၇ ရက်သားသမီးအတွက် စကားလက်ဆောင်

တနင်္ဂနွေ

တွေးတာလေးတွေ ထိုင်းမှိုင်းနေတာလေးတွေ သတိထားစေချင်ပါတယ်…

အခုရက်မှာ အရင်ကထက်ကို နူံးနေတာပင်ပန်းနေတာဖြစ်နေတတ်ပါတယ်…..

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒီအတောတွင်းမှာ လူမှာရေးကွောငျးသျေလညျးကောငျး၊ငှကွေေးကွောငးသျော ပင်းပန်းရတတ်ပါတယ်…

ရက်ဝေးမှ ကောင်းသောသတင်းစကားကြားရတတ်ပါတယ်….

မိသားစုထဲမှ အဖေ့ကျန်းမာရေး ဂရုစိုက်ပေးပါ အနည်းငယ်ညံ့တတ်ပါတယ်…

အမေသွေားသားဂရုစိုက်ပါ ကျန်းမာရေးထက်ကိုပူပန်မှုအမေ့မှာများနေတတ်ပါတယ်….

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

မိသားစုမှာသတိထားခိုင်းပါ အလိမ်ခံရတတ်ပါတယ်…

ဘေးပတ်ဝန်ကျင်ကကြောင့် စိတ်ရှုပ်ရတာ စိတ်ညစ် ရတာမျိုးဖြစ်တတ်ပါတယ်…

အလုပ်ကိုင်နဲ့ပတ်သတ်ပြီးတော့သတင်း​ကောင်းကြားရတတ်ပါတယ်…

အလုပ်ကိုင်နဲ့ပတ်သတ်ရင် နှစ်ကုန်းပိုင်းလောက်မှာသာ

ကိုယ်ရေမှန်းသောအရာ သတယ်ကိုအကောင်ထည်ဖော်တတ်ပါတယ်…

၆လအတွင်းမှာ ရာထူးတိုးတာ သို့မဟုတ် ကောင်းသောအလုပ် နေရာရတတ်ပါတယ်…

ငွကြေးနဲ့ပတ်သတ်ရင် ငွေကြေးတွက်မပူပန်ရပေမယ့်ငွေအဝင်အထွက် နည်းနေတတ်ပါတယ်….

သူတပါးကို ​ငွေကြေးကြားဝင်မဖြေရှင်းပေးပါနဲ့ စတ်ရှုပ်ရတတ်ပါတယ်…

အချစ်ရေးမှာ ချစ်သူနှင့်ကိုယ်ကြားမှာ နားလည်မှုလေးရပေမယ့် တစ်ခါတစ်လေမှာ တစ်ယောက်နဲ့တစ်ယောက်စိမ်းကားနေသလိုဖြစ်နေတတ်ပါတယ်…

ရင်ထဲက ချစ်နေပေမယ့် ချစ်သူအမြင်မှာ ထင်လွဲတာမျိုး သဝန်တိုတာတွေ စိတ်ပူတာတွေများနေတတ်ပါတယ်…

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ မကြာခဏဖြစ်နေတတ်ပတယ်…

ကိုယ်ချစ်သူအပေါ်မှာ အရင်က​အကြောင်းရာတချို့နဲ့ပတ်သတ်ပြီး သူ့အပေါ်မှာအားနာတာမျိုး ပိုပြီးချစ်လာတာမျိုးလည်းဖြစ်တတ်ပါတယ်…

ချစ်သူမရှိသေးသောသူများကတော့ အချစ်ရေးထက်ကို တခြားအရာတွေမှာပိုပြီးအာရုံ ရနေတတ်ပါတယ်..

ကိုယ်ကိုယ်တိုင်ကလည်း ဘာမှမယ်မယ်ရရမဟုတ်ပဲကို အချိန်ဖြုန်းနေမိတတ်ပါတယ်….

ချစ်သူဟောင်းနဲ့ပတ်သတ်တဲ့ သတင်းစကားအချို့ကြားရတတ်ပါတယ်…

ကျန်းမာရေးနဲ့ ပတ်သတ်ရင် ခါး သတိထားပါ..

