လူတိုင်းချစ် ခင်ကြ တဲ့ အပြုံးချိုချိုလေး ပိုင်ရှင် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ ဘဝအကြောင်း


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


Crd – thinyupar

unicode

အခုတခါတင်ဆက်ပေးမှာကတော့ မြန်မာ့အနုပညာလောကတွင် အပြုံးချိုချိုလေးနဲ့ ဆွဲဆောင်မှုရှိပြီး ပရိတ်သတ်များရဲ့ ချစ်ခင်အားပေးမှု ကို အခိုင်အမာရရှိထားသော မင်းသမီးချော ပိုင်ဖြိုးသု ရဲ့ အကြောင်းပဲဖြစ်ပါတယ် . . . . . ပိုင်ဖြိုးသုကို (၁၉၉၀)ခုနှစ်၊ဧပြီလ(၅)ရက်နေ့၌ ရန်ကုန်မြို့တွင်မွေးဖွားခဲ့ပါတယ် . . . . . သူမသည် ဆေးတက္ကသိုလ်(၁)ရန်ကုန် မြို့မှ ဘွဲ့ရရှိထားသော ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ မိသားစုဘဝကတော့ (၂၀၁၉)ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့တွင် ဒါရိုက်တာ ဏကြီးနှင့် လက်ထက်ခဲ့ပါတယ် . . . . . ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးသည် ပိုင်ဖြိုးသုထက် အသက်(၉)နှစ်ကြီးပြီး သူမအား အလိုလိုက်ချစ်ခင်ပေးသည်ဟု သိရပါတယ် . . . . .

ပိုင်ဖြိုးသု ဟာ (၂၀၁၇)ခုနှစ်တွင် ဆရာမ”ကြည်အေး”၏ “မီ”ဇာတ်ကား၌ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့သည် . . . . . ထိုဇာတ်ကားမှာ လူကြိုက်များခဲ့ပြီး လူစိတ်ဝင်စားခြင်းများစွာကို ခံခဲ့ရသည် . . . . . ပိုင်ဖြိုးသု ဟာ ဗီဒီယိုဇာတ်ကားများသာမက ရုံတင်ရုပ်ရှင်များစွာကို ရိုက်ကူးခဲ့ပြီဖြစ်သည် ။သူမ ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားကြီးများမှာ “ဧဒင်ရဲ့နတ်သမီး(၂၀၁၆)”၊ “သရဲမ၊ဘီလူးမနှင့်မိန်းမပျို(၂၀၁၇)”၊”နေဝင်အိပ်တန်းတက်(၂၀၁၇)”၊”ဂန္တဝင်အညိုး(၂၀၁၈)”၊”မီ(၂၀၁၈)”၊ “ထာဝရနှောင်ကြိုး(၂၀၁၉)”၊”မိန်းမတစ်ယောက်၏ ဖွင့်ဟဝန်ခံချက်(၂၀၂၀)” စသည်တို့ဖြစ်ပါတယ် . . . . .

သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးများကို ရိုက်ကူးခဲ့ရုံသာမက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် သူမဟာဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ် . . . . . (၂၀၁၆)ခုနှစ်တွင်ရိုက်ကူးခဲ့သော “ဧဒင်၏ နတ်သမီးများ”ဇာတ်ကားဖြင့် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ် . . . . . (၂၀၁၇)ခုနှစ်တွင် ရိုက်ကူးခဲ့သော “သရဲမ၊ဘီလူးမနှင့်မိန်းမပျို”ဇာတ်ကားတွင် “ရွှေရုပ်သွင်” အမည်ဖြင့် “အမျိုးသမီးဇာတ်ပို့ဆု”ကို ရရှိခဲ့ပါတယ် (၂၀၁၈)ခုနှစ်တွင် ရုံတင်ခဲ့သော”မီ”ဇာတ်ကားဖြင့် လည်း အကယ်ဒမီဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ် . . . . . ထို့အပြင် မင်းသားဇာဏ်ခီနှင့် အတူရိုက်ကူးထားသော(၂၀၁၉)ခုနှစ်တွင် ရုံတင်ပြသခဲ့သော “ထာဝရနှောင်ကြိုး”ရုပ်ရှင်ဇာတ်ကားမှာလည်း လူကြိုက်များခဲ့ပါတယ် . . . . . နောက်ဆုံး(၂၀၂၀)ခုနှစ်တွင် ရုံတင်ခဲ့သော စာရေးဆရာမ”ဂျုး”၏ဝတ္တုဖြစ်သည့် “မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်”ဇာတ်ကာ

းကြီးမှာလည်း ပိုင်ဖြိုးသုဟာ အောင်မြင်ကျော်ကြားခဲ့ပါသည် . . . . . ထိုမျှသာမက (၂၀၁၈)ခုနှစ်တွင် ကျင်းပခဲ့သော “Star Awards”ရုပ်ရှင်ထူးချွန်ဆု ပေးပွဲတွင် “မီ”ဇာတ်ကားဖြင့် “အမျိုးသမီး ဇာတ်ဆောင်ဆု”ကိုလည်း ရရှိခဲ့ပါတယ် . . . . .

Crd – thinyupar

Add a Comment

Your email address will not be published.