ထိုင်းနိုင်ငံမှာ ထုတ်လွှင့်ပြသတော့မယ့် ပြည်သူ့အချစ်တော် ‘ဒေါင်း’ ပါဝင်သရုပ်ဆောင်ထား တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကြီး

သရုပ်ဆောင် ဒေါင်းကတော့ အမိုက်စား သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသားချောပဲ ဖြစ်ပါတယ် အနေအထိုင်တည်ကြည်ပြီး ယောကျာ်းပီသတဲ့ရုပ်ရည်သွင်ပြင်မျိုးကို

ပိုင်ဆိုင်ထားတဲ့ ဒေါင်းကတော့ မိန်းကလေးပရိသတ်တွေကြားမှာ သည်းသည်းလှုပ်အားပေးခံရသူတစ်ယောက်ပဲဖြစ်ပါတယ် ဒေါင်းကတော့ ဖေဖော်ဝါရီလကတည်းက အားလုံးနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ပြုလုပ်ခဲ့သလို က.ျဆုံ.းသွားကြတဲ့သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်ကာဖေးမကူညီနေသူလည်း ဖြစ်ပါတယ်။ သူဟာ ဇန်နဝါရီလကတည်းက ထိုင်းနိုင်ငံကို ဇာတ်ကားရိုက်သွား​နေသူဖြစ်ပါတယ်

နွေဦးတော်လှ.န်ရေးမှာ အားသွန်ခွန်စိုက်ပါဝင်ခဲ့သလို အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ် ​ဒေါင်းက တော်လှ.န်ရေးကြီးရဲ့ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တာကြောင့်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ပ.ုဒ်မ(၅၀၅)နဲ့ အ.မှုဖွင့်ထားခြင်းခ.ံရပြီး ရှောင်တိမ်းနေရတာလည်းဖြစ်ပါတယ်။ လတ်တလောမှာ ဒေါင်းက လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnustရိုက်ကူးတဲ့ “จากเจ้าพระยาสู่อิรวดี”

(ကျောက်ဖရားမှဧရာဝတီ)ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲဖြစ်ပါတယ် အဆိုပါ ဇာတ်လမ်းတွဲကတော့ သမိုင်းမှတ်တမ်းတစ်ခုအပေါ် အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒေါင်းအပါအဝင် ထိုင်းသရုပ်ဆောင်တွေများစွာ

ပါဝင်ရိုက်ကူးထားကြတာပဲဖြစ်ပါတယ်။ “ကျောက်ဖရားမှဧရာဝတီ”ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံရုပ်သံလိုင်း Thai PBS TV Channelမှာ ဇန်နဝါရီလ(၁)ရက်နေ့ကစပြီး ထုတ်လွှင့်ပြသသွားမယ်လို့လည်းသိရပါတယ်။ ​လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published.