ခါး နာတာမျိုး အကြောနာတာမျိုးဖြစ်နေတတ်ပါတယ်…

အထိုင်ထသတိထားပါ မူးတာမျိုး ရိပ်ခနဲပဲ လဲကျတတ်တာမျိုးဖြစ်နေတတ်ပါတယ်…။

တနင်္လာ

ဒီအချိန်မှာ ကိုယ်မျှော်လင့်တာနဲ့ ဖြစ်နေတာနဲ့မတူညီတာ အနည်းငယ်စိတ်အနှောက်ယှက်ဖြစ်ရတတ်ပါတယ်….

အခုလတွင်းမှာစိတ်ကတစ်ခုခုဆို ထိန်းမရတာ ပျော်သလိုနေနေပေမယ့် တကယ့်စိတ်အတွင်းမှာမပျော်တာမျိုးဖြစ်နေတတ်ပါတယ်…

အရင်တုန်းက အကြောင်းအရာတွေပြန်တွေးပြီး စိတ်ထဲမှာဝမ်းနည်းတာ ဒေါသထွက်လွယ်တာလေးတွေဖြစ်နေတတ်ပါတယ်….

အရင်ကမိတ်ဆွေဟောင်း သူငယ်ချင်းဟောင်းတွေနဲ့ပြန်အဆက်သွယ်ရတာ သတင်းကြာရတာမျိုးတွေကြုံရတတ်ပါတယ်..

ကိုယ်ရည်မှန်းထားတာမျိုးလေးတွေကတော့ ၁၁လပိုင်းကျော်မှသာလျှင် အကောင်ထည်ပေါ်လာပါလိမ့်မယ်..

အလုပ်ကိုင်နဲ့ပတ်သတ်ရင် လုပ်ငန်းတိုးချဲ့မယ့်သူများ ကိုယ်ပိုင်အလုပ်လုပ်သူများအနေနဲ့ အနည်းငယ်သတိထားသင့်ပါတယ်…

အလောတကြီးလုပ်မိတာ ဆုံးဖြတ်ချက်မှားတာမျိုးကြောင့် ဆုံးရှုံးတတ်ပါတယ်..သတိထားပြီးလုပ်ပါနော်….

အလုပ်သစ်ရှာနေတယ် အလုပ်ပြောင်းဖို့စိတ်ကူးထားတယ်ဆိုရင် အနည်းငယ်လေး ကြန့်ကြာနေတတ်ပါတယ်..

ငွေကြေးနဲ့ပါတ်သတ်ရင် အရင်ရစရာရှိသောငွေများအနည်းငယ်အခက်ခဲဖြစ်တတ်ပြီး ရက်ရွေ့တာတွေဖြစ်တတ်ပါတယ်…

အမျိုးသမီးတစ်ဦးစီက ငွေကြေးနဲ့ပါတ်သတ်ပြီး အကူညီရတာ မုန့်ဖို့ရတာမျိုးကြုံရတတ်ပါတယ်…

စက်ပစ္စည်းကြောင့် ငွေကုန်တာမျိုးလည်းဖြစ်တတ်ပါတယ်..

အဆက်သွယ်ပြတ်တောက်နေတဲ့သူများ သတင်းစကားကြားရတာမျိုး အဆက်သွယ်ရတာမျိုးကြုံရတတ်ပါတယ်..

ချစ်သူနဲ့မိမိမှာအရင်ကထက် ပိုပြီးအပေးယူတည့်တာမျိုးချစ်နေတာမျိုးလေး ကြံရတတ်ပါတယ်..

အရင်တုန်းက ပြဿနာဟောင်းကို အကြောင်းပြပြီး စကားများတာ စိတ်ကောက်တာမျိုးဖြစ်တတ်ပါတယ်..

တတ်နိုင်သမျှ စကားအပြောဆိုသတိထားပေးပါ

မိမိမှာလည်း တစ်ခါတစ်လေရစ်မိတာ စိတ်မရှည်တာကြောင့် ပြဿနာကြီးသွားတတ်ပါတယ်…

Singel FA လေးများအနေနဲ့ကတော့ မထင်မှတ်ပဲ ကိုယ့်ဘက်ကသဘောကျတဲ့သူ တွေ့တတ်ပါတယ်…

သို့ပေမယ့် စိတ်အပြောင်းလဲမြန်နေတဲ့ ကိုယ့်စိတ်လေးကို အရင်ထိန်းသင့်ပါတယ်….

