စိတ္ကူး နဲ႔ လႉ တဲ့ အလႉ ၏ အက်ိဴးေပးပုံ

တစ္ခါတုန္းက ဘုရားအေလာင္းေတာ္ဟာ တိေလာကဝိဇယမင္းႀကီး ျဖစ္ခဲ့ဖူးပါတယ္။ တိေလာကဝိဇယမင္းႀကီးဟာ ဘုရားအမႉး႐ွိတဲ့သံဃာေတာ္မ်ားကို စိတ္ကူးနဲ႔ပုံေဖာ္ၿပီး ႐ွိခိုးပါတယ္္။ေဝဇယႏၲာဆိုတဲ့ အထပ္မ်ားစြာ႐ွိတဲ့ ေက်ာင္းေတာ္ႀကီးကိုလည္း စိတ္ကူးနဲ႔တည္ေဆာက္လိုက္ပါတယ္။ ေက်ာင္းေတာ္ႀကီးထဲမွာ ျမတ္စြာဘုရားထိုင္ဖို႔ ေ႐ႊပုလႅင္၊ သံဃာေတာ္မ်ားထိုင္ဖို႔ အခင္းေတြ၊ ေရအိုးမ်ား၊အခန္းမ်ားစသည္ျဖင့္

လိုအပ္တာေတြကို ပုံေဖာ္လိုက္ပါတယ္။အားလုံးျပည့္စုံၿပီဆိုေတာ့ ဘုရားအမႉးျပဳတဲ့သံဃာေတြကို စိတ္ကူးနဲ႔ပင့္ၿပီး စိတ္ကူးနဲ႔ဆြမ္းကပ္ပါတယ္။ တစ္ပါးကိုတိစီဝရိတ္ သကၤန္းသုံးထည္စီလည္း စိတ္ကူးနဲ႔ကပ္လိုက္ေသးတယ္။္ ဆြမ္းစားၿပီးေတာ့ ကိုယ့္အခန္းမွာကိုယ္နားလို႔ စ်ာန္ဝင္စားေစတယ္တဲ့။
ေက်ာင္းေဆာင္ရဲ႕အရပ္ေလးမ်က္ႏွာမွာ ၾကာမ်ိဳးငါးပါးနဲ႔တင့္တယ္တဲ့ ေရကန္ႀကီးေလးကန္ကို စိတ္ကူးနဲ႔တည္ေဆာက္လိုက္ေသးတယ္၊ ကန္ႀကီးေတြရဲ႕နံေဘးမွာ ပန္းဥယ်ာဥ္ေတြထည့္လိုက္ေသးတယ္။္ဒါတင္မကေသးပါဘူး၊ ဆြမ္းေကြၽးပြဲကိုႂကြေရာက္လာၾကတဲ့ လူ၊နတ္၊ျဗဟၼာအားလုံးကိုလည္း မိမိျပဳတဲ့ ကုသိုလ္အဖို႔ကို အမွ်ေပးေဝလိုက္ပါေသးတယ္။ ဒီလိုနဲ႔ေန႔စဥ္ေန႔တိုင္း စိတ္ကူးနဲ႔လႉေနတာသက္တမ္းနဲ႔အမွ်ပါပဲ။

အဲဒီလိုျမတ္စြာဘုရား႐ွင္ရဲ႕ပုံေတာ္ကို အာ႐ုံျပဳၿပီးလႉဒါန္းတဲ့ စိတ္ကူးယဥ္အလႉက တိေလာကဝိဇယမင္းႀကီးေသလြန္တဲ့အခါ တာဝတႎသာနတ္ျပည္ေရာက္သြားတယ္တဲ့။္ဒါေၾကာင့္အားေနတဲ့အခ်ိန္ေလးေတြမွာ ေတာင္ေတြးေျမာက္ေတြးမေနပဲ စိတ္ကူးအလႉေလးေတြ ျပဳဘုရားေလာင္းတိေလာကဝိဇယမင္းႀကီးလိုေစခ်င္တယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ရေဝႏြယ္

unicode

တစ်ခါတုန်းက ဘုရားအလောင်းတော်ဟာ တိလောကဝိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိလောကဝိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့သံဃာတော်များကို စိတ်ကူးနဲ့ပုံဖော်ပြီး ရှိခိုးပါတယ်။ဝေဇယန္တာဆိုတဲ့ အထပ်များစွာရှိတဲ့ ကျောင်းတော်ကြီးကိုလည်း စိတ်ကူးနဲ့တည်ဆောက်လိုက်ပါတယ်။ ကျောင်းတော်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပုလ္လင်၊ သံဃာတော်များထိုင်ဖို့ အခင်းတွေ၊ ရေအိုးများ၊အခန်းများစသည်ဖြင့်

လိုအပ်တာတွေကို ပုံဖော်လိုက်ပါတယ်။အားလုံးပြည့်စုံပြီဆိုတော့ ဘုရားအမှူးပြုတဲ့သံဃာတွေကို စိတ်ကူးနဲ့ပင့်ပြီး စိတ်ကူးနဲ့ဆွမ်းကပ်ပါတယ်။ တစ်ပါးကိုတိစီဝရိတ် သင်္ကန်းသုံးထည်စီလည်း စိတ်ကူးနဲ့ကပ်လိုက်သေးတယ်။် ဆွမ်းစားပြီးတော့ ကိုယ့်အခန်းမှာကိုယ်နားလို့ ဈာန်ဝင်စားစေတယ်တဲ့။
ကျောင်းဆောင်ရဲ့အရပ်လေးမျက်နှာမှာ ကြာမျိုးငါးပါးနဲ့တင့်တယ်တဲ့ ရေကန်ကြီးလေးကန်ကို စိတ်ကူးနဲ့တည်ဆောက်လိုက်သေးတယ်၊ ကန်ကြီးတွေရဲ့နံဘေးမှာ ပန်းဥယျာဉ်တွေထည့်လိုက်သေးတယ်။်ဒါတင်မကသေးပါဘူး၊ ဆွမ်းကျွေးပွဲကိုကြွရောက်လာကြတဲ့ လူ၊နတ်၊ဗြဟ္မာအားလုံးကိုလည်း မိမိပြုတဲ့ ကုသိုလ်အဖို့ကို အမျှပေးဝေလိုက်ပါသေးတယ်။ ဒီလိုနဲ့နေ့စဉ်နေ့တိုင်း စိတ်ကူးနဲ့လှူနေတာသက်တမ်းနဲ့အမျှပါပဲ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အဲဒီလိုမြတ်စွာဘုရားရှင်ရဲ့ပုံတော်ကို အာရုံပြုပြီးလှူဒါန်းတဲ့ စိတ်ကူးယဉ်အလှူက တိလောကဝိဇယမင်းကြီးသေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်ရောက်သွားတယ်တဲ့။်ဒါကြောင့်အားနေတဲ့အချိန်လေးတွေမှာ တောင်တွေးမြောက်တွေးမနေပဲ စိတ်ကူးအလှူလေးတွေ ပြုဘုရားလောင်းတိလောကဝိဇယမင်းကြီးလိုစေချင်တယ်။
ရဝေနွယ်

Add a Comment

Your email address will not be published.