အမြဲတမ်း ငွေမပြတ် စေတဲ့ “ယတြာ” (ဆရာကြီးမင်းသိင်္ခ ရဲ့ ပညာရပ် များ ထဲက တင်ပြလိုက်တာဖြစ်ပါတယ်)



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့





ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့








unicode

ဆရာကြီးမင်းသိင်္ခရဲ့ ပညာရပ်များထဲက တင်ပြလိုက်တာဖြစ်ပါတယ် အမြဲတမ်း ငွေမပြတ်စေတဲ့ယတြာ နှင့် ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန် ယတြာ တွေငွေဖလား ဒါမှမဟုတ် ကြေးဖလားတစ်လုံးထဲမှာ ငွေစက္ကူထဲက တန်ဖိုးအကြီးဆုံး ငွေစက္ကူတစ်ရွက် ကိုဖြန့်ခင်းထားလိုက်ပါ ကိုယ်တတ်နိုင်တဲ့ငွေစက္ကူ အတိုင်းအတာနဲ့တွက်ပြီးထည့်နိုင်ပါတယ်၊

တတ်နိုင် တဲ့လူအတွက်ကတော့ တစ်သောင်းတန်ပေါ့၊ဒေါ်လာနဲ့အလုပ်လုပ်နေသူဆိုရင်တော့ ဒေါ်လာ ထည့်ပေါ့ ပြီးရင်အဲဒီငွေစက္ကူထည့်ထားတဲ့ဖလားထဲကို ရေဖြည်းဖြည်းခြင်းလောင်းထည့်ပါ

ရေစက်ခွက်ထဲကိုရေစက်ချတဲ့အခါလောင်းသလို မျိုးလောင်းထည့်ပါ ရေလောင်းနေတဲ့အချိုန်မှာ ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်နေပါ၊

ပြီးတာနဲ့ရေမြုပ်နေတဲ့ငွေစက္ကူပေါ်ကိုခေါင်းလောင်း တစ်လုံးတင်ထားလိုက်ပါ မကြာခဏ အဲဒီခေါင်းလောင်း ကိုယူပြီးတီးပါ၊ခေါင်းလောင်းတီးနေတဲ့အချိန်မှာလည်း ဂုဏ်တော် ၉ ပါးကို ၉ ခေါက်ပြည့်အောင်ရွတ်ပါ။အဲဒီဓါတ်ဆင်ထားတဲ့ ငွေစက္ကူထည့်ထားသော ဖလားနဲ့ခေါင်းလောင်းကို ဘုရားစင် ဒါမှမဟုတ် မြင့်မြတ်သောနေရာမှာတင်ထားပါ။

အဲဒီငွေဓါတ်ဆင် တာကိုလုပ်ရမယ့်အချိန်က တနင်္လာနဝင်းစီးနေတဲ့ အချိန်မှာလုပ်ရပါမယ် တနင်္လာနဝင်းစီးတဲ့ အချိန်တွေကတော့၊

တနင်္ဂနွေနေ့ ဆိုရင်

နေ့လည် ၁ နာရီခွဲ မှ ၃ နာရီအတွင်း၊

တနင်္လာနေ့ ဆိုရင်

နံက် ၉ နာရီ မှ ၁၀ နာရီခွဲအတွင်း၊

အင်္ဂါနေ့ ဆိုရင်

ညနေ ၃ နာရီ မှ ၄ နာရီခွဲအတွင်း၊

ဗုဒ္ဓဟူးနေ့ ဆိုရင်

နံက် ၁၀ နာရီခွဲ မှ ၁၂ နာရီအတွင်း၊

ကြာသပတေးနေ့

ဆိုရင် နံက် ၆ နာရီ မှ ၇ နာရီခွဲအတွင်း၊

သောကြာနေ့ ဆိုရင်

မွန်းလွဲ ၁၂ နာရီ မှ ၁ နာရီခွဲအတွင်း၊

စနေနေ့ ဆိုရင်

နံက် ၇ နာရီခွဲ မှ ၉ နာရီအတွင်း၊

တနင်္လာနဝင်းစီးတဲ့အချိန်ဟာ အချို့နေ့တွေမှာဆိုရင် ညနေစောင်း နဲ့ ညဦးပိုင်းတွေမှာလည်းရှိကြပေမယ့် လည်း နေရောင်ရှိသောအချိန်များမှာသာလုပ်ရမှာဖြစ်တဲ့အတွက် ညနေ ၄ နာရီခွဲ ထက်ကျော်ပြီးမလုပ်သင့်ပါ၊ဒါဆို ငွေ နဲ့ လက်နဲ့မပြတ်တော့ဘူးပေါ့ အားလုံးငွေမပြတ်ဝင်ပြီးအဆင်ပြေကြပါစေ။

ဈေးဆိုင် အရောင်းဆိုင်မှာ ဧည့်သည်စည် ကားစေရန်

အရောင်းအဝယ်ပွင့်လန်းစေရန် ကြေးဖလား သို့မဟုတ် ငွေဖလားတွင် ရေတစ်ဝက်ခန့်ထည့်၍ မေတ္တာသုတ် ၉ ခေါက်ရွတ်ပြီး မိမိဆိုင်ရှေ့ မျက်နှာစာကိုဖျန်းပတ်ပါ လဧည့်သည် စည်ကား၍ အရောင်းအဝယ်များ ပွင့်လန်းလာလိမ့်မည်။

Add a Comment

Your email address will not be published.