ရာခိုင်နှုန်း ပိုမိုကောက်ခံပါက Wave Money ဘက်က ဖြေရှင်းပေး မယ် လို့ ထုတ်ပြန်

ငွေထုတ်တဲ့အခါ ရာခိုင်နှုန်း ပိုမိုကောက်ခံခြင်းကို ကြုံတွေ့လာရပါက Wave Money ဘက်က လိုအပ်သည်များကို ဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို့ Wave Money က သတင်းထုတ်ပြန်လိုက်ပါတယ်။လက်ရှိတွင် ငွေထုတ်တဲ့အခါ ရာခိုင်နှုန်း ပိုတောင်းတဲ့ Wave money ကိုယ်စားလှယ် ၈၀၀ ကျော်ကို ကိုယ်စားလှယ်အဖြစ်ကရပ်ဆိုင်းလိုက်ပြီး ၉၀၀၀ ခန့်ကို သတိပေးလိုက်တယ်လို့ ဆိုပါတယ်။

WAVE Money မှ တာဝန်ရှိသူတစ်ဦးက “ လူကြီးမင်းအနေနဲ့ ဝန်ဆောင်ခ ပိုမိုကောက်ခံ ခြင်းကို ကြုံတွေ့လာရပါက Wave Money ဘက်က လိုအပ်သည်များကို ဖြေရှင်း ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အချက်အလက်ပြည့်စုံစွာဖြင့် အသိပေး အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်” လို့ ဆိုပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

WAVE money ကို အသုံးပြု သူများအနေဖြင့် ငွေတစ်သိန်းထုတ်ယူလျှင်ငွေကျပ် တစ် သောင်း ထပ်ဆောင်းဝန်ဆောင်မှုများကောက်ခံနေသည့် Wave Money ၏ ဒေသဆိုင်ရာ ကိုယ်စားလှယ်(၈၁၂)ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းဖြင့် အရေးယူ ဆောင်ရွက်ခဲ့ တယ်လို့ဆိုပါတယ်။

ယင်းအပြင် ပထမအကြိမ်ငွေပိုကောက်ခံသည့် ကိုယ်စားလှယ်(၈,၉၆၅)ဦးအား သတိပေး မှတ်တမ်းတင်ခြင်းအဖြစ်လည်းကောင်း၊ဒုတိယအကြိမ်ငွေပိုကောက်ခံသည့် ကိုယ်စား လှယ်(၆၅၆)ဦးအားပြင်းထန်းစွာသတိပေးမှတ်တမ်းတင်ခြင်းအဖြစ်လည်းကောင်း၊

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

တတိ ယ အကြိမ်ငွေပိုကောက်ခံသည့်ကိုယ်စားလှယ်(၅၉)ဦးအား ကိုယ်စားလှယ် အဖြစ်မှ ခေတ္တ ရပ်ဆိုင်းခြင်းအဖြစ်လည်းကောင်း၊စတုတ္ထအကြိမ်ငွေပိုကောက်ခံသည့် ကိုယ်စားလှယ် (၈၁၂)ဦးအား ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းအဖြစ်လည်းကောင်း အရေးယူဆောင်ရွက် ခဲ့တယ်လို့ဆိုပါတယ်။

Add a Comment

Your email address will not be published.