သွေးသား သားအိမ်ဂရုစိုက်ပါ အမျိုးသားဆိုရင် ရေချိုးတာနောက်ကျမှချိုးတာမျိုးသတိထားပါ ဖျားတတ်ပါတယ်..

ခြေချော်ကျတတ်ပါတယ် သတိထားပါ

မိမိအိမ်မှာ ဖိနပ်အဟောင်းတစ်ရံစွန့်ပစ်ပေးပါ။

အင်္ဂါ

တစ်ယောက်ထဲတွေးလိုက် ဝမ်းနည်းလိုက်နဲ့ စိတ်ပင်ပန်းနေတတ်ပါတယ်…..

အရမ်းကိုခရီးထွက်ချင်တာ မိမိ စိတ်ကိုအရမ်းပေါ့ပါးချင်နေပေမယ့် မိမိ အတွင်းစိတ်က အရာရာကိုလွတ်မချပဲဆွဲထားမိတာကြောင့် စိတ်ပိုပင်ပန်းနေတတ်ပါတယ်…

အလုပ်သို့မဟုတ် မိမိ နေသောနေရာအပြောင်းရွေ့ ၃လအတွင်းပေါ်တတ်ပါတယ်….

အပြင်အသွားလာသတိထားပါ မတော်တဆ ဆေးရုံဆေးခန်းသွားရတတ်ပါတယ်..

မိမိ ကိုယ်ကိုယ်အနားပေးပါ စိတ်မှာအရမ်း သူများကိုကူညီချင်တဲ့စိတ်များနေတတ်ပါတယ်…

တစ်ခါတစ်လေ မိမိကိုယ်ကိုယ်ပါ အပြစ်မြင်လာတဲ့စိတ်တွေပါဖြစ်တတ်ပါတယ်…

မိသားစုထဲမှာလည်း မိမိကပဲအရာရာပိုပြီး ပူပန်နေသလိုဖြစ်နေတတ်ပါတယ်…

အလုပ်ကိုင်နဲ့ပတ်သတ်လာရင် ပုံမှန်လည်ပတ်နေတာထက်ကို ပိုပြီးအဆင်ပြေလာတာမျိုး ကြုံရတတ်ပါတယ်…

အလုပ်သစ် လုပ်ငန်းသစ်စမယ့်သူများမှာ မစဖြစ်သေးတဲ့ တွေးထားသောအရာများ မိမိမျှော်မှန်းတာနဲ့ပါ လွဲချော်တာကြောင့် စိတ်ဓာတ်ကျတာမျိုး စိတ်ပင်ပန်းတာမျိုးဖြစ်နေတတ်ပါတယ်…

အလုပ်နဲ့ပတ်သတ်ပြီး ၁၁ လပိုင်း နောက်ပိုင်းပိုပြီးအဆင်ပြေ ကံကောင်းလာတတ်ပါတယ်..

အလုပ်သစ်ရှာနေသူများ မိမိမျော်မှန်းသောအလုပ်ရဖို့ အနည်းငယ်ကံလေးလိုတတ်ပါတယ်…

ငွေကြေးနဲ့ပတ်သတ်ပြီး ၁ လအတွင်း ငွေကြေးကံကောင်းတတ်ပါတယ်..

သို့ပေမယ့် ကျန်းမာရေးအတွက် ငွေကုန်ကြေးကျများတတ်ပါတယ်…

ရင်းနီးမြုပ်နှံထားသောငွေကြေးများ ပြန်လည်အမြတ်ရဖို့ ကျန့်ကြာနေတတ်ပါတယ်…

အမျိုးသမီးတစ်ဦးငွေကြေးအကူညီတောင်းတတ်ပါတယ်…

ချစ်သူရှိပေမယ့် အထီးကျန်စိတ်၊ တစ်ခုခုဆိုချစ်သူအပေါ် အလိုမကျစိတ်များနေတတ်ပါတယ်…

တစ်ခါတစ်လေ မိမိချစ်သူက မိမိအပေါ်ချုပ်ချယ်တယ်ထင်နေတတ်ပါတယ်….

