ဘဏ္ဝန္ထမ္းအခ်ိဳ႕ မသ မာ မႈ မ်ား ႐ွိေနျခင္းေၾကာင့္ အုပ္ခ်ဳပ္ေရး အဖြဲ႕မ်ား ေစာင့္ၾကည့္ၾကပ္မတ္ ဖို႔ လိုအပ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္ေျပာ

ဘဏ္ဝန္ထမ္းေတြအေနနဲ႔ စည္းကမ္းေဖာက္ဖ်က္မႈ၊ မ.သမ.ာမႈေတြ႐ွိေနတာကို သိရေၾကာင္းနဲ႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြအေနနဲ႔ ေစာင့္ၾကည့္ၾကပ္မတ္ဖို႔ လိုအပ္သလို ဝန္ႀကီးဌာနေတြ၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အစိုးရအဖြဲ႕ေတြကလည္းႏိုင္ငံပိုင္နဲ႔ ပုဂၢလိကဘဏ္ေတြကို မွန္မွန္ကန္ကန္ျဖစ္ေအာင္ ၾကပ္မတ္ေပးရမယ္လို႔ အာ.ဏာသိ.မ္း စစ္ေခါင္းေဆာင္က ေျပာၾကားလိုက္ပါတယ္။ ဒီဇင္ဘာ ၃ရက္က က်င္းပတဲ့ စစ္ေကာင္စီခန္႔ ဝန္ႀကီးေတြနဲ႔ အစည္းအေဝးပြဲမွာ အာ.ဏာသိ.မ္းစစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္ကေျပာဆိုခဲ့တာျဖစ္ၿပီး ဘဏ္ဝန္ထမ္းေတြ ဘယ္လို စည္းကမ္းေဖာက္ဖ်က္ၿပီး ဘယ္လို မ.သမ.ာမႈေတြ႐ွိေနတာကိုေတာ့ အေသးစိတ္ေျပာဆိုခဲ့တာ မ႐ွိပါဘူး။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ႐ွိတဲ့ ၿမိဳ႕ေတြအားလုံးကိုလည္း Green City၊ Clean Cityျဖစ္ေစေအာင္ေဆာင္႐ြက္သြားဖို႔၊ ျပည္သူေတြအတြက္ ပတ္ဝန္းက်င္ေကာင္းေတြျဖစ္ေအာင္ ဖန္တီးေပးဖို႔၊ ၿမိဳ႕ျပေတြ စနစ္တက်႐ွိေစေရး၊ လမ္းေတြစနစ္တက်႐ွိေစေရး၊ ေရေပးေဝေတြ စနစ္တက်ျဖစ္ေစေရး တို႔ကို အေလးထား ေဆာင္႐ြက္သြားဖို႔လည္း တိုက္တြန္းပါတယ္။Public Transportation လုပ္ငန္းေတြဟာ ဘက္ေပါင္းစုံမွ တိုးတက္ေအာင္ ေဆာင္႐ြက္ေပးေနၿပီး စက္သုံးဆီေတြေလွ်ာ့ခ်ႏိုင္ေရး၊ လွ်ပ္စစ္ဓာတ္အား အသုံးျပဳသြားလာႏိုင္ေရး ေဆာင္႐ြက္ဖို႔လိုအပ္ေနလို လွ်ပ္စစ္ဓာတ္အားလုံေလာက္စြာရ႐ွိေစေရးေဆာင္႐ြက္ဖို႔လည္းတိုက္တြန္းပါတယ္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြ႐ွိ တရား႐ုံးေတြနဲ႔ ရဲစခန္းေတြမွာ အ.မႈကိစၥ ဖ.မ္းဆီ.းရမိတဲ့ ေမာ္ေတာ္ယာဥ္နဲ႔၊ ေမာ္ေတာ္ဆိုင္ကယ္ေတြမ်ားစြာဟာ အ.မႈကိစၥမၿပီးျပတ္ေသးလို႔ ကာလ႐ွည္ၾကာစြာရာသီဥတုဒဏ္ေၾကာင့္ပ်.က္စီးဆုံ.း႐ႈံးေနတာေၾကာင့္ အ.မႈကိစၥေတြ အျမန္ၿပီးျပတ္ေအာင္ ေဆာင္႐ြက္ၿပီး လိုအပ္တဲ့ေနရာေတြမွာ ထိေရာက္အက်ိဳး႐ွိစြာအသုံးခ်ႏိုင္ေအာင္ ေဆာင္႐ြက္ဖို႔လည္း စစ္ေခါင္းေဆာင္ကေျပာပါတယ္။

ေလးစားစြာျဖင့္ ခရက္ဒစ္

unicode

ဘဏ်ဝန်ထမ်းတွေအနေနဲ့ စည်းကမ်းဖောက်ဖျက်မှု၊ မ.သမ.ာမှုတွေရှိနေတာကို သိရကြောင်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စောင့်ကြည့်ကြပ်မတ်ဖို့ လိုအပ်သလို ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေကလည်းနိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်တွေကို မှန်မှန်ကန်ကန်ဖြစ်အောင် ကြပ်မတ်ပေးရမယ်လို့ အာ.ဏာသိ.မ်း စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၃ရက်က ကျင်းပတဲ့ စစ်ကောင်စီခန့် ဝန်ကြီးတွေနဲ့ အစည်းအဝေးပွဲမှာ အာ.ဏာသိ.မ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပြီး ဘဏ်ဝန်ထမ်းတွေ ဘယ်လို စည်းကမ်းဖောက်ဖျက်ပြီး ဘယ်လို မ.သမ.ာမှုတွေရှိနေတာကိုတော့ အသေးစိတ်ပြောဆိုခဲ့တာ မရှိပါဘူး။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ မြို့တွေအားလုံးကိုလည်း Green City၊ Clean Cityဖြစ်စေအောင်ဆောင်ရွက်သွားဖို့၊ ပြည်သူတွေအတွက် ပတ်ဝန်းကျင်ကောင်းတွေဖြစ်အောင် ဖန်တီးပေးဖို့၊ မြို့ပြတွေ စနစ်တကျရှိစေရေး၊ လမ်းတွေစနစ်တကျရှိစေရေး၊ ရေပေးဝေတွေ စနစ်တကျဖြစ်စေရေး တို့ကို အလေးထား ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းပါတယ်။Public Transportation လုပ်ငန်းတွေဟာ ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်ပေးနေပြီး စက်သုံးဆီတွေလျှော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အား အသုံးပြုသွားလာနိုင်ရေး ဆောင်ရွက်ဖို့လိုအပ်နေလို လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိစေရေးဆောင်ရွက်ဖို့လည်းတိုက်တွန်းပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ တရားရုံးတွေနဲ့ ရဲစခန်းတွေမှာ အ.မှုကိစ္စ ဖ.မ်းဆီ.းရမိတဲ့ မော်တော်ယာဉ်နဲ့၊ မော်တော်ဆိုင်ကယ်တွေများစွာဟာ အ.မှုကိစ္စမပြီးပြတ်သေးလို့ ကာလရှည်ကြာစွာရာသီဥတုဒဏ်ကြောင့်ပျ.က်စီးဆုံ.းရှုံးနေတာကြောင့် အ.မှုကိစ္စတွေ အမြန်ပြီးပြတ်အောင် ဆောင်ရွက်ပြီး လိုအပ်တဲ့နေရာတွေမှာ ထိရောက်အကျိုးရှိစွာအသုံးချနိုင်အောင် ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်ကပြောပါတယ်။

လေးစားစွာဖြင့် ခရက်ဒစ်

Add a Comment

Your email address will not be published. Required fields are marked *