အဆင်မပြေတဲ့သူတွေကို အခုလိုချိန်မှာ နိုင်သလောက်ကူညီနိုင်ဖို့ အလုပ်တွေ ကို ပြန်လုပ်တော့ မယ် လို့ အသိပေးခွင့်တောင်းလာတဲ့ ခေးဆက်သွင်


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


unicode

ပရိသတ်ကြီးရေ မင်္ဂလာပါ ခေးဆက်သွင်ကတော့ နန်းဆန်တဲ့အလှကို ပိုင်ဆိုင်ထားပြီး တည်ငြိမ်အေးဆေးတဲ့ အပြုံးလေးတွေနဲ့ အပြူအမူ အပြောလေးတွေကြောင့် ပုရိသတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူပါ။ ဖြူစင်တဲ့ စိတ်ထားလေးနဲ့ ရရင်ရသလို အလှူဒါနလေးတွေ ပြုလုပ်တတ်တဲ့ မင်းသမီးလေးဆိုလည်း ဟုတ်ပါတယ်နော်။ ဒီနေ့မှာလည်း ”အလုပ်လေးတွေ လာအပ်ကြတဲ့သူတွေလည်း ရှိပေမယ့်

ပြီးခဲ့တဲ့ ၇ လအတောအတွင်းမှာ ခေးအနေနဲ့ လက်ခံဖို့ခက်ခဲတဲ့ အခြေအနေမို့ reply တွေမပြန်ခဲ့မိပါဘူး တချို့ကိုတော့ အကျိုးအကြောင်း ပြောပြခဲ့ပါတယ်။ ခုချိန်မှာတော့ ချစ်ရတဲ့သူများနဲ့ မိသားစုတာဝန်အရရောအလုပ်ဝါသနာအရရော ကျဆင်းနေတဲ့ စိတ်ဓါတ်အတွက်ရော အဆင်မပြေတဲ့သူတွေကို နိုင်သလောက်ထက် ပိုတွဲထူချင်တဲ့စိတ်နဲ့ရော Fb post ကြော်ငြာတချို့လေးတွေကို စီစစ်လက်ခံပြီး တင်မိပါလိမ့်မယ်ရှင့်”

“အားလုံးရဲ့ စိတ်အခြေအနေကို သိပြီးသားမို့ တတ်နိုင်သမျှ အမှားအနည်းဆုံးဖြစ်အောင် အခြေအနေအချိန်အခါမသိပဲ မတင်မိအောင် ကြိုးစားပါ့မယ်နော်” ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်ကနေ ပရိသတ်တွေကို ခွင့်တောင်းခဲ့တာပါ။ ပရိသတ်ကြီးလည်း အနုပညာအလုပ်တွေ ရပ်နားထားတာ ကြာပြီဖြစ်တဲ့ ခေးကို အားပေးဝန်းရံပေးကြမယ်ဆို မှတ်ချက်ပေးခဲ့ပါဦးနော်။

လေးစားစွာဖြင့် ခရက်ဒစ်.

Add a Comment

Your email address will not be published.