ျပည္သူေတြ ကို စိတ္ဓာတ္က်ဆင္းေစဖို႔နဲ႔ ႏိုင္ငံတကာ ကို လွည့္စားဖို႔အတြက္သာ ျဖစ္တယ္လို႔

အတိုင္ပင္ခံရဲ႕အမႈ အမိန္႔ခ်မယ့္ရက္ကို ေ႐ႊ႕ဆိုင္းတာဟာ ျပည္သူေတြကို စိတ္ဓာတ္က်ဆင္းေစဖို႔နဲ႔ ႏိုင္ငံတကာကို လွည့္စားဖို႔အတြက္သာ ျဖစ္တယ္လို႔ေဒါက္တာဆာဆာေျပာ ရန္ကုန္၊ ဒီဇင္ဘာ ၂SAC က ႏိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကို တရားစြဲဆိုထားတဲ့ အမႈေတြထဲက ပုဒ္မ ၅၀၅- ခအမႈကို ႏိုဝင္ဘာ ၃၀ ရက္က အမိန္႔ခ်မယ္လို႔ ေၾကညာထားၿပီး ဒီဇင္ဘာ ၆ ရက္ေန႔ကို ေ႐ႊ႕ဆိုင္းလိုက္တာဟာ ျမန္မာျပည္သူေတြကို စိတ္ဓာတ္က်ဆင္းေစဖို႔နဲ႔ ႏိုင္ငံတကာကို လွည့္စားဖို႔အတြက္သာ ျဖစ္တယ္လို႔ ေဒါက္တာဆာဆာက ႏိုဝင္ဘာ ၃၀ ရက္ေန႔စြဲနဲ႔ ဒီကေန႔မွာ ထုတ္ျပန္လာပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

အခုလိုအခ်ိန္ဆြဲေနတာဟာ ျမန္မာႏိုင္ငံမွာ တရားမွ်တတဲ့ လုပ္ငန္းစဥ္႐ွိေၾကာင္း ႏိုင္ငံတကာကို လွည့္စားဖို႔ ႀကိဳးစားတဲ့ SAC ရဲ႕ လုပ္ရပ္သာျဖစ္တယ္လို႔ ေဒါက္တာဆာဆာရဲ႕ထုတ္ျပန္ခ်က္ထဲမွာ ပါ႐ွိပါတယ္။SAC အာဏာရယူတဲ့ ၁၀ လတာ ကာလအတြင္း အေမရိကန္ သတင္းေထာက္ကို ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ခဲ့ၿပီး ရက္အနည္းငယ္အၾကာမွာ ျပန္လႊတ္ေပးျခင္း၊ ကရင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္ကို ေထာင္ဒဏ္ ၇၅ ႏွစ္ ခ်မွတ္ျခင္းနဲ႔ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳကို ေထာင္ဒဏ္ ၉၀ ႏွစ္ခ်မွတ္ခဲ့ျခင္းစတဲ့ တရားမဲ့စီရင္ျခင္းေတြ ျပဳလုပ္ခဲ့တာေၾကာင့္ အခုလို ႏိုင္ငံေတာ္အတိုင္ပင္ခံကို တရား

စီရင္မႈျပဳလုပ္ရာမွာလည္း တရားမွ်တမႈမ႐ွိမွာ အေသအခ်ာပင္ျဖစ္ေၾကာင္း ဆိုပါတယ္။ ေဒါက္တာဆာဆာက SAC ကို အေရးယူဒဏ္ခတ္မႈေတြကိုျပဳလုပ္ေပးဖို႔၊ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အေရးယူေပးဖို႔နဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အသိအမွတ္ျပဳေပးဖို႔စတဲ့ အခ်က္ေတြကိုႏိုင္ငံတကာကို ေတာင္းဆိုလိုက္ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

unicode

အတိုင်ပင်ခံရဲ့အမှု အမိန့်ချမယ့်ရက်ကို ရွှေ့ဆိုင်းတာဟာ ပြည်သူတွေကို စိတ်ဓာတ်ကျဆင်းစေဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့အတွက်သာ ဖြစ်တယ်လို့ဒေါက်တာဆာဆာပြော ရန်ကုန်၊ ဒီဇင်ဘာ ၂SAC က နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ အမှုတွေထဲက ပုဒ်မ ၅၀၅- ခအမှုကို နိုဝင်ဘာ ၃၀ ရက်က အမိန့်ချမယ်လို့ ကြေညာထားပြီး ဒီဇင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တာဟာ မြန်မာပြည်သူတွေကို စိတ်ဓာတ်ကျဆင်းစေဖို့နဲ့ နိုင်ငံတကာကို လှည့်စားဖို့အတွက်သာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက နိုဝင်ဘာ ၃၀ ရက်နေ့စွဲနဲ့ ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

အခုလိုအချိန်ဆွဲနေတာဟာ မြန်မာနိုင်ငံမှာ တရားမျှတတဲ့ လုပ်ငန်းစဉ်ရှိကြောင်း နိုင်ငံတကာကို လှည့်စားဖို့ ကြိုးစားတဲ့ SAC ရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဒေါက်တာဆာဆာရဲ့ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။SAC အာဏာရယူတဲ့ ၁၀ လတာ ကာလအတွင်း အမေရိကန် သတင်းထောက်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ပြန်လွှတ်ပေးခြင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ထောင်ဒဏ် ၇၅ နှစ် ချမှတ်ခြင်းနဲ့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကို ထောင်ဒဏ် ၉၀ နှစ်ချမှတ်ခဲ့ခြင်းစတဲ့ တရားမဲ့စီရင်ခြင်းတွေ ပြုလုပ်ခဲ့တာကြောင့် အခုလို နိုင်ငံတော်အတိုင်ပင်ခံကို တရား

စီရင်မှုပြုလုပ်ရာမှာလည်း တရားမျှတမှုမရှိမှာ အသေအချာပင်ဖြစ်ကြောင်း ဆိုပါတယ်။ ဒေါက်တာဆာဆာက SAC ကို အရေးယူဒဏ်ခတ်မှုတွေကိုပြုလုပ်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူပေးဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုပေးဖို့စတဲ့ အချက်တွေကိုနိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။

Add a Comment

Your email address will not be published.