နာမည်ကြီးနေ တဲ့ မိုးကောင်း မှ ကျောက်စိမ်းတောင် အကြောင်း

နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း ဒီနေ့ ကျောက်စိမ်း တောင်ကို သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိ စ္စနဲ့ ရောက်ဖြစ် သွားတာပ့။ ကျောက်စိမ်း ထွ က်တဲ့ တောင်က ကျောက်မီးတောင်လို့ ခေါ်ပါတ ယ် မိုးကောင်းမြို့နယ် အင်းကြင်းကုန်း

ကျေးရွာချောင်းဝ(အင်းတော်ကြီး)အနောက် ဘက်သွားတဲ့ လမ်းကနေ့ ၆ မိုင် ခရီးကို တောင်တက်၊ တောင်ဆင်းခပ်ကြမ်းကြမ်း ဆိုင်ကယ် စီးရပါမယ် တစ်ချို့နေရာ အဆင်းဇောက် သလို့ အတက်မတ်ပါ တယ်၊၎င်းကျောက်သည် ကညင်မြိုင် ကျေးရွာမှာ မဟုတ်ပါဘူး၊ ကညင်မြိုင်မှ တောင်ဘက် သို့ ပြည်ထောင်စု လမ်းမအတိုင်း သွားရပါတယ်၊ပြီးမှ ပင်ဘော အနီးက အင်းကြင်းကုန်း ကျေးရွာ ကိုရောက်ရင် ချောင်းဝဘက် လမ်းကနေ သွားရခြင်းပါ။အင်းကြင်းကုန်မှ ၆ မိုင်လောက်ခရီးနှင့်ပြီးမှ ဇလွန်ကွင်း ရောက်ရင် လမ်းဘယ်ဘက်မှ အခင်းတဲ များတွေ့ရင် ဦးအောင်ခိုင် + မခင်ချိုဦး တဲကိုမေးပြီး ခရီးဆက် နိုင်ပါသည်။ တောင်တက်ဖို့ တစ်နာရီနီးပါး အချိန် ပေးရပါမ ယ် တောင်ပေါ်မှ

ဆယ်လီ သတင်းထူးများ ဖတ်ဖို့ Telegram မှာ Join ထားစို့

ာ သဘာဝ ဓါတ်ငွေ့ ထွက်ရှိနေသောကြောင့် ဆေးလိပ်မီး လျှောက်မပစ်ဖို့ ပြောပါရစေ၊ ကျောက်စိမ်းတုံးကို မတွေ့ရခင် သဘာဝ ဓါတ်ငွေ့ မြေကြီးထဲမှာထွက်နေတာကို တွေ့ရပါလိမ့်မယ်နော်။၊သဘာဝ ဓါတ်ငွေ့ထွက်တဲ့ နေရာရဲ့ ဘယ်ဘက် အောက်ဆင်းရင် ကျောက်မဏ္ဍပ် ခေါ်ကျောက်စိမ်း တောင်ကို တွေ့ရမှာပါနော်။ကာလာ အနေအထားက ကျောက်စိမ်းနဲ့ အတော်တူပါတယ်၊သို့ပေသည် ကျောက်စိမ်း အနွယ်ဝင် မဟုတ်ပါ။ ကျောက်စိမ်းမှ ပထော့၊ပလွမ့် အဆင့် ကိုတောင် မမီပါ၊အဓိကထွက်နေတာက သဘာဝ ဓါတ်ငွေ့ပါ တစ်တောင်လုံး နေရာ တော်တော် များများမှာ ထွက်နေတာပါ။တာဝန်ရှိသူများ အမြန်ဆုံး ထိန်း

သိမ်းကာကွယ်ဖို့လဲ ပြောကြား လို့ပါတယ်။တစ်စိမ့်စိမ့်ကို ထွက်နေလို့ပါ။ဒါကြောင့် ကျောက်မီး တောင်ဟု ခေါ်ပါသည်။ အင်္ဂလိပ် ခေတ်က( ဒုတိယ ကမ္ဘာစစ် ) ကျောက်မဏ္ဍပ် ဘေးက တောင်မှာစစ်စခန်း တည်ဆောက် ထားသော စခန်းကုန်းရှိနေပါတယ်၊ ( ဒေသခံ အပြောရ) သံတို၊ သံစ အ များ အပြားရှိ နေသေးတယ် ပြောပြပါတယ်။ ဒီနေ့ည အိမ်ပြန်ခရီးကည ၉ နာရီ ကျော်ပါတယ်၊ ခုမှ ကျောက်စိမ်း တောင်ကိစ္စ ဖွင့်ချ ပြချင်လို့ရောက်ရောက်ချင်း ရှင်းပြရခြင်း ဖြစ်တယ်။ လို က်ပါ ပို့ဆောင် ပေးသော ဦးစိန်အောင် အင်းကြင်း ကုန် ကျေးရွာဦးစိုးစိုး အုပ်ချုပ်ရေးမှုး အင်းကြင်းကုန် ကျေးရွာတို့အား ကျေးဇူးတင်ရှိပါသည်။ စောမင်းဖြူ

Add a Comment

Your email address will not be published.