ဒေါင်းယောင်ဆောင်တဲ့ ကျီးကန်း အဖွဲ့ထဲမှ သမိုင်းတွင်မည့် ရဲရဲတောက် ခြင်္သေ့ တစ်ကောင်အ‌ကြောင်း
ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့
ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့
unicode
သရုပ်ဆောင် မင်းမော်ကွန်းကတော့ တစ်ခေတ်တစ်ခါက အောင်မြင်ပြီးသား ဖြစ်တဲ့အပြင် သရုပ်ဆောင်ပီပြင် လှတာကြောင့်လဲယနေ့ထိ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့မင်းသားချော ပဲဖြစ်ပါတယ် သရုပ်ဆောင်နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့ နဲ့အတူ နိုင်ငံကျော် လူကြိုက်များ လွန်းလှသော ပွင့်ပွင့်လင်းလင်း ​ပြောဆို ရဲရဲဝံ့ဝံ့ ပြက်လုံးများ ထုတ်ကြသော နှင်းဆီအငြိမ့် အဖွဲ့မှာလည်း ပါဝင်ထားပါ သေးတယ်နော်။
မင်းမော်ကွန်းကတော့ နှင်းဆီအငြိမ့်မှာ အမှန်တရားတွေ ပြောခဲ့သလို လက်ဆွေ့ဘဝ အာဏာသိမ်းမှုကြီးနဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ရဲရင့်ပြတ်သားစွာဖြင့် ပရိသတ်ပြည်သူ တွေနဲ့အတူ မတရားမှုကို ဆန့်ကျင်ကာ အမှန်တရားဘက်က တစ်သားတည်း ပါဝင်ပြီး
လမ်းထွက်ကာ လူထုလှုပ်ရှားမှု တွေမှာ အားတက်သရော ပါဝင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပုဒ်မ၅၀၅ကဖြင့် မတရားအမှုဖွင့်ထားခြင်း ခံရပြီး ဘေးကင်းရာကိုရှောင်တိမ်း နေခဲ့ရပြီး နောက်ဆုံးမှာတော့ အာဏာရှင် ဖြုတ်ချရေး အစွန်းဆုံးထိ လျှောက်လမ်း တိုက်ထုတ်နိုင်ရန် အတွက်ချမ်းသာကြွယ်ဝသောလိုလေသေး မရှိသော သရုပ်ဆောင်မင်းသား ဘဝကို ချန်ထားခဲ့ရစ်ကာ တောတောင်တွေထဲ အစားအစာ ခက်ခဲ အနေဆင်းရဲသော လွတ်မြောက်နယ်မြေသို့ သွားရောက်ကာ အရာရာကို စွန့်လွှတ်ပေးဆပ်ရင်း တိုင်းပြည်အတွက် ချစ်ရသောပရိသတ်ပြည်သူတွေအတွက်
အနာဂတ်တွေ လှပစေဖို့အတွက် ဘဝတစ်ခုလုံးကို ရင်းကာပေးဆပ် နေသူဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လည်း ပရိတ်သတ်တွေက နှင်းဆီအငြိမ့်အဖွဲ့မှ တကယ်ပွင့်ရဲ့တဲ့တစ်ပွင့်တည်း နှင်းဆီဆိုပြီးတော့ တင်စားခေါ်ဝေါ် နေကြတာပဲ ဖြစ်ပါတယ်နော်။အငြိမ့်စင်ပေါ်မှာ အားလုံးဟာ ရဲရင့်ဟန်ဖြင့် လွဲမှားမှုတွေကို ထောက်ပြကာ အမှန်တရားအတွက် ပြောခဲ့လုပ်ခဲ့ကြ ပေမယ့် တကယ့်လက်တွေ့ ဘဝမှာတော့ နာမည်ကျော် နှင်းဆီအဖွဲ့က အမှန်တကယ် စွန့်ဝံ့သူ ပေးဆပ်ဝံ့သူကတော့
ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော မင်းမော်ကွန်း တစ်ယောက်ထဲသာ ဖြစ်နေတာကို တွေ့မြင်ရပါတယ်နော်။ သို့အတွက်မို့လည်း ဒေါင်းယောင် ဆောင်သော ကျီးတွေ ကြားထဲက အမှန်တရားအတွက် တကယ်ရဲရင့်သော ခြင်င်္သေ့ တစ်ကောင်ဟု
မင်းမော်ကွန်းကို တင်စား ခေါ်ဝေါ်နေ ကြတာလည်း ဖြစ်ပါတယ်။ စာဖတ်သူအပေါင်း ကျန်းမာချမ်းသာကြပါစေ ဘေးဘယာဝေကွာပြီး လိုရာပန်းတိုင်ကို အမြန်ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Add a Comment
Your email address will not be published.