ကလေးရှိသော မိ ဘ များ ကို အထူး သတိပေး လာ တဲ့ ရေမြောကမ်းတင် ဗေဒါကြီး ထူးခန့်ကျော်


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမကလုပ်ကိုင်လာခဲ့ပြီး ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာရပ်တည်နေသေးတဲ့ ထူးခန့်ကျော်ကတော့ လက်ရှိမှာ အရိုးအကြော ရောဂါဝေဒနာခံစားရတဲ့ (၇) ရက်သားသမီးတွေကို ကယ်တင်ပေးနေတဲ့ဆရာတစ်ဆူဖြစ်နေခဲ့ပါပြီ။ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ စေတနာ၊ မေတ္တာထားပြီး ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ ရတနာသုံးပါးအား အမြဲဦးထိပ်ထားပြီး စေတနာထား

ကုသပေးတာ ကြောင့်လည်း တစ်နေ့ကိုရာနဲ့ချီ လာရောက်ကုသနေကြတာ တွေ့ရပါတယ်။ ဒီလိုလာရောက် ကုသသူတွေများတာကြောင့် အိပ်စားချိန်တောင်မရဘဲ ကုသပေးနေရပေမယ့် ပါရမီဖြည့်ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်နေရသူပါ။ဒါ့အပြင် ဆေးကုသတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏအသိပေးဖော်ပြပေးနေတဲ့ ထူးခန့်ကျော်ကတော့ ယခုမှာလည်း ကလေးငယ်တစ်ယောက်ကို ရောဂါသက်သာအောင်ကုသပေးနိုင်ခဲ့တာကို ပီတိဖြစ်ပြီး ထပ်မံဖော်ပြလာခဲ့ပါတယ်။

အဆိုပါ ကလေးငယ်ဟာ အပင်အောင်မှာ ဆော့ကစားပြီအပြန် ခြေလက်များလှုပ်မရတော့သလို စကားများမပြောနိုင်အောင်ဖြစ်ခဲ့တာကြောင့် ထူးခန့်ကျော်ဆီလာရောက် ကုသခြင်းဖြစ်တယ်လို့ သိရပါတယ်။ ယခုဆိုရင်တော့ ထူးခန့်ကျော်ရဲ့ကုသပေးမှုကြောင့် ကလေးငယ်ခံစားနေတဲ့ ရောဂါဝေဒနာ သက်သာပျောက်ကင်းသွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ကလေးရှိသောမိဘများကိုလည်း ဒီကလေးငယ်လို မဖြစ်အောင် အထူးသတိပေးထားတာကိုလည်း တွေ့ရပါတယ်။

Add a Comment

Your email address will not be published.