သူမ တို့ ရဲ့ဂီတလေလာကကြီးက အခုဆိုရင်တော်တော်လေးပြိုကွဲနေကြောင်းကို ထိထိမိမိပြောလာတဲ့ အိမ့်ချစ်

နိုင်ငံကျော် တေးသံရှင် အဆိုတော်တစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ သီချင်းဆိုကောင်းသလို ချစ်စရာလည်းကောင်းတာကြောင့် ပရိသတ်တွေကြားမှာသာမက အနုပညာရှင်အသိုင်းအဝိုင်းမှာလည်းလူချစ်လူခ င်ပေါများသူတစ်ယောက် ဖြစ်ပါတယ်အဆိုတော် အိ မ့်ချစ်ကတော့ အခုဆိုရင် အိမ်ထောင်ရှင်မ တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် သူမမြတ်နိုးတဲ့ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်ကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ရင်ထဲရှိတာကို မကွယ်မဝှက်ပဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တဲ့ အိမ့်ချစ်က ဒီကနေ့မှာလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဂီတလောကက ပိုမိုဆိုးရွားသွားတဲ့အခြေအနေကို ပြောပြလာပါတယ်

အိမ့်ချစ်က “နင်ကတော့ အာဏာသိမ်းလိုက်တာပဲနဂိုတည်းကမှ ၁၅ ဂိုဏ်းလောက်ကွဲနေတဲ့ ငါတို့ဂီတလော ကကြီးဟာခုဆိုရင် ၁၈၅ ဂိုဏ်းလောက်ကွဲသွားကြပြီကော… ” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်အိမ့်ချစ်ကတော့ အရင်ကတည်းက စည်းစည်းလုံးလုံးမရှိတဲ့ ဂီတလောကကြီးဟာ အာဏာသိမ်းပြီး အနီ၊အစိမ်းနဲ့ ကြားနေဆိုပြီး အမျိုးမျိုးပိုကွဲသွားကာ အခြေအနေတွေပိုမိုဆိုးရွားသွားကြောင်းကို အခုလိုပဲ ဒဲ့ပြောလာတာဖြစ်ပါတယ်။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Source: Eint Chit’s fb

Add a Comment

Your email address will not be published.