အမ်ိဳးသမီးႏွင့္ လူမ်ိဳးစုငယ္ မ်ား အခြင့္အေရး ေခါင္းေဆာင္ မႈ႕မေကာင္း ရင္ ဘာမွ လုပ္ မ ရ ဘူးဟု ဆို

ႏိုင္ငံတစ္ခုတြင္ စနစ္မ်ား၊ မူဝါဒမ်ား မည္မွ်ပင္ ေကာင္းေစကာမႈ ႏိုင္ငံေခါင္းေဆာင္မ်ား၏ လုပ္လိုသည့္ ဆႏၵမ႐ွိပါက လူမ်ိဳးစုငယ္မ်ား၊ အမ်ိဳးသမီးမ်ားအေနျဖင့္ အခြင့္အေရး ရ႐ွိမည္မဟုတ္ဟု ရန္ကုန္ေစာင့္ၾကည့္အဖြဲ႕မွ ဥကၠ႒ ေဒါက္တာ ညိဳညိဳသင္းက ေျပာသည္။

၎က “စနစ္က ဘယ္ေလာက္ေကာင္းေကာင္း ပါတီေတြက ဘယ္ေလာက္ပဲ သူတို႔ရဲ႕ မူဝါဒအေနနဲ႔ ေၾကညာထား၊ ေၾကညာ ထား တကယ္တမ္းၾကေတာ့ ႏိုင္ငံေရးေခါင္းေဆာင္ေတြရဲ႕ Willingness ေပါ့။ Willingness က အဓိကပဲ။ လူနည္းစုေတြကို ေနရာ ေပးသလားတို႔၊ အမ်ိဳးသမီးေတြကို ေနရာေပးသလားတို႔ ဆိုတာေတြဟာ အဲဒီပါတီေတြကို ေခါင္းေဆာင္တဲ့ အႀကီးအကဲ ေတြ အေပၚ အမ်ားႀကီး မူတည္ပါတယ္။ ဘယ္ေလာက္ပဲ ပ်ံေနေအာင္ စည္းကမ္းေတြထားထား၊ ႏိုင္ငံေရးေခါင္းေဆာင္ေတြရဲ႕ Willingness က သိပ္ၿပီး အေရးႀကီးတာေပါ့။ ဒါအန္တီတို႔ ၿပီးခဲ့တဲ့ သက္တမ္းႏွစ္ခုကို ၾကည့္လိုက္လို႔႐ွိရင္ အထင္းသား ျမင္ေန ရတယ္ေလ” ဟု ေျပာသည္။

ယခင္အစိုးရ သက္တမ္းႏွစ္ခုကို ျပန္လည္ေလ့လာၾကည့္ပါက အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လက္ထက္မွာ လႊတ္ေတာ္အတြင္း အမ်ိဳးသမီး ပါဝင္မႈ မ်ားလာေသာ္လည္း ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္သည့္ အခြင့္အေရးမွာ နည္းပါးခဲ့ေၾကာင္း ေဒါက္တာညိဳညိဳသင္းက ေျပာသည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

“ဦးသိန္းစိန္ လက္ထက္ၼွာၾကေတာ့ အမ်ိဳးသမီးေတြ ပါဝင္ႏႈန္းက ေတာ္ေတာ္ကို နည္းခဲ့တာ။ တခ်ိဳ႕လႊတ္ေတာ္ေတြဆိုရင္ ၂ % ေလာက္ပဲ႐ွိခဲ့တာ။ တစ္ႏိုင္ငံလုံးမွာမွ ၇ % ေလာက္ပဲ ႐ွိခဲ့တာ။ အဲ‌ေတာ့ ဦးသိန္းစိန္လက္ထက္ၼွာ အမ်ိဳးသမီး အေရအတြက္ အေတာ္နည္းခဲ့တယ္။ သို႔ေသာ္လည္းပဲ ဦးသိန္းစိန္လက္ထက္မွာ ဦးသိန္းစိန္ အၾကံေပးမ်ားရဲ႕ ေကာင္းမႈေၾကာင့္ အစိုးရအဖြဲ႕ထဲ မွာ အမ်ိဳးသမီးအခ်ိဳ႕ ေနရာရတယ္။ NLD လက္ထက္မွာ ဆိုလို႔႐ွိရင္ အမ်ိဳးသမီးဝန္ႀကီးက ေဒၚေအာင္ဆန္းစုၾကည္ တစ္ ေယာက္ပဲ ႐ွိခဲ့တာေပါ့ေနာ္။ ဦးသိန္းစိန္ ေခတ္မွာေတာင္မွာ အမ်ိဳးသမီးဝန္ႀကီးေတြက NLD လက္ထက္စာရင္ အမ်ားႀကီး႐ွိခဲ့ တယ္” ဟု၎က ေျပာသည္။

