ျပည္သူထံ အခြင့္အာဏာ ျပန္အပ္ႏိုင္ေရး ဆက္လက္ ႀကိဳးပမ္းမည္ ဟု NLD ထုတ္ျပန္

ျပည္သူမ်ား၏ အခြင့္အာဏာ ျပည္သူမ်ားထံ ျပန္အပ္ႏွံႏိုင္ေရးႏွင့္ စစ္အာဏာ႐ွင္စနစ္ေအာက္မွ အၿပီးတိုင္ လြတ္ေျမာက္ၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ေပၚေပါက္ေရးအတြက္ ျပည္သူမ်ားႏွင့္အတူ ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း အမ်ိဳးသား ဒီမိုေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီက ယေန႔ ထုတ္ျပန္လိုက္သည္ . . . . .

၂၀၂၀ ျပည့္ႏွစ္ အေထြေထြ ေ႐ြးေကာက္ပြဲ က်င္းပခဲ့သည့္ တႏွစ္ျပည့္ အထိမ္းအမွတ္အေနျဖင့္ NLD က ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္ၿပီး စစ္အာဏာသိမ္းမႈအား နည္းလမ္းေပါင္းစုံျဖင့္ ဆန္႔က်င္ ကန္႔ကြက္ေနၾကသည့္ ျပည္သူလူထု တရပ္လုံးကိုလည္း အထူးေလးစား အားထားေၾကာင္းလည္း ၎တို႔က ဆိုထားသည္ . . . . .

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ NLD ပါတီသည္ မဲဆႏၵနယ္အားလုံး၏ ၈၂ ရာခိုင္ႏႈန္းေက်ာ္ အႏိုင္ရခဲ့ၿပီး အစိုးရဖြဲ႕စည္းခြင့္ ဆက္လက္ရ႐ွိခဲ့ေသာ္လည္း စစ္တပ္သည္ မဲစာရင္းမ်ား မွားယြင္းသည္ဟုဆိုကာ အာဏာသိမ္းခဲ့ၿပီး ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ ဦးဝင္းျမင့္အပါအဝင္ အရပ္သား အစိုး ရေခါင္းေဆာင္မ်ား၊ NLD ပါတီဝင္မ်ားအား ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့သည္ . . . . .

ပုံစာ- ေအာက္တိုဘာလအတြင္းက ဗုံးခြဲဖ်က္ဆီးခံရသည့္ မႏၲေလးၿမိဳ႕႐ွိ NLD ႐ုံးကို ေတြ႕ရစဥ္ (ဓာတ္ပုံ- CJ)

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

#WhatsHappeningInMyanmar
#RejectMilitaryCoup

unicode

ပြည်သူများ၏ အခွင့်အာဏာ ပြည်သူများထံ ပြန်အပ်နှံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ အပြီးတိုင် လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြည်သူများနှင့်အတူ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် (NLD) ပါတီက ယနေ့ ထုတ်ပြန်လိုက်သည် . . . . .

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည့် တနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် NLD က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာသိမ်းမှုအား နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင် ကန့်ကွက်နေကြသည့် ပြည်သူလူထု တရပ်လုံးကိုလည်း အထူးလေးစား အားထားကြောင်းလည်း ၎င်းတို့က ဆိုထားသည် . . . . .

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီသည် မဲဆန္ဒနယ်အားလုံး၏ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပြီး အစိုးရဖွဲ့စည်းခွင့် ဆက်လက်ရရှိခဲ့သော်လည်း စစ်တပ်သည် မဲစာရင်းများ မှားယွင်းသည်ဟုဆိုကာ အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အရပ်သား အစိုး ရခေါင်းဆောင်များ၊ NLD ပါတီဝင်များအား ဖမ်းဆီးချုပ်နှောင်ခဲ့သည် . . . . .

ပုံစာ- အောက်တိုဘာလအတွင်းက ဗုံးခွဲဖျက်ဆီးခံရသည့် မန္တလေးမြို့ရှိ NLD ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

#WhatsHappeningInMyanmar
#RejectMilitaryCoup

Add a Comment

Your email address will not be published.