လမ္းေပ်ာ္ကေလးမ်ားအား အသက္ေမြးပညာရပ္မ်ား သင္ၾကားႏိုင္ရန္ ေဆာင္႐ြက္မည္ ဟု စစ္ေကာင္စီလက္ေအာက္ခံ ေဒၚသက္သက္ခိုင္မွ ေျပာၾကား

သက္ဆိုင္ရာဝန္ႀကီးဌာနေတြနဲ႔ခ်ိတ္ဆက္ ေဆာင္႐ြက္ေပးသြားမွာျဖစ္တယ္လို႔ သိ႐ွိရပါတယ္။ “လမ္းေပၚေန ကေလးေတြအတြက္ေဆာင္႐ြက္ရာမွာ အဓိကကေတာ့ ကေလးေတြ ေက်ာင္းတက္ႏိုင္ေရးျဖစ္ပါတယ္။ ဒါေပမဲ့ အမ်ိဳးမ်ိဳးေၾကာင့္ ပညာဆက္လက္ သင္ၾကားႏိုင္ျခင္း မ႐ွိပါကသက္ေမြးပညာေတြ သင္ၾကားေပးႏိုင္ေရးနဲ႔ က်န္းမာေရးေစာင့္ေ႐ွာက္မႈေတြရ႐ွိေရးတို႔အတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ခ်ိတ္ဆက္ ေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လမ္းေပၚေန ကေလးေတြျဖစ္ရတာေၾကာင့္ သူတို႔ရဲ႕အခက္အခဲေတြကို ခြဲျခမ္းစိတ္ျဖာႏိုင္မွသာ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

လက္ေတြ႕က်စြာ ေဆာင္႐ြက္ ႏိုင္မွာျဖစ္ပါတယ္” လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္က ေျပာၾကားပါတယ္။ လမ္းေပၚေနကေလးေတြ ပညာသင္ၾကားႏိုင္ေရးအတြက္ ေစတနာ့ဝန္ထမ္း (Volunteer) မ်ားအားစနစ္တ က်သင္ၾကားေလ့က်င့္ၿပီး ေထာက္ပံ့မႈအစီအစဥ္မ်ားကို ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း၊ ေက်ာင္းပညာ ဆက္ လက္သင္ၾကားႏိုင္မယ့္ ကေလးသူငယ္မ်ားအတြက္ လူမႈကာကြယ္ ေစာင့္ေ႐ွာက္ေရးအစီအစဥ္ Conditional Cash Transfer Program ျဖင့္ ေထာက္ပံ့ေပးမွာျဖစ္ပါတယ္။

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ဒါအျပင္ ေက်ာင္းျပင္ပပညာဆက္လက္သင္ၾကားႏိုင္မယ့္ ကေလးေတြအတြက္ Mobile Schools အစီအစဥ္မ်ားေဆာင္႐ြက္ၿပီး တိုင္းေဒသႀကီး၊ ျပည္နယ္ေတြမွာ စီမံခ်က္နယ္ေျမေတြ တိုးခ်ဲ႕ႏိုင္ေရး ဆက္လက္ေဆာင္ ႐ြက္မည္ ျဖစ္ေၾကာင္း သိရပါတယ္။လမ္းေပၚေနကေလးမ်ား ပညာဆက္လက္သင္ၾကားႏိုင္ေရး စီမံခ်က္အတြက္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ပ်ဥ္းမနားၿမိဳ႕ အပါ အဝင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း႐ွိ လိႈင္ၿမိဳ႕နယ္၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ မဂၤလာေတာင္ၫြန္႔ ၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္တို႔ႏွင့္မႏၲေလးတိုင္းေဒသႀကီးအတြင္း႐ွိ မဟာေအာင္ေျမၿမိဳ႕နယ္၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တို႔ကို ကနဦးစီမံခ်က္နယ္ေျမမ်ားအျဖစ္လ်ာထားသတ္မွတ္ထားၿပီးျဖစ္ေၾကာင္း သိ႐ွိရပါတယ္။

ခရက္ဒစ္

unicode

သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ “လမ်းပေါ်နေ ကလေးတွေအတွက်ဆောင်ရွက်ရာမှာ အဓိကကတော့ ကလေးတွေ ကျောင်းတက်နိုင်ရေးဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးမျိုးကြောင့် ပညာဆက်လက် သင်ကြားနိုင်ခြင်း မရှိပါကသက်မွေးပညာတွေ သင်ကြားပေးနိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ချိတ်ဆက် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်နေ ကလေးတွေဖြစ်ရတာကြောင့် သူတို့ရဲ့အခက်အခဲတွေကို ခွဲခြမ်းစိတ်ဖြာနိုင်မှသာ

လက်တွေ့ကျစွာ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်” လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားပါတယ်။ လမ်းပေါ်နေကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် စေတနာ့ဝန်ထမ်း (Volunteer) များအားစနစ်တ ကျသင်ကြားလေ့ကျင့်ပြီး ထောက်ပံ့မှုအစီအစဉ်များကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကျောင်းပညာ ဆက် လက်သင်ကြားနိုင်မယ့် ကလေးသူငယ်များအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးအစီအစဉ် Conditional Cash Transfer Program ဖြင့် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ဒါအပြင် ကျောင်းပြင်ပပညာဆက်လက်သင်ကြားနိုင်မယ့် ကလေးတွေအတွက် Mobile Schools အစီအစဉ်များဆောင်ရွက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ စီမံချက်နယ်မြေတွေ တိုးချဲ့နိုင်ရေး ဆက်လက်ဆောင် ရွက်မည် ဖြစ်ကြောင်း သိရပါတယ်။လမ်းပေါ်နေကလေးများ ပညာဆက်လက်သင်ကြားနိုင်ရေး စီမံချက်အတွက် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ အပါ အဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ် တို့ကို ကနဦးစီမံချက်နယ်မြေများအဖြစ်လျာထားသတ်မှတ်ထားပြီးဖြစ်ကြောင်း သိရှိရပါတယ်။

ခရက်ဒစ်

Add a Comment

Your email address will not be published.