ခြင်တွေက သင့်ကိုပဲရွေးကိုက် ရ တဲ့ အကြောင်းအရင်း

ကမ္ဘာပေါ်မှာရှိတဲ့ ၂၀ ရာခိုင်နှုန်းသော လူတွေဟာ ခြင်တွေရဲ့ ရူးရူးမူးမူး စွဲမက်နှစ်ခြိုက်ကိုက်ခြင်းကို ခံနေရတဲ့သူတွေပါတဲ့။ သင်ရောအဲဒီ ၂၀ ရာခိုင်နှုန်းသော လူတွေထဲမှာပါနေပြီလား။ဒါဆိုရင်တော့ခြင်တွေက လူတွေအများကြီးရှိတဲ့အထဲကမှ သင့်ကိုပဲရွေးပြီးတော့ ကိုက်ရတဲ့ အကြောင်းအရင်းကို သိဖို့လိုအပ်နေပါပြီနော်။ဘာအကြောင်းရင်းတွေကြောင့် အမြဲခြင်တွေရဲ့ သားကောင်ဖြစ်နေရလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

အဝတ်အစား

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခြင်တွေကတော့ သူတို့ရဲ့သားကောင်ကို အမြင်နဲ့ပဲရှာဖွေလေ့ရှတာပ့။ ခြင်တွေကတော့ အမြင်အာရုံကောင်းကြပြီး ညနေပိုင်းအချိန်မှာ အမြင်အာရုံနဲ့ပဲ လူတွေကိုရှာဖွေပါတယ်နော်။ချက်ခြင်းမြင်တွေ့လွယ်တဲ့ အရောင်တွေဖြစ်တဲ့ အနီ၊အနက်နဲ့ နက်ပြာရောင် ဝတ်ထားတဲ့သူတွေကတော့ အများဆုံးအကိုက်ခံရတာပါ။

သွေးအမျိုးအစား

အရွယ်‌ရောက်ပြီးဖြစ်တဲ့ ခြင်ထီးတွေကတော့ ဝတ်မှုန်တွေကို စားသုံးကြပေမဲ့ ခြင်မတွေကတော့ ဥဥဖို့အတွက်သွေးကို သူတို့ရဲ့အာဟာရအဖြစ် သောက်သုံးရပါတယ်နော်။O သွေး အမျိုးအစားတွေကတော့ A နဲ့ B အမျိုးအစားတွေထက်ခြင်တွေကိုညို့ယူနိုင်ပါတယ်နော်။ ၈၅ ရာခိုင်နှုန်းသောလူတွေက သူတို့ရဲ့သွေးအမျိုးအစားအလိုက် သူတို့ရဲ့ဆဲလ်ကနေ အချက်ပြတဲ့ အရာလေးတွေ ထုတ်လွှတ်နိုင်တာပါ။

ဂတ်စ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခြင်တွေကတော့ ပေ ၁၆၀ အကွာကနေတောင် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အနံ့ခံနိုင်တာပါ။ အဒါကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို များများရှုထုတ်တဲ့နေရာတွေကို ခြင်တွေပိုလာကြပါတယ်။လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို နှာခေါင်းနဲ့ပါးစပ်ကနေရှုထုတ်တာကြောင့် ခြင်တွေကခေါင်းနားမှာ တဝီဝီလာလုပ်ကြတာဖြစ်ပါတယ်။ အဒါကြောင့်လည်းညကျရင် နားတွေညီးရတာပေါ့။အပူနဲ့ချွေးချွေးမှာပါတဲ့ လက်တစ်အက်ဆစ် ယူရစ်အက်ဆစ်နဲ့ အမိုးနီးယားတို့ကို ခြင်တွေအနံ့ခံနိုင်ပါတယ်။ ချွေးစိုနေပြီး ခန္ဓာကိုယ်နွေးနေတဲ့သူတွေကို ခြင်တွေကသဘောကျကြပါတယ်။

အသားအေရ

ခြင်တွေကတော့ ဘတ်တီးရီးယားတွေများတဲ့ အသားအရေတွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်နော်။ တံတောင်၊ခြေထောက်နေရာကို ခြင်အကိုက်များရတဲ့ အကြောင်းအရင်းကလည်း ဒါကြောင့်ပါပဲတဲ့။

ကိုယ်ဝန်

လေ့လာမှုတွေအရတော့ ငှက်ဖျားဖြစ်စေတဲ့ခြင်တွေဟာ ကိုယ်ဝန်မရှိတဲ့ အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်တွေကို ပိုပြီးတော့ ကိုက်လေ့ရှိပါတယ်။ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီးတစ်ယောက် ရှုထုတ်တဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏကကိုယ်ဝန်မရှိတဲ့သူထက် ၂၁ ရာခိုင်နှုန်းပိုများပါတယ်။ကိုယ်ဝန်ရှိတဲ့သူတွေဟာ ခန္ဓာကိုယ်မှာ အပူလည်းပိုများတာကြောင့် သွေးနွေးသက်ရှိတွေကိုကြိုက်တဲ့ ခြင်တွေရဲ့သားကောင် ဖြစ်နေရတာလည်းဖြစ်ပါတယ်။

ဘီယာ

လေ့လာမှုတွေအရတော့ လူတစ်ယောက်ကို ဘီယာ ၁၂ အောင်စ သောက်ခိုင်းပြီးတဲ့နောက်မှာ မသောက်ခင်ကထက် ခန္ဓာကိုယ်ပေါ်ကို ခြင်တွေပိုပြီးတော့ ရောက်လာကြပါတယ်။ဘီယာသောက်လိုက်တာကြောင့်ဘဲ ချွေးနဲ့အရေပြားထဲမှာ ethanol ပါဝင်မှု မြင့်တက်လာခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ ခြင်တွေနဲ့ဘီယာရဲ့ကြားက တိကျဆက်စပ်မှုကိုတော့ အခုအထိရှာမတွေ့သေးပါဘူးနော်။credit

Add a Comment

Your email address will not be published.