NUG အစိုး ရ ၏ ငွေတိုက်စာချုပ်ရောင်းချခြင်းကို ကာကွယ်ပေးလိုက် တဲ့ စင်္ကာပူဘဏ်များ

စင်္ကာပူဘဏ်တွေရဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု့ ၂ရက်တာ ခက်ခဲခြင်းတွေဟာ မြန်မာပြည်က NUGအစိုးရရဲ့ ငွေတိုက်စာချုပ်​ရောင်းချခြင်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ပါဘူးလို့ DBSဘဏ်နဲ့ POSBက ငြင်းဆိုကာကွယ်လိုက်ပါတယ်ပီးခဲ့တဲ့ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့​တွေမှာ DBSနဲ့ POSBသုံးစွဲသူတွေဟာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု့တွေ ခက်ခဲခဲ့ပါတယ်။ ဒီပြဿ…..နာဟာ မြန်မာပြည်က NUGအစိုးရရဲ့ ငွေတိုက်စာချုပ်တွေ ရောင်းအားများနေတဲ့အတွက် အကျ.ပ်ရို.က်ရတာပါဆိုတဲ့ ကောလဟလ​တွေလည်း​ပေါ်ထွက်လာပါတယ်။

မြန်မာနိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းအချို့မှာလည်း NUGအစိုးရရဲ့ အတိုးမဲ့​ငွေတိုက်စာချုပ်တွေကို အလ.ုအယ.က်ဝယ်ယူနေကြတဲ့အတွက် DBS နဲ့ POSBအွန်လိုင်းဝန်ဆောင်မှု့တွေ အခက်တွေ့ရတယ်လို့ ဖော်ပြနေကြပါတယ်။သို့ပေမယ့် စင်္ကာပူဘဏ်တွေကတော့ အခြေအမြစ်မရှိတဲ့ သတင်းတွေပါလို့ တုံ့ပြန်လိုက်ပါတယ်။ NUGက​ရောင်းပေးတဲ့ ငွေတိုက်စာချုပ်ဟာ တစ်နေ့တည်းမှာတင် အမေရိကန်ဒေါ်လာ ၉သန်းကျော်ဖိုး ရောင်းခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြထားတာပါ။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀နဲ့ ၁၀၀၀တန်ရှိတဲ့ ငွေတိုက်စာချုပ်တွေဟာ ဝယ်ယူသူတွေအတွက် အတိုးမရနိုင်ပေမယ့်၊ အရင်ဆုံး ၃နာရီအတွင်းမှာ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ဖိုး ရောင်းခဲ့ရပါတယ်။ NUGရဲ့ အဓိကပစ်မှတ်က ၁ ဘီလီယံဖိုး ရောင်းဖို့ရှိပြီး ၊​ဖေဖော်ဝါရီမှာ အာ.ဏာသ.်မ်းခဲ့တဲ့ မြန်မာစစ်တပ်ကို ဖြ.ုတ်ချဖို့အတွက် ပြည်သူတွေကအားပေးခဲ့ကြတာပါ အချိန်တိုအတွင်းမှာ စင်္ကာပူဘဏ်တွေရဲ့ Pay Nowကနေ ငွေပေးချေမှု​တွေ တရစပ်ဖြစ်ပွားခဲ့တယ်လို့ Pay Nowအသုံးပြုသူတစ်ဦးက The Straits Timeသတင်းဌာနကို​ပြောကြားခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်တစ်စုစာအတွင်းမှာ ဆို.းရွာ.းတဲ့ဖြစ်ရပ်တစ်ခု ဖြစ်တဲ့အတွက် သုံးစွဲသူတွေ အလွယ်တကူ အဆင်ပြေအောင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု့တွေကိုအကောင်းဆုံး မြှင့်တင်သွားမယ်လို့ စင်္ကာပူငွေကြေးအာဏာပိုင်းအဖွဲ့(MAS)က ပြောကြားထားပါတယ်

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

သုံးစွဲသူတွေအတွက် ဆာဗာချို့ယွင်းမှု လေးနာရီထက်မကြာစေဖို့ MASက အာမခံထားပါတယ်။ မြန်မာနိုင်ငံက NUGအစိုးရရဲ့ ငွေတိုက်စာချုပ်​ရောင်းချခြင်းကြောင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံနဲ့ ဟောင်ကောင်က DBS ဘဏ်တွေမှာ အလားတူဖြစ်ရပ်မျိုးတွေ မရှိခဲ့တဲ့အတွက်​ငွေတိုက်စာချုပ်ကြောင့် အွန်လိုင်းဝန်ဆောင်မှု ခက်ခဲခဲ့ရတယ်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ DBSဘဏ်မန်နေဂျာက ငြင်းဆိုထားတာပါ ဆိုရရင် ……..၊ ဖေဖော်ဝါရီမှာ အာ.ဏာသိ.မ်းခဲ့တဲ့ မြန်မာစစ်တပ်ကို မြန်မာပြည်သူတွေ တော်လှ.န်နေတဲ့အချိန်မှာ

နိုင်ငံတကာရဲ့ကူညီပံ့ပိုး ၊အားပေးမှု့ကလည်း အားရစရာကောင်းလှပါတယ်။ ပိုပြီး အဆင်ပြေအောင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို အကောင်းဆုံး မြှင့်တင်သွားမယ်လို့ စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့ရဲ့​ပြောကြားချက်ဟာ တားမြစ်ဖို့ ဆန္ဒမရှိပဲ အကောင်းဆုံးကူညီသွားမယ်လို့ ပြောလိုက်သလိုပါပဲ ။ဘကြီးအောင် LA ​လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published.