တော်လှန်ရေးအတွက် ပြည်သူအားလုံးဆီက အရေးပေါ်အကူညီတစ်ခု သရုပ်ဆောင်ပိုင်ဖြိုးသု တောင်းပြီ


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

crd

unicode

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်မင်းသမီး ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပါတယ်။် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ က နဲ့တရားစွဲဆိုခံထားရပေမယ့် သူမရဲ့ယုံကြည်ချက်ကို ခိုင်ခိုင်မာမာထားပြီး ေ.သွ.းမအေးနောက်မဆုတ်ပဲ အာဏာရှင်ကိုတွန်းလှန်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ ဒီမိုကရေစီအတွက် ကြိုးစားနေတဲ့ ပိုင်ဖြိုးသုကိုတော့ သူမရဲ့မိဘတွေက လွန်ခဲ့တဲ့လပိုင်းလောက်က ကြေးမုံသတင်းစာမှာ အမွေပြတ်စွန့်လွှတ်ခဲ့တယ်လို့ တရားဝင်ကြေငြာခဲ့ကြပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်က ပိုင်ဖြိုးသုဟာ ပြည်သူတွေအားလုံးကို အ‌ရေးတကြီးတောင်းဆိုမှုတစ်ခု လုပ်လိုက်ပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မတိုင်ခင် လက်မှတ်နှစ်သိန်း လိုပါတယ်။် အ.ြ.က.မ်.းဖ.က်စစ်တပ်ဆီ ငွေကြေးလွှဲပြောင်းမှုတွေ ဆက်မလုပ်ဖို့ TOTAL ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီရဲ့ CEO နှင့်တကွ Shareholder တွေဆီ ကျွန်တော်တို့ပြည်သူလူထုရဲ့ လက်မှတ်တွေနှင့် ဖိအားပေးတောင်းဆိုမှုတွေကို တိုက်ရိုက်ပို့ဖို့ ရှိပါတယ်။ Email တစ်ခုရှိတိုင်း လက်မှတ်တစ်ခါ ဝင်ထိုးလို့ရတာမို့ ဝိုင်းဝန်းပြီး ဆော်ဩပေးကြဖို့လည်း အကူအညီတောင်းချင်ပါတယ်။

ဆိုတဲ့ပိုစ့်ကို ပိုင်ဖြိုးသုဟာ သူမရဲ့လူမှုကွန်ယက် စာမျက်နှာထက်ပေါ်မှာ ပြန်လည်မျှဝေပြီး ပြည်သူတွေအားလုံးပါဝင် လက်မှတ်ထိုးကြဖို့ တောင်းဆိုထားပါတယ်နော်။်မကြာခဏဆိုသလို ပိုင်ဖြိုးသု ဟာတော်လှန်ရေးအတွက် အကျိုးရှိစေမယ့်အစီအစဉ်လေးတွေကို အမြဲတင်ဆက်ပေးပြီး ကျရာတာဝန်ကို ထမ်းဆောင်နေတာပဲ ဖြစ်ပါ‌တယ်နော်။ ကဲ…ပရိသတ်ကြီးရေ ပိုင်ဖြိုးသု တောင်းဆိုထားတဲ့အတိုင်း လက်မှတ်လေးတွေထိုးပြီး ဝင်ရောက်အားဖြည့်ပြီးပြီလား။ အချိန်ပေးဖတ်ရှုပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊

Add a Comment

Your email address will not be published.