“အသက်ပေးသွားသူကို အားနာကြပါဦး “လို့ မေတ္တာရပ်ခံလိုက်တဲ့ တေးသံရှင်ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်

ကိုယ့်အိမ်က တွတ်ပီအခန်းလေးထဲမှာတော့..တွတ်ပီရဲ့အရာရာဟာနေရာတကာပြန့်ကျဲနေတာသူ့အခန်းထဲဝင်လိုက်တိုင်း ရင်ဘတ်တွေအောင့်တက်၊မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတတ်လို့ တတ်နိုင်သလောက်မဝင်ဘူးဒါပေမဲ့ဒီတိုင်းထားလို့လဲမရတော့ဖုံတွေသဲတွေဝင်ရှင်း၊ဘီဒိုထဲကမှိုတက်စပြုလာတဲ့

လျှော်ပြီးသားအဝတ်အစားတွေပြန်လျှော်မီးပူတိုက်၊ပရုပ်လုံးလှိုင်လှိုင်ထည့်ပြီးအမြတ်တနိုးသိမ်းဆည်းခဲ့တာတန်ဖိုးကြီး၊ဈေးကြီးလို့ သိမ်းတာမဟုတ်ဘဲသူသုံးခဲ့တဲ့ ပစ္စည်းလေးတွေဆိုတဲ့စိတ်နဲ့ပါသူရောက်သွားချိန်ကနေသေဆုံးချိန်ထိ စွဲစွဲမြဲမြဲသုံးခဲ့တာလေးတွေဆိုပိုတန်ဖိုးထားတယ်.ရန်ကုန်မှာခေတ်ကောင်းစဉ် Cele ကြီးဘယ်တော့မှသုံးစွဲဖို့ စိတ်မကူးပေမဲ့ဟိုမှာငွေကြေးအခြေအနေအရ သေဆုံးချိန်ထိသုံးခဲ့တဲ့အပေါစားခေါင်းအုံးအပေအတူးအစုတ်လေးသူအမြဲခြုံခဲ့တဲ့စောင်အနွမ်းလေး၊အပေါစား shower cream ဘူးခွံလေးရွှံ့တွေပေပွနေတဲ့ဝတ်စုံ၊‌

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မိုးရေတွေစိုရွှဲနေတဲ့ Towel Big Cele မို့အိမ်မှာအကောင်းစားဖိနပ်တွေအောတိုက်နေတာတောင် တစ်ရံမှသယ်မသွားဘဲနောက်ဆုံးချိန်ထိ စီးခဲ့တဲ့ခွေးကိုက်ထားလို့သဲကြိုးပြတ်ကာနီးဖေါ့ဖိနပ်တစ်ရံ၊နိုင်ငံကျော် Cele ကြီးရဲ့နောက်ဆုံးလက်ကျန် ငွေသုံးသောင်းတောင်မပြည့်
တော့တဲ့ မှိုတက်နေတဲ့ Wallet လေးအဲ့ဒါတွေအားလုံး ကျန်တဲ့ပစ္စည်းတွေထက်ပိုမိုတန်ဖိုးထား၊အဖိုးမဖြတ်နိုင်လို့အသေအချာထုတ်ပိုး ဂရုစိုက်သိမ်းဆည်းခဲ့တယ်ကျန် သူ့အမှတ်တယတွေကိုနီးစပ်သလို လှူခဲ့တယ်ပေးခဲ့တယ်.လက်ခံရရှိသူတွေအသိဆုံးပါတစ်ခါမျှ ရောင်းစားဖို့မကြံစည်ခဲ့ဖူးပါ.
မိသားစုကရင်ကွဲပြီး ခံစားနေရချိန်..

တွတ်ပီကိုဘယ်လိုချစ်တာဘယ်လောက်လွမ်းတာလို့ တွင်တွင်ပြောပြီးတွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မလုပ်စားကိုင်စားနေကြတဲ့အတု တွေအားလုံးကိုအံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ပါတယ်စက်ဆုတ်ပါတယ်တစ်နည်းနည်းနဲ့တွတ်ပီ သိခဲ့ရင်လဲအတော်လေးစိတ်မကောင်းဖြစ်မှာပါခေတ်ကြပ်ကြီးထဲမှာ လူတိုင်းစားဝတ်နေရေအဆင်ပြေမနေကြပါဘူးကိုယ်တွေသားအမိလဲ Online မှာဈေးရောင်းစားနေကြရတာပါ.

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စားဝတ်နေရေးအဆင်မပြေတာ Reasonပေးပြီး တွတ်ပီကိုခုတုံးလုပ် အသုံးမချကြပါနဲ့ ငတ်နေရင်အကျိုးကြောင်းပြောပြီးလာတောင်းကြပါ.လှူဒါန်းပေးကမ်းပါ့မယ်.တစ်ခုသိထားကြဖို့ကတွတ်ပီဟာ သူယုံကြည်ရာလမ်းကို‌လျှောက်လှမ်းနေရင်းအနေဆင်းရဲအစားဆင်းရဲ၊အစာ ငတ်တဲ့ဒဏ်အကြောင်းပြုပြီး သေဆုံးသွားရတယ်ဆိုတာ ပါဘဲငတ်နေတယ်လို့ အသက်ရှင်နေသေးသူတွေကသိပ်မငြီးတွားကြပါနဲ့အသက်ပေးသွားသူကို အားနာကြပါဦး

Add a Comment

Your email address will not be published.