အဖမ္းအစီး၊ အေသအေၾကေတြမ်ားေန တဲ့ေခတ္ပ်က္ႀကီး ထဲ မွာေတာင္ အလႉအတန္းဗန္းျပၿပီး မူး႐ူးသူေတြ ကို ဒဲ့ေျပာ လာတဲ့ R ဇာနည္

အဆိုေတာ္ R ဇာနည္ ကေတာ့ ပရိသတ္ေတြရဲ႕ ႏွလုံးသားကို အစဥ္ထာဝရ ပိုင္ဆိုင္ထားႏိုင္သူ အဆိုေတာ္တစ္ေယာက္ပါပဲ။ လက္႐ွိျမန္မာ့ႏိုင္ငံေရးအ႐ႈပ္အေထြးေတြမွာလည္း R ဇာနည္ဟာ တရားေသာဓမၼဘက္ကေန ရပ္တည္ၿပီး ျပည္သူေတြဘက္ကေန ရဲရဲဝံ့ဝံ့႐ွိေနခဲ့တာပဲျဖစ္ပါတယ္။

အဲ့ဒီအတြက္ေၾကာင့္လည္း အိုးအိမ္ကိုပစ္ၿပီး လြတ္ေျမာက္ရာေနရာကိုတိမ္းေ႐ွာင္ေနရတဲ့ R ဇာနည္ဟာ အရင္လို အႏုပညာအလုပ္ေတြကို မလုပ္ကိုင္ႏိုင္ေသးတာပဲျဖစ္ပါတယ္ဒီကေန႔ တန္ေဆာင္မုန္းလျပည့္ေန႔မွာလည္း အေပ်ာ္အပါးမက္ၾကတဲ့ အခ်ိဳ႕ျမန္မာလူမ်ိဳးေတြဟာ ဘာသာေရးကိုခုတုံးလုပ္ၿပီး လည္ပတ္ေပ်ာ္႐ႊင္ ေသာက္စားမူးရစ္ေနၾကလ်က္႐ွိပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ထိုကိစၥနဲ႔ ပက္သတ္ၿပီး R ဇာနည္က “ေသၾက ေက်ၾက ဖမ္းၾက စီးၾက ရဲ႕ တဖက္မွာ လႉၾက တန္းၾက ေပ်ာ္ၾက ႐ႊင္ၾက မူးၾက ႐ူးၾက” ဆိုၿပီး သူ႕ရဲ႕အျမင္ကို ေျပာလာပါတယ္ R ဇာနည္ကေတာ့ ဘာသာေရးကို အေၾကာင္းျပၿပီး ေခတ္စနစ္ဆိုးႀကီးမွာ ေပ်ာ္ပါးမူးယစ္ေနသူေတြကို ဖမ္းဆီးခံရသူ၊ အသက္ေပးရသူေတြကို အားနာတတ္ဖို႔ ဒဲ့ေျပာလာခဲ့တာပဲျဖစ္ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

Source: Zarni Myonyunt ‘s fb

unicode

အဆိုတော် R ဇာနည် ကတော့ ပရိသတ်တွေရဲ့ နှလုံးသားကို အစဉ်ထာဝရ ပိုင်ဆိုင်ထားနိုင်သူ အဆိုတော်တစ်ယောက်ပါပဲ။ လက်ရှိမြန်မာ့နိုင်ငံရေးအရှုပ်အထွေးတွေမှာလည်း R ဇာနည်ဟာ တရားသောဓမ္မဘက်ကနေ ရပ်တည်ပြီး ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ရှိနေခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့်လည်း အိုးအိမ်ကိုပစ်ပြီး လွတ်မြောက်ရာနေရာကိုတိမ်းရှောင်နေရတဲ့ R ဇာနည်ဟာ အရင်လို အနုပညာအလုပ်တွေကို မလုပ်ကိုင်နိုင်သေးတာပဲဖြစ်ပါတယ်ဒီကနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာလည်း အပျော်အပါးမက်ကြတဲ့ အချို့မြန်မာလူမျိုးတွေဟာ ဘာသာရေးကိုခုတုံးလုပ်ပြီး လည်ပတ်ပျော်ရွှင် သောက်စားမူးရစ်နေကြလျက်ရှိပါတယ်။

ထိုကိစ္စနဲ့ ပက်သတ်ပြီး R ဇာနည်က “သေကြ ကျေကြ ဖမ်းကြ စီးကြ ရဲ့ တဖက်မှာ လှူကြ တန်းကြ ပျော်ကြ ရွှင်ကြ မူးကြ ရူးကြ” ဆိုပြီး သူ့ရဲ့အမြင်ကို ပြောလာပါတယ် R ဇာနည်ကတော့ ဘာသာရေးကို အကြောင်းပြပြီး ခေတ်စနစ်ဆိုးကြီးမှာ ပျော်ပါးမူးယစ်နေသူတွေကို ဖမ်းဆီးခံရသူ၊ အသက်ပေးရသူတွေကို အားနာတတ်ဖို့ ဒဲ့ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Zarni Myonyunt ‘s fb

Add a Comment

Your email address will not be published.