ဒီနိုင်ငံမှာ ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်ဆိုတာ ကို အပြောမဟုတ်ဘဲ လက်တွေ့လုပ်ပြလိုက် တဲ့ ဇေသီဟ

တစ်ချိန်က အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်ယောက် ဖြစ်ခဲ့တာကတော့ အကယ်ဒမီ နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ နန္ဒာလှိုင်ဟာဆိုရင် ယနေ့အချိန်ထိ ပရိသတ်အားပေးမှုတွေကို သိမ်းပိုက်ထားနိုင်တုန်း ဖြစ်ပါတယ်။ ဇေကမ္ဘာက ဇေသီဟနဲ့ အိမ်ထောင်ပြုပြီးနောက်

အနုပညာအလုပ်တွေကို ရပ်နားခဲ့တဲ့ နန္ဒာလှိုင်ဟာ ပရိသတ်တွေနဲ့ ဝေးကွာခဲ့ပေမယ့် လူမှုကွန်ယက်ကနေတော့ ပုံရိပ်လေးတွေ တင်ပေးလေ့ရှိတာပါ။ သူမကတော့ ပျော်ရွင်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မြင်သူတိုင်းက အားကျနေရတာဖြစ်ပါတယ်။ သူမရဲ့

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခင်ပွန်းဖြစ်သူရဲ့ အချစ်တွေ ကြောင့်လည်း အားမကျပဲ မနေနိုင်တာဖြစ်ပါတယ်။ သူ့မရဲ့ခင်ပွန်းကလည်း ချစ်ဇနီးပုံလေးတွေ သူတို့အမှတ်တရစာလေးတွေကို လူမှုကွန်ယက်ကနေ ပရိသတ်တွေ အားကျအောင် တင်ပေးလေ့ရှိတာပါ။ ခုမှာလည်း ချစ်ဇနီး နန္ဒာလှိုင်ရဲ့ ပန်းချီကားကို

မကြာမီဖွင့်လှစ်တော့မယ့် ရှေးဟောင်းပြတိုက်အတွင်းမှာ ရှေစဟောင်းပစ္စည်းတွေနဲ့အတူ ချိတ်ဆွဲပြသ ထားလာခဲ့တာပါ။ ဒီပန်းချီလေးကိုတော့ အရင်ပန်းချီကျောင်းအုပ်ကြီးဟောင်း တစ်ဦးက ရေးဆွဲထားတာ ဖြစ်တယ်လို့သိရပြီး ပရိသတ်တွေကတော့ အမျိုးမျိုး ဝေဖန်ပြောကြားနေကြတာလည်း ဖြစ်ပါတယ်။ ရှေးဟောင်းပစ္စည်းတွေ ပြသတဲ့ပြတိုက်မှာ မဆီမဆိုင် သူ့မိန်းမန္ဒာလှိုင်ပုံပါ ထည့်ပြတာဟာ ငွေရှိရင် ဘာလုပ်လုပ်လုပ်လို့ ရတယ်ဆိုတဲ့ သဘောသက်ရောက်ကာ ကိုယ်ပိုက်ဆံရှိလို့ ကိုယ်ထောင်တဲ့ ပြတိုက်ဆိုပေမယ့် ရှေးဟောင်းပြတိုက်ဆိုတာ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နိုင်ငံတကာကပါ လာကြည့်ရှု့လေ့လာကြမှာဖြစ်လို့ ရှေးဟောင်းတွေကြားမှာ နန္ဒာလှိုင့်ပုံကြီးက မြင်ရတွေ့ရမှာ အဆင်မပြေကြောင်း ထောက်ပြပြောကြားနေကြတာလည်း တွေ့မြင်ရပါတယ်။ ပရိသတ်ကြီးလည်း တွေ့မြင်ရအောင် ဇေကမ္ဘာရှေးဟောင်း ပြတိုက်ထဲမှာတောင်

မှတ်တမ်းတင်ထားတဲ့ နန္ဒာလှိုင်ရဲ့ပန်းချီပုံရိပ်တွေကို ပရိသတ်ကြီးအတွက် တင်ပေးလိုက်ပါတယ်နော်။ ဇေသီဟရဲ့ ယခုလုပ်ရပ်နဲ့ ပတ်သက်ပြီး ပရိသတ်ကြီးရဲ့သဘောထား အမြင်များကိုလည်း လွတ်လပ်စွာ ပြောကြား ဆွေးနွေးပေးဖို့ ဖိတ်ခေါ် တိုက်တွန်းအပ်ပါတယ်နော်။

Add a Comment

Your email address will not be published.