


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့


ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ခရက္ဒစ္

unicode

ခုလိုခက်ခဲနေကြတဲ့အချိန်မှာ ခက်ခဲနေသူများ စားဝတ်နေရေးအဆင်ပြေနိုင်စေဖို့ ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်များ၊ ဈေးတန်းများ

ပေါ်ထွက်လာနေသလို ခုဆိုရင် ငါးတစ်ကောင်ကို ငွေတစ်ထောင်ကျပ်ဖြင့် ရောင်းချပေးသွားမယ့် ဈေးတန်းလေးလည်း ထွက်ပေါ်လာနေပါပြီ။ ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ငါးတစ်ကောင်ကို ငွေတစ်ထောင်ကျပ်ဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါတယ်။

ရောင်းချပေးသည့်နေရာကတော့(၁၁)ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်း 11Mart အနီး (ဖူးသစ်ဝေ)ကုန်စုံဆိုင်ရှေ့မှာ မနက် (၇:၀၀) နာရီမှ စတင်၍ ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။ ခုလို ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်များ၊၅၀၀ ကျပ်တန်ဈေးတန်းများ၊ ငါးတစ်ကောင် တစ်ထောင်ကျပ်နဲ့ ရောင်းချပေးနေတဲ့ နေရာတွေလိုမျိုး များများပေါ်ပေါက်လာခြင်းကစားဝတ်နေရေးခက်ခဲနေသူတွေအတွက် တနေ့တာဝမ်းရေးကို ဖြေရှင်းပေးနေတဲ့နေရာတစ်ခုဖြစ်လို့လာနေပါပြီ။

ခရက်ဒစ်

Add a Comment

Your email address will not be published.