YBS ကားတွေရဲ့ ပြောင်းလဲလာမှုနဲ့အတူ ခရီးသည်များ သတိထားရမယ့် ကိစ္စ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ပြီးနောက်ပိုင်း အစစအရာရာ လိုက်ပါပြောင်းလဲလာတဲ့အထဲမှာ YBS ယာဉ်လိုင်းတွေလည်း တစ်ခုအပါအဝင်ဖြစ်လာခဲ့ပြီး ခရီးသည်တွေ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေခဲ့ရတယ် လို့သိရပါတယ်။ အခုလက်ရှိ YBS

ကားလိုင်းတွေမှာ ယာဉ်စီးခတိုးပြီး ကောက်ခံတာတွေ၊ မှတ်တိုင်မှာ မရပ်ပေးတာတွေ၊ ခရီးသည်တွေကို အပြည့်အကျပ် တင်ဆောင်တာတွေ၊ ကားတွေပေါ်မှာ ယာဉ်နောက်လိုက်တွေ လိုက်ပါလာပြီး ခရီးသည်တွေကို မချေမငံဆက်ဆံတာတွေ၊ ကားတစ်စီးနဲ့တစ်စီး ပြိုင်မောင်းတာတွေ စတဲ့

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အရင်မထသ စနစ်တုန်းကပုံစံမျိုး ပြန်လည်ကြုံတွေ့လာနေရတယ် လို့လည်းဆိုပါတယ်။ YBS ကားတွေရဲ့ ပြောင်းလဲလာမှုနဲ့အတူ တစ်ကျော့ပြန် ခ.ါ.းပို.က်.န.ှိုက်ပြဿနာတွေကလည်း နောက်ဆက်တွဲဆို.းကျို.းအဖြစ် ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ ခ.ါး..ပို.က်.န.ှိုက်ခံရတဲ့ အတွေ့အကြုံကို

တောင်ဒဂုံမြို့နယ်မှာနေထိုင်သူ မသူသူဇင်က “ရုံးဆင်းချိန်ဆိုတော့ ကားကအရမ်းကြပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ထပ်ပြီးစီးလာရတာ။ ဆင်းတဲ့လူနဲ့ တက်တဲ့လူနဲ့ တိုးဝှေ့နေရတော့ ကားပေါ်မှာ ရှုပ်ယှက်ခတ်နေတာ။ ကားကလည်း အရမ်းမောင်းနေတော့ ဟန်ချက်မပျက်အောင်ပဲ

ထိန်းနေရတာ။ သတိတစ်ချက်လွတ်သွားတာနဲ့ ပါသွားတော့တာပဲ” လို့ ကားပေါ်မှာ ခ.ါ.းပို.က်.န.ှိုက်ခံခဲ့ရပုံကို ပြောပြထားပါတယ်။ ခ.ါ.းပို.က်.န.ှိုက်က အိတ်ကိုခ.ွဲပြီး ပိုက်ဆံအိတ် ယူသွားခဲ့တာကြောင့် ပိုက်ဆံအပြင် ဘဏ်ကဒ်အချို့ပါပါသွားတယ် လို့ဆိုပါတယ်။ အလားတူ တာမွေမြို့နယ်မှာ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

နေထိုင်သူ ကိုထွန်းမင်းကလည်း ဘတ်စ်ကားတွေပေါ်မှာ ခ.ါ.းပို.က်.န.ှိုက်တာတွေက သုံးယောက်တစ်ဖွဲ့ ဒါမှမဟုတ် အနည်းဆုံးနှစ်ယောက်တစ်ဖွဲ့နဲ့ လုပ်ဆောင်နေကြတာ လို့ သူ့အတွေ့အကြုံကိုအခြေခံပြီး ပြောပြပါတယ်။ ကျွန်တော်တုန်းက ၆၅ ကားပေါ်မှာဖြစ်တာ။ ကျွန်တော့နားကို

လူနှစ်ယောက် ဟိုဖက်တစ်ယောက်၊ ဒီဖက်တစ်ယောက် ကပ်လာတည်းက သတိထားပြီးနေခဲ့တာ။ ကျောပိုးအိတ်ကိုလည်း နောက်မှာမလွယ်ထားဘူး။ အရှေ့မှာ ပိုက်ထားတာ။ စိတ်ထဲမှာလည်း သိနေတယ်။ ဒီလူတွေက မရိုးတော့ဘူးဆိုတာ။ ကျွန်တော့်ပိုက်ဆံအိတ် မပါသွားဖို့ကို တော်တော်

သတိထားခဲ့တယ်။ နောက်တော့ သူတို့မဟန်မှန်းလဲသိရော ကားပေါ်က ဆင်းသွားကြတယ်။” လို့ဆိုပါတယ်။ ရန်ကုန်မြို့နေ ပြည်သူတွေအနေနဲ့လည်း နေ့စဉ်အလုပ်သွား၊အလုပ်ပြန်တဲ့အခါ အဆင်ပြေ ချောမွေ့စေရေးအတွက် မထသစနစ်ကနေ YBS စနစ် ပြောင်းလဲလာမှုအပေါ် ကြိုဆိုခဲ့

ကြပေမယ့် ယခုအခါ ယခင်မထသ စနစ်ဟောင်းလိုမျိုး ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ ကားမောင်းသူတွေအနေနဲ့ အသ.က်အ.န္တ.ရ.ာ.ယ် စိုးရိမ်ရလောက်တဲ့အထိ ကားမောင်ြး.က.မ်.းတာ၊ ယာဉ်စီးခ သတ်မှတ်မထားဘဲ အဆင်ပြေသလိုတောင်းနေတာ၊ ဆင်းရမယ့်မှတ်တိုင်မှာ မရပ်ပေးတာ၊

စပယ်ယာတွေရဲ့ မချေမငံပြောဆို ဆက်ဆံခံရတာ၊ ရုံးဆင်းရုံးတက်ချိန်ဆို လူတွေကို ကြပ်ညပ်နေအောင် တင်တာ၊ လူမရရင် သွားရမယ့်ခရီးစဉ်အတိုင်း မဆွဲဘဲလှည့်ပြန်တာ၊ ခ.ါ.းပို.က်.န.ှိုက်အ.န္တ.ရ.ာ.ယ်များတာ စတဲ့အကြောင်းအရင်းတွေကြောင့် စိတ်ပျက်နေကြပေမယ့် နေ့စဉ်စားဝတ်နေရေးအတွက် မဖြစ်မနေ သွားလာနေကြရပါတယ်။

Add a Comment

Your email address will not be published.