မွန်းကြပ်တဲ့စိတ် ခဏခဏဖြစ်နေတတ်ပါတယ်…

ရည်းစားဟောင်း သူငယ်ချင်းဟောင်းကြောင့် စကားများတတ်ပါတယ်…

မိမိမှာအရင်လိုမဟုတ်ပဲ စိတ်မြန်လက်မြန်စိတ်ကြောင့် နှစ်ဦးသားမကြာခဏ စိတ်ကောက်စကားများရတတ်ပါတယ်…

မိမိစိတ်ကို အနားပေးဖို့အရမ်းလိုအပ်နေပါတယ်..

Singel fa လေးများကတော့ အရင်ကဇာတ်လမ်းဟောင်းတွေလည်း ခိုးခိုးကြည့်ရင်း စိတ်ဖြေနေတတ်ပါတယ်…

အပြောင်းလဲမြန်တဲ့သူ ကိုယ့်ကိုလာပြီးချစ်ရေးဆိုတတ်ပါတယ် သတိထားပါ…

ဖျားတတ်ပါတယ် သတိထားပါ…

ညဖက်တွေအိပ်ရေးပျက်တာများတာမျိုးတွေ နေ့ညလွဲတာမျိုးလေးတွေကြောင့် ကျန်းမာရေးထိတတ်ပါတယ်ဂရုစိုက်ပါ…။

ဗုဒ္ဓဟူး

ဒီလမှာစိတ်ကလေးက အေးချမ်းနေပေမယ့် တစ်ခါဒေါသထွက်ရင် အရင်ထက်ကိုကြမ်းတမ်းနေတတ်ပါတယ်…

မိမိမှာသူများနဲ့မတူအောင် စိတ်ပင်ပန်းမှာတွေ စိတ်ဓာတ်ကျမှုတွေရှိနေပေမယ့် အပြင်ပန်းမှာ စိတ်ဓာတ်မာချင်ယောင်ဆောင်နေပေမယ့် အတွင်းမှာအရမ်းကို လဲပြိုပြီးပင်ပန်းနေတတ်ပါတယ်…

သတိထားရမှာက ကိုယ်မသိလိုက်တဲ့အချိန်မှာ စိတ်မှာအရမ်းပင်ပန်းပြီးစိတ်ကျရောဂါတွေ ဘာတွေဝင်တတ်ပါတယ် သတိထားပါ…

ကိုယ့်အတွက်ကံကောင်းစေသောအရာများ စောင့်ကြိုနေတတ်ပါတယ်..

မထင်မှတ်ပဲပျော်စရာကိစ္စလေးတွေကြုံရတတ်သလို မိမိကိုလူအများက အထင်ကြီးလေးစာတာတွေလည်းပိုလာတတ်ပါတယ်..

မိမိမှ မိမိအတွက် အနည်းငယ် ပူပန်နေတတ်ပါတယ်..

အလုပ်ကိုင်နဲ့ပတ်သတ်ရင် ပိုပြီးအဆင်ပြေလာတာမျိုးလေးတွေ သတင်းကောင်းကြာရတာမျိုးလေးတွေကြုံရတတ်ပါတယ်..

လူမျိုးခြားကူညီတာမျိုးလေးကိုလည်းရှိတတ်ပါတယ်..

မိမိလုပ်ဖို့ရည်ရွယ်ထားသောအလုပ်များ မကြာခင်အကောင်ထည်ဖော်ကာ အဆင်ပြေတတ်ပါတယ်..

အလုပ်သစ်ရှာနေသူများ မိမိတကယ်ကိုသဘောကျတဲ့အလုပ်မျိုးကိုသာရွေးချယ်ပါ မဟုတ်ရင် အလုပ်မမြဲဖြစ်တတ်ပါတယ်..

မိမိအထက်လူကြီးကြောင့် တစ်ခါတစ်လေစိတ်ညစ်ရတတ်ပါတယ်…

ငွေကြေးကံနဲ့ပတ်သတ်ရင် ငွေအနည်းငယ်ကုန်ကျမှုများတတ်ပါတယ် သူတပါးကိုချေးငှားတာ အာမခံတာမျိုးလေးတွေသတိထားလုပ်ဆောင်စေချင်ပါတယ်

အမျိုးသမီးတစ်ယောက်နဲ့ ငွေကြေးကိစ္စ စကားနည်းနည်းပြောရတတ်ပါတယ်..

