တာဝါတိုင္ ၃၆၁ တိုင္ ဖ်က္ဆီး ခံ ခဲ့ရေၾကာင္း စစ္ေကာင္စီ ထုတ္ျပန္

စစ္အာဏာသိမ္းခဲ့သည့္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ေနာက္ ပိုင္း ႏိုဝင္ဘာလ ၃၀ ရက္ေန႔ထိ ၁၀ လအတြင္း စစ္အုပ္စုပိုင္ မိုင္တဲလ္ တာဝါတိုင္မ်ား အပါအဝင္ ဆက္သြယ္ေရးတာဝါတိုင္ ၄၀၉ ခု ဖ်က္ဆီးခံခဲ့ရေၾကာင္း ဒီဇင္ဘာလ ၁ ရက္ေန႔က စစ္ေကာင္စီထုတ္ျပန္သည့္စာရင္းဇယားမ်ားအရသိရသည္။

ျမန္မာႏိုင္ငံတဝန္း ဖ်က္ဆီးခံရသည့္ ဆက္သြယ္ေရးတာဝါတိုင္မ်ားတြင္ စစ္အုပ္စုပိုင္မိုင္တဲလ္တာဝါတိုင္အမ်ားဆုံးျဖစ္ၿပီး ၃၆၁ ခုပါဝင္ကာ အျခားဆက္သြယ္ေရးေအာ္ ပေရတာမ်ားျဖစ္သည့္ အမ္ပီတီ၊ေအာ္ရီဒူးႏွင့္တယ္လီေနာ္တာဝါတိုင္မ်ားလည္းပါဝင္ေၾကာင္း ေဖာ္ျပထား သည္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စစ္အုပ္စုပိုင္မိုင္တဲလ္တာဝါတိုင္မ်ားဖ်က္ဆီးခံရ မႈတြင္ စစ္ကိုင္းတိုင္းအတြင္းအမ်ားဆုံးျဖစ္ၿပီး အဆိုပါ ၁၀ လတာကာလအတြင္း ၁၇၁ တိုင္ထိ ဖ်က္ဆီးခံခဲ့ရေၾကာင္း သိရသည္။ျမန္မာႏိုင္ငံတဝန္း ေဒသအလိုက္ဖြဲ႕စည္းထားသည့္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕- PDF မ်ား အေန ျဖင့္ စစ္အုပ္စုေထာက္တိုင္စီးပြားေရး လုပ္ငန္းျဖစ္သည့္ မိုင္တဲလ္ဆက္သြယ္ေရးတာဝါတိုင္ မ်ားအား ပစ္မွတ္ထားဖ်က္ဆီး၍ စစ္အုပ္စု ဝင္ေငြနည္းပါးရန္ေဆာင္႐ြက္လ်က္ ႐ွိသည္။

စစ္ကိုင္းတိုင္းအတြင္း PDF တပ္ဖြဲ႕ဝင္အခ်ိဳ႕က မိုင္တဲလ္တာဝါတိုင္မ်ားဖ်က္ဆီးၿပီးေနာက္ ရ႐ွိ လာသည့္ သံထည္ပစၥည္းမ်ားျဖင့္ အေဝးပစ္ လက္နက္မ်ားျပန္လည္ျပဳလုပ္ အသုံးျပဳႏိုင္ေန ၿပီျဖစ္ေၾကာင္း သိရသည္။

unicode

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့နောက် ပိုင်း နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ၁၀ လအတွင်း စစ်အုပ်စုပိုင် မိုင်တဲလ် တာဝါတိုင်များ အပါအဝင် ဆက်သွယ်ရေးတာဝါတိုင် ၄၀၉ ခု ဖျက်ဆီးခံခဲ့ရကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီထုတ်ပြန်သည့်စာရင်းဇယားများအရသိရသည်။

မြန်မာနိုင်ငံတဝန်း ဖျက်ဆီးခံရသည့် ဆက်သွယ်ရေးတာဝါတိုင်များတွင် စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင်အများဆုံးဖြစ်ပြီး ၃၆၁ ခုပါဝင်ကာ အခြားဆက်သွယ်ရေးအော် ပရေတာများဖြစ်သည့် အမ်ပီတီ၊အော်ရီဒူးနှင့်တယ်လီနော်တာဝါတိုင်များလည်းပါဝင်ကြောင်း ဖော်ပြထား သည်။

စစ်အုပ်စုပိုင်မိုင်တဲလ်တာဝါတိုင်များဖျက်ဆီးခံရ မှုတွင် စစ်ကိုင်းတိုင်းအတွင်းအများဆုံးဖြစ်ပြီး အဆိုပါ ၁၀ လတာကာလအတွင်း ၁၇၁ တိုင်ထိ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။မြန်မာနိုင်ငံတဝန်း ဒေသအလိုက်ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF များ အနေ ဖြင့် စစ်အုပ်စုထောက်တိုင်စီးပွားရေး လုပ်ငန်းဖြစ်သည့် မိုင်တဲလ်ဆက်သွယ်ရေးတာဝါတိုင် များအား ပစ်မှတ်ထားဖျက်ဆီး၍ စစ်အုပ်စု ဝင်ငွေနည်းပါးရန်ဆောင်ရွက်လျက် ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း PDF တပ်ဖွဲ့ဝင်အချို့က မိုင်တဲလ်တာဝါတိုင်များဖျက်ဆီးပြီးနောက် ရရှိ လာသည့် သံထည်ပစ္စည်းများဖြင့် အဝေးပစ် လက်နက်များပြန်လည်ပြုလုပ် အသုံးပြုနိုင်နေ ပြီဖြစ်ကြောင်း သိရသည်။

Add a Comment

Your email address will not be published.