေဆးရြက္၊ အျမစ္ ၊ အဖု ၊အဥ တို့ကို အထူးသိမ္းဆည္းထားကာ အလိုရွိရာအခါ၌ ၊အသုံးျပဳၾကသည္။

လျပည့္ေန ညဥ့္လယ္ လမြန္းတည့္အခ်ိန္၌ ၊ လရိပ္သ ည္ ေရအျပင္ေပၚက်ေရာက္ေသာအခါ ၊ “လမြန္း တည့္ေရ” ကို ေသ ာက္သုံး၍ ၊ေဆးအာနိသင္မ်ားျပည့္၀လ်က္ က်န္းမာေရးကို ေကာင္းမြန္ေစသည္-ဟု ယူဆၾကသည္ဤအခါ၌ ၊ လက္လွမ္းမီရာ ေဆးပင္ ၊ေဆးရြက္တို့ကို ခူးဆြတ္ကာစားသုံးေလ့ရွိၾကသည္

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအားတစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။မယ်ဇလီဖူးကို စားသုံးခဲ့သော် ၊(၉၆)ပါးသော ရောဂါများကင်းရှင်း ၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု ၊“သါရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။

ထို့ကြောင့် ၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်း လပြည့် အခါသမယတွင် ၊မယ်ဇလီဖူး ကိုအဆာစုံစွာသုပ်၍မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း ၊ မယ်ဇလီဖူးသုပ်အ ထုပ်ငယ်များကို ဆေးဝါးအဖြ

စ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသောကြောင့် ၊ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည” -ဟုလည်း ၊ယုံကြည်ကြသည်။

ဤညအခါ၌ ၊ခူး ဆွတ် တူးဖေါ်ရရှိသော ဆေးပင် ၊ဆေးရွက်၊ အမြစ် ၊ အဖု ၊အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့်အချိန်၌ ၊ လရိပ်သ ည် ရေအပြင်ပေါ်ကျရောက်သောအခါ ၊ “လမွန်း တည့်ရေ” ကို သောက်သုံး၍ ၊ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်-ဟု ယူဆကြသည်ဤအခါ၌ ၊ လက်လှမ်းမီရာ ဆေးပင် ၊ဆေးရွက်တို့ကို ခူးဆွတ်ကာစားသုံးလေ့ရှိကြသည်

Add a Comment

Your email address will not be published.