ချစ်သူနဲ့မိမိမှာ ကြားလူအနှောက်ယှက် သို့မဟုတ် စနှိုက်လိုအမျိုးသမီးကြောင့်စိတ်အနှောက်ယှက်ဖြစ်ရတတ်ပါတယ်..

မိမိချစ်သူမှာ မိမိကိုချစ်နေတယ် ဆိုပေမယ့် သူ့စိတ်ထဲမှာလည်း တစ်ခါတစ်လေလွတ်လပ်မှုကိုလိုလားနေတတ်ပါတယ်…

ဘယ်လိုအခြေနေပဲဖြစ်နေပါစေ ဝေးကွာသွားတာ ကွဲကွာသွားတာမရှိတတ်ပါ…

ခဏတာအဆက်သွယ်ပျက်တောက်တာမျိုးတော့ဖြစ်တတ်ပါတယ်..{မိမိဖက်က စကားအပြောဆိုနဲ့ဒေါသလေးလျှော့ပါ မဟုတ်ရင်ပြဿနာပိုကြီးသွားတတ်ပါတယ်}

အိမ်ထောင်သည်များ သားယောက်ျားလေး ကိုယ်ဝန်ရတတ်ပါတယ်..

Singel Fa လေးများ မိမိအတွက်ချစ်သူကောင်းတွေ့တာ စန်းပွင့်တာမျိုးလေးတွေကြုံနေရတတ်ပါတယ်…

လေရောဂါနဲ့ပတ်သတ်ပြီးသတိထားပါ..

ကိုဗစ်ကူးဆက်ခံထားရတဲ့သူမျိုးဆို ဒီလပိုသတိထားပါ ပြန်ပြီးအအေးပတ်တာမျိုးဖြစ်တတ်ပါတယ်…

အသားရေယားယံတာမျိုးလေးတွေ ဖြစ်တတ်ပါတယ်

အစားအသောက် သတိထားပါ…။

ကြာသပတေး

ဒီလမှာ မိမိစိတ်ကလောဘကြီးနေတတ်ပါတယ်..

အစစရာရာကို ဂရုစိုက်ပြီးလုပ်ဆောင်ပါ..

မိမိရဲ့လောဘကြောင့် စိတ်ပင်ပန်းတာမျိုး ထင်သလောက်ခရီးမရောက်တာမျိုးဖြစ်တတ်ပါတယ်..

မိမိအတွက်အရာရာခက်ခဲနေတယ်လို့ထင်နေတဲ့အရာလေးတွေ တဖြေးဖြေးအဆင်ပြေချောမွေ့လာတတ်ပါတယ်..

မထင်မှတ်ပဲ ၃ လအတွင်းခရီးထွက်ရတာ ခရီးဝေးသွားရတာမျိုးကြုံရတတ်ပါတယ်..

ဘာပဲလုပ်လုပ် အလောတကြီးလုပ်တာမျိုးလေးတွေ ရှောင်ရှားပေးပါ..

မိသားစုထဲမှ ကောင်းသောသတင်းကြားရတတ်ပါတယ်..

မိသားစုဆွေမျိုးထဲမှာ လူကြီးအကြီးကဲတစ်ယောက်အတွက် ကျန်းမာရေးပူပန်ရတတ်ပါတယ်..

ဒီလထဲမှာ ဝမ်းနည်းစိတ်လေးတွေများနေတတ်ပါတယ်..

စိတ်ငြိမ်အောင် ဘုရားနဲ့အချိန်ယူပြီး မေတ္တာပွားအောင်ဆုတောင်းတာလေးလုပ်ပေးစေချင်ပါတယ်…

အလုပ်ကိုင်နဲ့ပတ်သတ်ရင် အခက်ခဲကြားကနေ အဆင်ပြေလာတတ်ပါတယ်..

မိမိအလုပ်မှာ အပြိုင်ဆိုင် စိတ်ရှုပ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်..

နှစ်ကုန်ပိုင်းလောက်မှာ အလုပ်ကိုင်နဲ့ပတ်သတ်ပြီး ထူးထူးခြားခြား ကောင်းသောပြောင်းလဲခြင်းကြုံရတတ်ပါတယ်..

