အမှောင်မိုက်ဆုံး ကာလကျော်လွန်ပြီး အလင်းရောက်တော့မှာ မို့ မြန်မာပြည်သူတွေ အားပေးစကား ပြော လာ တဲ့ အောင်လအန်ဆန်း



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့



ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


ခရက်ဒစ်

unicode

မြန်မာ့စပါးအုံးမြွေလို့ တင်စားခံရတဲ့ အောင်လအန်ဆန်က မြန်မာပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ သန်မာကြံ့ခိုင်အောင်နေထိုင်ကြရမယ်လို လူမူကွန်ရက်က တဆင့်တိုက်တွန်းပြောဆို လိုက်ပါတယ် အောင်လအန်ဆန်ဟာ ဒီသီတင်းပတ်အတွင်းမှာလူမူကွန်ရက်ဖြစ်တဲ့ Instagramကနေမြန်မာပြည်သူတွေကို တို က်တွန်းပြောဆိုခဲ့တာ ဖြစ်ပြီး သန်မာ ကြံ့ခိုင်အောင် နေထိုင်ဖို တိုက်တွန်းတဲ့စာနဲ့အတူ ကျေးရွာတွေကိုစွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ပုံတွေကို အတူတွဲ တင်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ OneChampionship ချန်ပီယံဟောင်း အောင်လအန်ဆန်က လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့အခြေနေတွေ အရင်တိုင်းပဲ ရှိနေဆဲဖြစ်ပေမယ့်အခြေနေတွေကောင်းမွန် တိုးတက်လာမယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်အာင်လအန်ဆန်က “ပိုင်ဆိုင်တဲ့အရာရာတိုင်းကိုယူဆောင်ခွင့် မရဘဲ အသက်ရှင်ဖို့ ထွက်ပြေးခွင့်ရတာကိုပဲ ကျေးဇူးတင်ရမယ်။ဒါဟာ ဟောလီဝုဒ်ရုပ်ရှင် ဇာတ်ကားတစ်ကား မဟုတ်ဘူး။

ဒုက္ခသည်တွေရဲ့ပုံတွေဟာမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အရာတွေပါ။မြန်မာနိုင်ငံမြောက်ပိုင်းကကျေးရွာတွေကို စွန့်ခွာထွက်ပြေးရတဲ့ဒုက္ခသည်စခန်းက လူတွေရဲ့ပုံတွေ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲ သေးပေမယ့် ပြည်သူတွေသန်မာ ကြံ့ခိုင်အောင်နေထိုင်ဖို့ လိုအပ်တယ်။လက်ရှိအချိန်ဟာ အာရုံဦး မလာခင်အမှောင်မိုက်ဆုံး အချိန်ဖြစ်တယ်။ ဒီအမှောင်တွေ မကြာခင်အဆုံးသတ် သွားမှာပါ။

မြန်မာပြည်သူတွေ တွေ့ကြုံခံစားနေ ရတာတွေကို ထပ်တူဝမ်းနည်း မိပါတယ်။ဒါပေမယ့် ကျွန်တော့်အနေနဲ့ မြန်မာပြည်သူတွေကို မေ့မထားဘူး ဆိုတာသိစေလိုတယ်။” လို့ပြောလာခဲ့တတာပဲ ဖြစ်ပါတယ် အောင်လအန်ဆန်ဟာ OneChampionship ပြိုင်ပွဲမှာ နာမည်ကြီး ဖိုက်တာ ကချင်တိုင်းရင်းသား တစ်ဦးဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်းတို့မှာချန်ပီယံဆုတွေရယူနိုင်ခဲ့ပေမယ့် အဆိုပါကမ္ဘာ့ချန်ပီယံ ဆုတွေကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ဒီနှစ်ဧပြီလတို့မှာ နယ်သာလန်နိုင်ငံသား ရိုင်နီယာဒီရစ်ဒါကို ရှုံးနိမ့်ကာ စွန့်လွှတ်လိုက် ရပါတယ်။

အောင်လအန်ဆန်ဟာ လက်ရှိ အချိန်မှာ စွန့်လွှတ်လိုက်ရတဲ့ ချန်ပီယံဆုတြွေပန်ရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီးဂျပန်တို က်ခိုက်ရေးသမား အိုကာမီနဲ့လည်း ယှဉ်ပြိုင်ဖို့ ဆန္ဒရှိနေတယ်လို့သတင်းများထွက်ပေါ်နေပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published.