ပြည်ပနိုင်ငံ များ ကမြန်မာ့အရေးဝင်ရောက်မနှောက်ယှက်နိုင်ရန်ဥပဒေပြဌန်းပေး ဖို့ စစ်ကောင်စီဝင်များ မင်းအောင်လှိုင် ထံတောင်းဆို

မြန်မာ့နိုင်ငံရေးအပါအဝင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စနဲ့ ပတ်သတ်ပြီး ပြည်ပရဲ့ စွက်ဖက်မှုတွေ မရှိစေဖို့ အတွက် ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေပြဋ္ဌာန်းပေးဖို့နစကကောင်စီဝင်တွေက တောင်းဆိုလိုက်ကြပါတယ်ဝင်ဘာ ၉ ရက်နေ့က ပြုလုပ်တဲ့ နစကအစည်းအဝေး (၁၇/၂၀၂၁)မှာ ကောင်စီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်နဲ့ စောဒန်နီယယ်တို့ရဲ့ တင်ပြချက်တွေထဲမှာ အဲ့ဒီအချက်တွေ ပါဝင်တာဖြစ်ပါတယ်။

ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေ ပြဋ္ဌာန်းရေး အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲကမှ မြန်မာနိုင်ငံအပေါ် ကိုယ်ချင်းစာနားလည်မှုရှိတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် တိုးမြှင့်ဆောင်ရွက်ရေးကိစ္စ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စ ရပ်တွေကို တင်ပြတောင်းဆိုကြတာရှိခဲ့ကြပါတယ်။ဒါ့အပြင် ကြံစိုက်တောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့၊ CRPH ၊NUG၊ PDF တွေရဲ့ အကြမ်းဖက် လုပ်ဆောင်ချက်တွေကို နိုင်ငံတဝန်းရှိအများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့ လက်ကမ်း စာစောင်တွေ ထုတ်ဝေဖြန့်ချိဖို့ကိုပါ တိုက်တွန်းခဲ့ကြပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နစကဥက္ကဋ္ဌက ၊ဆွေးနွေးချက်တွေနဲ့ စပ်လျဉ်းပြီး ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေးဥပဒေနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ နိုင်ငံအလိုက် ဥပဒေတွေကို ဥပဒေရေးရာဝန်ကြီးဌာနက လိုအပ်တဲ့ စိစစ်လေ့လာမှုတွေဆောင်ရွက်ပေးဖို့၊ အာဆီယံနိုင်ငံတွေနဲ့ မိတ်ဖက်ဆက်ဆံရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ဆက်သွယ်ဆက်ဆံလျက်ရှိတဲ့အကြောင်း နဲ့ အာဆီယံက ကျင်းပတဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာ မိမိတို့နိုင်ငံမှ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တက်ရောက်ဆွေးနွေးလျက်ရှိပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို လုပ်ဆောင်နေတယ် လို့ပြောပါတယ်။စင်ကာပူနိုင်ငံ သည်လည်း ပြီးခဲ့သည့် လများက ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေး ဥပဒေကို ပြဌာန်းခဲ့ပြီး ပြင်းထန်သော ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ဤဥပဒေ လိုအပ်ကြောင်း စင်ကာပူက ပြောကြားခဲ့ဖူးသည်။

ပါလီမန်တွင် ၁၀ နာရီကြာ အပြင်းအထန် ဆွေးနွေးခဲ့ပြီးနောက် အဆိုပါဥပဒေကို စင်ကာပူက အတည်ပြုခဲ့ခြင်းဖြစ်သည်။နိုင်ငံခြားအဖွဲအစည်းများကိုယ်စား “အမုန်းပွား စေ သော သတင်းအချက်အလတ်လှုပ်ရှားမှုများ” လုပ်ဆောင်ခဲ့သည်ဟု ယူဆရသော စင်္ကာပူရှိပြည်တွင်းကိုယ်စားလှယ်များအား ဆန့်ကျင်အရေးယူရန် ပြည်ပစွက်ဖက်မှုဆန့်ကျင်ရေး ဥပဒေက စင်ကာပူအစိုးရအား အာဏာ အပ်နှင်း သည်ဟုသိရသည်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Add a Comment

Your email address will not be published.