၂၀၁၀ ခုႏွစ္ လႊတ္ေတာ္သက္တမ္းတြင္ အမ်ိဳးသမီး ပါဝင္မႈ ၄ ရာခိုင္ႏႈန္းသာ႐ွိၿပီး ၂၀၁၅ ခုႏွစ္ လႊတ္ ေတာ္သက္တမ္းတြင္ အမ်ိဳးသမီး ပါဝင္မႈ ၁၃ ရာခိုင္ႏႈန္း႐ွိေၾကာင္း၊ ၂၀၂၀ ခုႏွစ္ လႊတ္ေတာ္သက္တမ္းတြင္ ၁၆ ရာခိုင္ႏႈန္းခန္႔႐ွိေၾကာင္း ISP Myanmar မွ သိ႐ွိရပါသည္။

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္အမတ္ေဟာင္း ဦးေဖသန္းက စနစ္ေကာင္းရန္ ပိုအေရးႀကီးေၾကာင္းႏွင့္ မိမိတို႔ ႏိုင္ငံအေနျဖင့္ မည္သည့္စနစ္မ်ိဳး က်င့္သုံးမည္ကို ေ႐ြးခ်ယ္ရန္ လိုအပ္ေၾကာင္း ေျပာသည္။

၎က “စနစ္ေကာင္းမေကာင္းက ပိုအေရးႀကီးတာေပါ့ဗ်ာ။ ‌ေခါင္းေဆာင္ေကာင္း ဆိုတာကေတာ့ သူ႕ဟာနဲ႔သူေတာ့ ႐ွိလာမွာ ေပါ့။ အရည္အခ်င္းနည္းတာ မ်ားတာနဲ႔ပဲ ေျပာလို႔ရမယ္။ စနစ္ေကာင္းဖို႔က အေရးႀကီးတာေပါ့။ က်ေနာ္တို႔ ဒီမိုကေရစီစနစ္ကို တစ္ကမ႓ာလုံးက အမွားအယြင္းနည္းတယ္၊ အား နည္းခ်က္ နည္းတယ္ဆိုၿပီး လက္ခံထားၾကတာပဲ။ ဒီမိုကေရစီစနစ္ ျဖစ္စရာ မလိုဘူး။ စစ္အာဏာ ႐ွင္စနစ္လည္း ေခါင္းေဆာင္ေကာင္းရင္ တိုးတက္ႏိုင္တယ္ဆိုတဲ့ ပုံစံမ်ိဳး ေျပာလာရင္ေတာ့ က်‌ေနာ္တို႔က ဒီမိုကေရစီကို မသိက်ိဳးကြၽန္ျပဳရာ ေရာက္တာေပါ့။ က်‌ေနာ္တို႔ႏိုင္ငံက ဒီမိုကေရစီနဲ႔သြားမလား၊ တစ္ပါတီစနစ္နဲ႔ သြားမလား ဆုံးျဖတ္ေလ။ တ႐ုတ္လို ဆုံးျဖတ္မလား ဆို႐ွယ္ဒီမိုကေရစီနဲ႔ သြားမလား။ တစ္ပါတီစနစ္နဲ႔ သြားမလား အဲတာ ဆုံးျဖတ္ေပါ့။ ပါတီစုံစနစ္နဲ႔ သြားမယ္ဆိုၿပီးမွေတာ့ ေခါင္း ေဆာင္ညံ့တာ ဖ်င္းတာက ျပႆနာမဟုတ္ေတာ့ဘူး” ဟု ေျပာပါသည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မ႐ွင္ (UEC)မွ ဥကၠ႒ ဦးသိန္းစိုးက PR စနစ္ ေျပာင္းလဲက်င့္သုံးခဲ့ပါက လူမ်ိဳးစုငယ္မ်ား အပါအဝင္၊ တိုင္းရင္းသားမ်ား၊ အမ်ိဳးသမီးမ်ားႏွင့္ တစ္သီးပုဂၢလမ်ားလည္း အခြင့္ အေရး ရ႐ွိလာမည္ဟု ႏိုဝင္ဘာ ၅ ရက္က ႏိုင္ငံေရးပါတီမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးစဥ္ ေျပာၾကားခဲ့သည္။