လုပ်ငန်းသစ်စဖို့အခွင့်အရေး အကြံညဏ်သစ်တွေ ပေါ်လာတတ်ပါတယ်..

ငွေကြေးမှာအဝင်ထက်ကို အထွက်များနေတတ်ပါတယ်..

ငွေကြေးလာရောက်အကူညီတောင်းတဲ့သူများလည်းရှိတတ်သလို ပေးစရာရှိသောငွေများလည်း တောင်းခံတာမျိုးကြုံရတတ်ပါတယ်…

ချစ်သူကမိမိကို အရာရာဝင်ပါနေတယ် တစ်ခုခုဆိုမိမိကပဲ ချုပ်ကိုင်တယ် ချုပ်ချယ်တယ်ထင်နေတတ်ပါတယ်..

မိမိမှာလည်းသူ့အပေါ် သံသယတွေများနေတတ်ပါတယ်..

ဘာမဟုတ်တာလေးကနေ စကားများပေမယ့် အချစ်မလျော့ပဲ ပိုအဆင်ပြေလာတတ်ပါတယ်…

မိမိချစ်သူက မိမိစကားထက် အပေါင်းသင်းစကားကိုပိုပြီးနားယောင်နေတတ်ပါတယ်…

Singel Faလေးများကတော့ ချစ်သူထားဖို့ထက် မိမိစိတ်ကိုပိုပြီးတည်ငြိမ်အောင်လုပ်သင့်ပါတယ်..

မိမိစိတ်မှာ အရင်ထက်အပြောင်းလဲမြန် ဆုံးဖြတ်ချက်မြန်နေတတ်ပါတယ်…

ခြေထောက်နဲ့ပတ်သတ်ပြီး သတိထားပါ..

ခြေထောက်ကိုက်ခဲတာ ဒူးဆစ်မြတ်တာလေးတွေ ကြုံရတတ်ပါတယ်..

ရေချိုးရင်သတိထားပါ ချော်လဲတတ်ပါတယ်။

သောကြာ

စိတ်ချမ်းသာစရာကိစ္စထက်ကို စိတ်ရှုပ်စရာကိစ္စကပိုများနေတတ်ပါတယ်..

အတိတ် သို့မဟုတ် မကြာသေးမီက မိမိလုပ်ခဲ့သောအရာ မိမိစိတ်အလိုလိုက်ခဲ့သောကိစ္စများကြောင့် အခုမှာစိတ်ရှုပ်နေရတာ ပြဿနာရင်းရတာမျိုးလေးတွေဖြစ်တတ်ပါတယ်…

အလိမ်ခံရတတ်ပါတယ် အထူးသတိထားပါ…

အခုချိန်မှာ လူအများနဲ့ထက် တစ်ယောက်ထဲ အေးအေးဆေးဆေးနေချင်စိတ်ကများနေတတ်ပါတယ်..

မိမိပတ်ဝန်းကျင်မှလည်း မိမိအား အထင်မှား အထင်သေးခြင်းခံရတတ်ပါတယ် သတိထားပါ…

စိတ်အေးအေးထားပြီးဆုံးဖြတ်ပါ

အစစအရာရာ အဆင်ပြေပါလိမ့်မယ်..

အခုချိန်မှာ အစစအရာရာသတိထားဆုံးဖြတ်ပါ

စိတ်အလိုမလိုက်ပဲ မှန်ကန်သောကိုယ်ကျင့်တရားနဲ့ ဆုံးဖြတ်ချက်ချပါ မဟုတ်ရင် နောက်တစ်ချိန်အရှက်တကွဲဖြစ်ရတတ်ပါတယ်….

အလုပ်ကိုင်နဲ့ ပတ်သတ်ရင်

အစစအရာရာချောမွေ့နေတတ်ပါတယ်..

သို့ပေမယ့် လူမှုရေးကိစ္စများကြောင့် အလုပ်မှာ​ပျော်တာ စိတ်မပါတာလေးတွေဖြစ်နတတ်ပါတယ်…

မိမိအတွက်အရောင်းဝယ် အလုပ်အကိုင်လေးကိုလည်း ပိုအဆင်ပြေလာတတ်ပါတယ်…

အလုပ်ကိုင်ထဲမှာ အမျိုးသားတစ်ယောက်အကူညီရတာမျိုးလေးတွေကြုံရတတ်ပါတယ်….

