ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင် ဖို့ ဆောင်ရွက်နေ တယ် လို့ စကစခေါင်းဆောင်ပြော



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


Mercury_Media

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

ပြည်သူ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်ပေးနေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၂၃ ရက်နေ့က ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးမှာ ပြောကြားပါတယ်၂၀၂၀ ရွေးကောက်ပွဲအတွင်းက မဲမသမာမှုတွေနဲ့ အရင်အစိုးရလက်ထက်က တာဝန်ရှိသူတွေရဲ့ အဂတိလိုက်စားမှုတွေကို ဖော်ထုတ်အရေးယူဆောင်ရွက်နေပြီး

SAC က ချမှတ်ထားတဲ့ ဦးတည်ချက် ၅ ချက်ကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်နိုင်က အဲ့ဒီအစည်းအဝေးမှာ ပြောကြားပါတယ်ဆက်လက်ပြီးလည်း နိုင်ငံအတွက်လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းပြီး ပြင်ဆင်၊ ဖြည့်စွက်ဖို့ လုပ်ဆောင်တဲ့ နေရာမှာ ပြည်သူတွေ လိုက်နာနိုင်ဖို့ ဘက်ပေါင်းစုံက စဉ်စားပြီး လုပ်ဆောင်ဖို့လိုကြောင်းလည်း ညွှန်ကြားပါတယ်။

ဒါ့အပြင် NUG၊ CRPH၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကြောင့် SAC လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ တပ်သတင်းပေးတွေ သတ်ဖြတ်ခံရတာတွေ၊ ဖောက်ခွဲမှုတွေနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးဖို့ဆောင်ရွက်နေပြီးအဲ့လိုဖမ်းဆီးတဲ့နေရာမှာ ဆောင်ရွက်ပေးနေတဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေကို အသိအမှတ်ပြုကြောင်းလည်း ပြောကြားပါတယ်။

Mercury_Media

Add a Comment

Your email address will not be published.