ေဒါက္တာ ညိဳညိဳသင္းက စစ္တပ္အေနျဖင့္ လူ႕အခြင့္အေရး ေလးစားလိုက္နာမႈမ်ား၊ ဒီမိုကေရစီစံႏႈန္းမ်ား က်င့္သုံးႏိုင္မႈ ျမႇင့္တင္လိုပါက လုပ္ေဆာင္ရန္လြယ္ကူသည့္ အေနအထားတြင္ ႐ွိေၾကာင္း ေျပာ သည္။

၎က “ႏိုင္ငံေရး စိတ္ေစတနာ တကယ္မွန္ကန္ တယ္ဆိုလို႔႐ွိရင္ စစ္တပ္လက္ထက္ဆို ပိုၿပီးေတာင္ အေကာင္အထည္ ေဖာ္လို႔ရ တယ္ေပါ့ေနာ္။ ေျပာခ်င္တာက စစ္တပ္ဆိုတာ အမိန္႔ထုတ္လိုက္လို႔႐ွိရင္ ဟိုးေအာက္အထိ မျဖစ္မေန လိုက္နာရ တယ္။ ဒီမိုကေရစီ အစိုးရေခတ္တို႔၊ အရပ္သားအစိုးရေခတ္တို႔ဆိုတာက ျပန္လွန္ေမးခြန္းထုတ္တာတို႔ ဘာတို႔႐ွိေသးတယ္ ေလ။ ႐ွိေတာ့ အမိန္႔တစ္ခုကို အေကာင္ အထည္ ေဖာ္ဖို႔ဆိုတာက စစ္တပ္ထက္ပိုၿပီး‌ေတာ့ ခက္တယ္ေလ။

တကယ္ကို စစ္တပ္ ေခတ္မွာ လူ႕အခြင့္အေရးေလးစား လိုက္နာမႈေတြ ဒီမိုကေရစီရဲ႕ စံႏႈန္းေတြကို က်င့္သုံးႏိုင္မႈေတြကို ျမႇင့္တင္ခ်င္ တယ္ဆိုရင္ လုပ္ခ်င္ ရင္ လုပ္လို႔ရတဲ့ အေနအထားေတြ ႐ွိတယ္ေပါ့ေနာ္”ဟု MCC သတင္းဌာနသို႔ ေျပာပါသည္။

လက္႐ွိ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအခန္းက႑မ်ားတြင္ လူမ်ိဳးစုငယ္မ်ား၊ အမ်ိဳးသမီးမ်ား ပါဝင္လာရန္ စိတ္ေစတနာမွန္မွန္ႏွင့္ ေျဖ႐ွင္းေပးႏိုင္သည့္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ အုပ္ခ်ဳပ္ေရးေခါင္းေဆာင္၊ တပ္ေခါင္းေဆာင္မ်ား မ်ားစြာလိုအပ္ေနေၾကာင္း ေဒါက္တာညိဳညိဳသင္းက ေျပာပါသည္။

unicode

နိုင်ငံတစ်ခုတွင် စနစ်များ၊ မူဝါဒများ မည်မျှပင် ကောင်းစေကာမှု နိုင်ငံခေါင်းဆောင်များ၏ လုပ်လိုသည့် ဆန္ဒမရှိပါက လူမျိုးစုငယ်များ၊ အမျိုးသမီးများအနေဖြင့် အခွင့်အရေး ရရှိမည်မဟုတ်ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါက်တာ ညိုညိုသင်းက ပြောသည်။