ကျန်းမာရေးအတွက်ငွေကုန်ကြေးကျများရတတ်ပါတယ်…

မိမိအတွက်မဟုတ်ပဲ တခြားသူအတွက်ငွေထွက်တတ်ပါတယ်….

ငွေကြေးနဲ့ပါတ်သတ်ပြီး အနည်းငယ်စိတ်ရှုပ်ရတတ်ပါတယ်…

ငွေကြေးလုံးဝအာမခံမလုပ်ပါနဲ့ စိုက်ဆပ်ရတတ်ပါတယ်….

မိမိချစ်သူနဲ့မိမိမှာ အပေါင်းသင်းသူငယ်ချင်းများကြောင့် စကားများရတာမျိုးလေးတွေကြုံရတတ်ပါတယ်…

ချစ်သူဆီမှမထင်မှတ်ပဲ လက်ဆောင်ပစ္စည်းများရတတ်ပါတယ်..

မိမိချစ်သူနဲ့ပဲ မိမိမှာ တစ်ယောက်နဲ့တစ်ယောက်သဝန်တိုမှုလေးတွေကြောင့် စကားများရတာတွေရှိတတ်ပါတယ်..

ချစ်သူဖြစ်တာ မကြာသေးဘူးဆို သတိထားပါ

အဆက်သွယ်ပြတ်တောက်တာမျိုး ဝေးကွာသွားတာမျိုးဖြစ်တတ်ပါတယ်…

Singel Faလေးများသတိထားပါ မိမိအား တကယ်ချစ်တာမဟုတ်ပဲ အပျော်သဘောရယူမှုနဲ့ လာပတ်သတ်လာမျိုးတွေကြုံရတတ်ပါတယ်…

အထူးသတိထားပါ သူ့အကြောင်းအစုံသိမှ အဖြေပေးပါ… ချစ်သူရှိလျက်နဲ့ လာပတ်သတ်တာမျိုးလည်းဖြစ်တတ်ပါတယ်….

မိမိစိတ်ပျော့မှုကြောင့် မျက်ရည်ကျရတာ အသည်းကွဲရတာမျိုးလေးတွေကြုံရတတ်ပါတယ်…

ခါးနဲ့ပတ်သတ်ပြီး သတိထားပါ…

ခါးနာတာ ခါးကိုက်တာမျိုးလေးတွေကြုံရတတ်ပါတယ်

အမျိုးသမီးမျာ သားအိမ်နဲ့ပတ်သတ်ပြီး ဂရုစိုက်ပါ အောင့်တာ အိမ်ထောင်ရှင်များသားအိမ်ကျတာမျိုးလေးတွေဖြစ်တတ်ပါတယ်..

ညပိုင်းရေချိုးခြင်းရှောင်ပါ။

စနေ

စိတ်ဓာတ်ကျနေသောစိတ်လေးများ ပြန်အဆင်ပြေလာတတ်ပါတယ်…

မိမိရဲ့စိတ်ကို အနားလေးပေးပါ မိမိအတွေးများနေတတ်လို့ပါ ဖြစ်နိုင်ရင် ဘုရားရှိခိုးတာ ဘရားနဲ့အချိန်ယူတာလေးလုပ်ပေးပါ…

မိမိအတွက်ကံကောင်းခြင်းတွေရောက်လာဖို့ရှိပါတယ်…

ဘာပဲလုပ်လုပ် စိတ်မှာနှစ်ခွပြိုင်လုပ်တာ လောဘကြီးတာမျိုးလေးတွေတော့ သတိထားပါ…

မိမိအရင်က ပင်ပင်ပန်းပန်းကြိုးစားခဲ့သော အရာများ မိမိပင်ပန်းကျိုးနပ်လောက်အောင် အဆင်ပြေလာတတ်ပါတယ်…

ဘေးပတ်ဝန်းကျင်မှာတော့ မနာလို ရှေ့က တစ်မျိုး ကွယ်ရာတစ်မျိုးသူတွေနဲ့ တွေ့ရတတ်ပါတယ်…

အလုပ်ကိုင်နဲ့ပတ်သတ်ရင် မိမိလုပ်ငန်းတိုးချဲ့တာ

ဝင်ငွေမပျက်ပဲပိုပြီး အဆင်ပြေလာတာမျိုးကြုံရတတ်ပါတယ်…

မိမိစေတနာကောင်းမှုကြောင့်ပိုပြီး အဆင်ပြေလာတာမျိုးလေးတွေခံစားရပါလိမ့်မယ်….