၎င်းက “စနစ်က ဘယ်လောက်ကောင်းကောင်း ပါတီတွေက ဘယ်လောက်ပဲ သူတို့ရဲ့ မူဝါဒအနေနဲ့ ကြေညာထား၊ ကြေညာ ထား တကယ်တမ်းကြတော့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ Willingness ပေါ့။ Willingness က အဓိကပဲ။ လူနည်းစုတွေကို နေရာ ပေးသလားတို့၊ အမျိုးသမီးတွေကို နေရာပေးသလားတို့ ဆိုတာတွေဟာ အဲဒီပါတီတွေကို ခေါင်းဆောင်တဲ့ အကြီးအကဲ တွေ အပေါ် အများကြီး မူတည်ပါတယ်။ ဘယ်လောက်ပဲ ပျံနေအောင် စည်းကမ်းတွေထားထား၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ Willingness က သိပ်ပြီး အရေးကြီးတာပေါ့။ ဒါအန်တီတို့ ပြီးခဲ့တဲ့ သက်တမ်းနှစ်ခုကို ကြည့်လိုက်လို့ရှိရင် အထင်းသား မြင်နေ ရတယ်လေ” ဟု ပြောသည်။

ယခင်အစိုးရ သက်တမ်းနှစ်ခုကို ပြန်လည်လေ့လာကြည့်ပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်မှာ လွှတ်တော်အတွင်း အမျိုးသမီး ပါဝင်မှု များလာသော်လည်း ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အခွင့်အရေးမှာ နည်းပါးခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောသည်။

“ဦးသိန်းစိန် လက်ထက္မှာ်ကြတော့ အမျိုးသမီးတွေ ပါဝင်နှုန်းက တော်တော်ကို နည်းခဲ့တာ။ တချို့လွှတ်တော်တွေဆိုရင် ၂ % လောက်ပဲရှိခဲ့တာ။ တစ်နိုင်ငံလုံးမှာမှ ၇ % လောက်ပဲ ရှိခဲ့တာ။ အဲ‌တော့ ဦးသိန်းစိန်လက်ထက္မှာ် အမျိုးသမီး အရေအတွက် အတော်နည်းခဲ့တယ်။ သို့သော်လည်းပဲ ဦးသိန်းစိန်လက်ထက်မှာ ဦးသိန်းစိန် အကြံပေးများရဲ့ ကောင်းမှုကြောင့် အစိုးရအဖွဲ့ထဲ မှာ အမျိုးသမီးအချို့ နေရာရတယ်။ NLD လက်ထက်မှာ ဆိုလို့ရှိရင် အမျိုးသမီးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် တစ် ယောက်ပဲ ရှိခဲ့တာပေါ့နော်။ ဦးသိန်းစိန် ခေတ်မှာတောင်မှာ အမျိုးသမီးဝန်ကြီးတွေက NLD လက်ထက်စာရင် အများကြီးရှိခဲ့ တယ်” ဟု၎င်းက ပြောသည်။

၂၀၁၀ ခုနှစ် လွှတ်တော်သက်တမ်းတွင် အမျိုးသမီး ပါဝင်မှု ၄ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅ ခုနှစ် လွှတ် တော်သက်တမ်းတွင် အမျိုးသမီး ပါဝင်မှု ၁၃ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၀ ခုနှစ် လွှတ်တော်သက်တမ်းတွင် ၁၆ ရာခိုင်နှုန်းခန့်ရှိကြောင်း ISP Myanmar မှ သိရှိရပါသည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဖေသန်းက စနစ်ကောင်းရန် ပိုအရေးကြီးကြောင်းနှင့် မိမိတို့ နိုင်ငံအနေဖြင့် မည်သည့်စနစ်မျိုး ကျင့်သုံးမည်ကို ရွေးချယ်ရန် လိုအပ်ကြောင်း ပြောသည်။