အထက်လူကြီးအမျိုးသမီးတစ်ယောက် အကူညီရတာမျိုးလေးတွေကြုံရတတ်ပါတယ်…

အလုပ်နဲ့ပတ်သတ်ပြီး သင်တန်းတက်ရတာ အလုပ်တွက်ပိုပြီးကောင်းမွန်လာတာမျိုးလေးတွေ လေ့လာရတာမျိုးလေးကိုလည်းရှိလာတတ်ပါတယ်…

အလုပ်ရှာမယ်ဆိုရင် အခွင့်ကောင်းတော့ရတတ်ပါတယ်

၂ လအတွင်းအလုပ်ကိုင်သစ်ရတတ်ပါတယ်…

အလုပ်အဟောင်းမှ အသစ်ရှာတာပြောင်းတာမျိုးတော့ ခဏနားထားပါ စိတ်မလောပါနဲ့

ငွေကြေးကံကတော့ ကောင်းနေပါတယ်

ငွေလည်းဝင်နေသလို ငွေလည်းအထွက်ကြမ်းနေတတ်ပါတယ်….

သို့ပေမယ့် ငွေကြေးကြပ်တည်းတာ အဆင်မပြေတာမျိုးတော့မရှိပါ..

လောင်းကစားလုပ်တာ မတရားငွေရှာတာမျိုးလေးတွေတော့ သတိထားပါ ဆုံးရှုံးမှာများတတ်ပါတယ်..

စားသောက်ဆိုင်လုပ်ငန်း အရောင်းဝယ်ဆိုင်ဖွင့်တာမျိုးလေးတွေမှာပိုပြီး အကျိုးပေးတတ်ပါတယ်…

အချစ်ရေးနဲ့ပတ်သတ်ရင် မိမိချစ်သူအပေါ်အကောင်းမြင်လိုက် အဆိုးမြင်လိုက် တစ်ခုခုဆို စိတ်က ထစ်ခနဲကောက်ချင်စိတ်ကများနေတတ်ပါတယ်….

ချစ်သူကတော့ အရင်လိုပဲ မိမိအပေါ်ဆက်ဆံနေတတ်ပါတယ်….

မိမိချစ်သူကို သဘောကျနေတဲ့သူရှိတာမျိုး စန်းပွင့်တာမျိုးလေးတွေလည်းကြုံရတတ်ပါတယ်…

အိမ်ထောင်ရှင်များ မထင်မှတ်ပဲကိုယ်ဝန်ရတာမျိုးလေးတွေ ရှိတတ်ပါတယ် သားအိမ်ဂရုစိုက်ပါ

အားနည်းနေတတ်ပါတယ်…

Singel Faလေးများကတော့ အရင်တုန်းကချစ်သူဟောင်းများ သူငယ်ချင်းဟောင်းများနဲ့ပြန်လည်အဆက်သွယ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်…

မိမိမှာ စန်းအလွန်းပွင့်တာမျိုးလေးတွေလည်း အခုတလောပိုဖြစ်တတ်ပါတယ်…

ကျန်းမာရေးနဲ့ပတ်သတ်ရင် လေနာ ဗိုက်အောင့်တာမျိုးလေးတွေဖြစ်တတ်ပါတယ်….

စိတ်ကြောင့်လူပင်ပန်းတာမျိုးလေးတွေရှိတတ်ပါတယ် ဂရုစိုက်ပါနော်..

မိခင်သွေးသားနဲ့ ပတ်သတ်ပြီးဂရုစိုက်ပေးပါ…

မိမိမှာသွေးပေါင်ကျတာမျိုးလေးတွေ ခေါင်းမူးခေါင်းကိုက်ဖြစ်တတ်ပါတယ်…။

Credit

Add a Comment

Your email address will not be published.