၎င်းက “စနစ်ကောင်းမကောင်းက ပိုအရေးကြီးတာပေါ့ဗျာ။ ‌ခေါင်းဆောင်ကောင်း ဆိုတာကတော့ သူ့ဟာနဲ့သူတော့ ရှိလာမှာ ပေါ့။ အရည်အချင်းနည်းတာ များတာနဲ့ပဲ ပြောလို့ရမယ်။ စနစ်ကောင်းဖို့က အရေးကြီးတာပေါ့။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို တစ်ကမ္ဘာလုံးက အမှားအယွင်းနည်းတယ်၊ အား နည်းချက် နည်းတယ်ဆိုပြီး လက်ခံထားကြတာပဲ။ ဒီမိုကရေစီစနစ် ဖြစ်စရာ မလိုဘူး။ စစ်အာဏာ ရှင်စနစ်လည်း ခေါင်းဆောင်ကောင်းရင် တိုးတက်နိုင်တယ်ဆိုတဲ့ ပုံစံမျိုး ပြောလာရင်တော့ ကျ‌နော်တို့က ဒီမိုကရေစီကို မသိကျိုးကျွန်ပြုရာ ရောက်တာပေါ့။ ကျ‌နော်တို့နိုင်ငံက ဒီမိုကရေစီနဲ့သွားမလား၊ တစ်ပါတီစနစ်နဲ့ သွားမလား ဆုံးဖြတ်လေ။ တရုတ်လို ဆုံးဖြတ်မလား ဆိုရှယ်ဒီမိုကရေစီနဲ့ သွားမလား။ တစ်ပါတီစနစ်နဲ့ သွားမလား အဲတာ ဆုံးဖြတ်ပေါ့။ ပါတီစုံစနစ်နဲ့ သွားမယ်ဆိုပြီးမှတော့ ခေါင်း ဆောင်ညံ့တာ ဖျင်းတာက ပြဿနာမဟုတ်တော့ဘူး” ဟု ပြောပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ဥက္ကဋ္ဌ ဦးသိန်းစိုးက PR စနစ် ပြောင်းလဲကျင့်သုံးခဲ့ပါက လူမျိုးစုငယ်များ အပါအဝင်၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့် အရေး ရရှိလာမည်ဟု နိုဝင်ဘာ ၅ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ဒေါက်တာ ညိုညိုသင်းက စစ်တပ်အနေဖြင့် လူ့အခွင့်အရေး လေးစားလိုက်နာမှုများ၊ ဒီမိုကရေစီစံနှုန်းများ ကျင့်သုံးနိုင်မှု မြှင့်တင်လိုပါက လုပ်ဆောင်ရန်လွယ်ကူသည့် အနေအထားတွင် ရှိကြောင်း ပြော သည်။

၎င်းက “နိုင်ငံရေး စိတ်စေတနာ တကယ်မှန်ကန် တယ်ဆိုလို့ရှိရင် စစ်တပ်လက်ထက်ဆို ပိုပြီးတောင် အကောင်အထည် ဖော်လို့ရ တယ်ပေါ့နော်။ ပြောချင်တာက စစ်တပ်ဆိုတာ အမိန့်ထုတ်လိုက်လို့ရှိရင် ဟိုးအောက်အထိ မဖြစ်မနေ လိုက်နာရ တယ်။ ဒီမိုကရေစီ အစိုးရခေတ်တို့၊ အရပ်သားအစိုးရခေတ်တို့ဆိုတာက ပြန်လှန်မေးခွန်းထုတ်တာတို့ ဘာတို့ရှိသေးတယ် လေ။ ရှိတော့ အမိန့်တစ်ခုကို အကောင် အထည် ဖော်ဖို့ဆိုတာက စစ်တပ်ထက်ပိုပြီး‌တော့ ခက်တယ်လေ။

တကယ်ကို စစ်တပ် ခေတ်မှာ လူ့အခွင့်အရေးလေးစား လိုက်နာမှုတွေ ဒီမိုကရေစီရဲ့ စံနှုန်းတွေကို ကျင့်သုံးနိုင်မှုတွေကို မြှင့်တင်ချင် တယ်ဆိုရင် လုပ်ချင် ရင် လုပ်လို့ရတဲ့ အနေအထားတွေ ရှိတယ်ပေါ့နော်”ဟု MCC သတင်းဌာနသို့ ပြောပါသည်။

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခန်းကဏ္ဍများတွင် လူမျိုးစုငယ်များ၊ အမျိုးသမီးများ ပါဝင်လာရန် စိတ်စေတနာမှန်မှန်နှင့် ဖြေရှင်းပေးနိုင်သည့် နိုင်ငံရေးခေါင်းဆောင်များ၊ အုပ်ချုပ်ရေးခေါင်းဆောင်၊ တပ်ခေါင်းဆောင်များ များစွာလိုအပ်နေကြောင်း ဒေါက်တာညိုညိုသင်းက ပြောပါသည်။

Add a Comment

Your email address will not be published.